ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 6, 2011

ဖတ်မိ ဖတ်ရာ ...ကာတွန်း ဦးဟိန်စွန်း ၊ တက္ကသိုလ်မှ ကာတွန်း သင်ခန်းစာ တပုဒ်။

>
၁၉၂၈ ခုနှစ်က ကျွန်တော်သည် ယူနီဗာစီတီ ကောလိပ် ကျောင်းသားဘ၀၌ရှိစဉ် ကောလိပ်မဂ္ဂဇင်းအတွက် ကျွန်တော် အကျိုးဆောင်လုပ်ရ၏။ ကောလိပ်မဂ္ဂဇင်းတွင်ထည့်ရန် ကာတွန်းတစ်ခုကို ကျွန်တော့် ဆရာဖြစ်သူ ကောလိပ်ကျောင်းထွက် နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဘကလေးခေါ် ရွှေတလေးကြီးကို ဆွဲခိုင်း၏။ ဦးဘကလေးကလည်း ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ကာတွန်းတစ်ခုကို ဆွဲပေး၏။ ရွှေတလေး၏ ကာတွန်းကို ကျွန်တော်ကလည်း သဘောကျသဖြင့် ၁၉၂၈ ခုနှစ် ဒီဇင်ဘာလထုတ် ယူနီဗာစီတီ ကောလိပ်မဂ္ဂဇင်းတွင် ထည့်လိုက်သည်။

ကျွန်တော် သဘောကျ၍ ထည့်လိုက်သော ရွှေတလေး၏ ကိုယ်ဝန်ဆောင်ကာတွန်းကို ကောလိပ် ကျောင်းသား ကျောင်းသူများက သဘောကျပြီး ရယ်မောကြသော်လည်း ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်ကြီး မစ္စတာ စလော့ (Mr. Sloss) က သဘောမကျသဖြင့် ကျွန်တော့်ကို ခေါ်ယူပြီး ဆုံးမ၏။ “မင်းတို့ အရှေ့နိုင်ငံက ကိုယ်ဝန်ဆောင် ကာတွန်းကို သဘောကျပေမဲ့ ငါတို့ အနောက်နိုင်ငံသား တွေကတော့ သဘောမကျ ကြဘူး။ ကိုယ်ဝန်ဆောင်ကို သနားရတယ်။ ကြင်နာရတယ်။ ပြက်ရယ်မပြုရဘူး။ ကာတွန်းမဆွဲရဘူး။ နောက်နောင် ကိုယ်ဝန်ဆောင် ကာတွန်းကို ကောလိပ် မဂ္ဂဇင်းမှာ မထည့်ဖို့ တောင်းပန်ပါတယ်“ ဟု ဆို၏။

ထိုအခါကျမှ ကျွန်တော်လည်း အနောက်နိုင်ငံ စာနယ်ဇင်းများတွင် ကိုယ်ဝန်ဆောင် ကာတွန်းမပါမှန်း သိရ ပါတော့သည်။

၁၉၂၈ ခုနှစ် ယူနီဗာစီတီ ကောလိပ် မဂ္ဂဇင်းတွင်ပါသော ရွှေတလေး၏ ကိုယ်ဝန်ဆောင် ကာတွန်း အဓိပ္ပါယ်မှာ ယူနီဗာစီတီ ကောလိပ်ကျောင်းတွင် သားမယား စုံလင်စွာဖြင့် ပညာသင်ကြားနေသူ အိမ်ထောင်သည် ကျောင်းသား အများရှိနေပြီ ဖြစ်သည့်အတိုင်း ယူနီဗာစီတီ ကောလိပ်ကျောင်းတွင် အိမ်ထောင်သည် ကျောင်းသူကလေးများလည်း ကျောင်းသားများနှင့်အတူ သင်ကြားထိုက်သည်ဟု ဆိုလိုပါသည်။

အထက်ပါ ကာတွန်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်သည် ဦးဘကလေးခေါ် ရွှေတလေးထံသို့ သွားရောက်ပြီး ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်ကြီး မစ္စတာ စလော့ ပြောဆိုဆုံးမလိုက်ပုံကို ပြောပြလိုက်သည်။

ထိုအခါကျမှ ကာတွန်း ဦးဘကလေးခေါ် ရွှေတလေးက “ကျောင်းအုပ်ကြီး မစ္စတာ စလော့ ပြောတာမှန်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလိပ် စာနယ်ဇင်းတွေမှာ ကိုယ်ဝန်ဆောင် ကာတွန်းကို ငါ တခါမှ မမြင်ဖူးဘူး။ မစ္စတာ စလော့ ပြောသလို ကိုယ်ဝန်ဆောင်ကို သနားရတယ်၊ ကြင်နာရတယ်ဆိုတာ ဟုတ်တယ်ကွဲ့။ ငါတို့ မြန်မာပြည်မှာ သင်္ကြန်တွင်းမှာ ကိုယ်ဝန်ဆောင် မိန်းမများကို ရေ ပက်ခြင်း မပြုရဘူးလို့ လူကြီးများက တားမြစ်ဆုံးမကြတယ်။ မောင်ဟိန်စွန်း ကျောင်းအုပ်ကြီး မစ္စတာ စလော့ နဲ့ နောက်ထပ်တွေ့တဲ့အခါမှာ ကာတွန်း ရွှေတလေးက ခုလို သတိပေး ဆုံးမတာ ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ“ ဟု ဆိုပါသည်။

ကျွန်တော့်ဆရာ ဦးဘကလေး မှာသည့်အတိုင်း ကျွန်တော်သည် ကျောင်းအုပ်ကြီး မစ္စတာ စလော့ ကို ပြောလိုက်ရာ မစ္စတာ စလော့လည်း ၀မ်းသာသွားပါသည်။

ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသည် ထိုနှစ်မှစ၍ ကိုယ်ဝန်ဆောင် ကာတွန်းဆွဲခြင်းကို ရှောင်ကြဉ်လိုက်ပါသည်။

ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသည် ၁၉၄၅ ခုနှစ် မြန်မာပြည်မှ ဂျပန်များ ဆုတ်ခွာသွားသည့်အချိန်၌ ပုသိမ်ခရိုင် ဒေါင့်ကြီးမြို့ကလေးတွင် ကွယ်လွန်သွားပါသည်။ အကယ်၍သာ ကျွန်တော့်ဆရာ ဦးဘကလေးခေါ် ရွှေတလေးသာ ယနေ့တိုင်ရှိခဲ့ပါလျှင် ယခု မျက်မှောက်ခေတ် အိမ်ထောင်သည် ကောလိပ်ကျောင်းသူ ကိုယ်ဝန်ဆောင်များ ကျောင်းတက်နေပုံကို တွေ့ရပါမည်။ သူဆွဲခဲ့သည့် ကိုယ်ဝန်ဆောင် ကာတွန်းမှာ ယခု မျက်မှောက်ခေတ်ကျမှ မှန်ကန်နေကြောင်းကိုလည်း တွေ့ရမည် ဖြစ်ပါသည်။

**ဟိန်စွန်း**

ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၊ အပိုင်း ၁ ၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၁ ၊ စာ ၄၂၄ - ၄၂၆

http://sawthetlin.blogspot.com/2011/03/blog-post_26.html

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)