ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 14, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
** ရီးရဲမက်ဒရစ်နှင့် ရှော်ကေးတို့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ တက်ပြီ **
၂၀၁၀- ၂၀၁၁ ဘောလုံးရာသီ၏ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ရီးရဲမက်ဒရစ်သည် ပြိုင်ဘက် စပါးအသင်းကိုလည်းကောင်း၊ ရှော်ကေးသည် အင်တာမီလန်အသင်းကိုလည်းကောင်း၊ နိုင်ပွဲအသီးသီးရရှိပြီး အကြိုဗိုလ်လုပွဲအဆင့်ကို တက်သွားပြီဖြစ်သည်။ (အင်တာနက်)

** မန်ယူနှင့် ဘာစီလိုနာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ တက်ပြီ **
(လန်ဒန်၊ ဧပြီလ ၁၃ ရက်)
၂၀၁၀- ၂၀၁၁ ဘောလုံးရာသီ၏ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပထမနေ့ပွဲစဉ်များကို မနေ့က နံနက်ပိုင်းက ကျင်းပခဲ့ရာ မန်ယူနှင့် ဘာစီလိုနာတို့ နိုင်ပွဲအသီးသီးရရှိပြီး အကြိုဗိုလ်လုပွဲအဆင့ို ကို တက်သွားပြီဖြစ်သည်။ (အင်တာနက်)

** မန်ယူအသင်း ဖလားသုံးလုံးလမ်းကြောင်းပေါ်ရောက်လာ ၁၉၉၉ အိပ်မက်ကို ပြန်လည်ရှင်သန်ခွင့်ရ **
(မန်ချက်စတာ၊ ဧပြီလ ၁၃ ရက်)
၂၀၁၀- ၂၀၁၁ ဘောလုံးရာသီကုန်ဆုံးရန် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။ အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ ပြီးဆုံးရန် နောက်ထပ်ခြောက်ပွဲသာလိုတော့သည်။ ထိုအတူ ဥရောပ၏ အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအဆင့်ရောက်ရှိနေပြီဖြစ်သလို အင်္ဂလန်၏ သက်တမ်းရင့်ပြိုင်ပွဲတစ်ခုဖြစ်သည့် အက်ဖ်အေဖလားပြိုင်ပွဲသည်လည်း အကြိုဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် မန်ယူအသင်းမှာ ထိုဖလားသုံးလုံးလမ်းကြောင်းပေါ်သို့ ရောက်လာခဲ့ပြီဖြစ်ခြင်းကြောင့် ဖလားသုံးလုံးတစ်ပြိုင်တည်းရခဲ့သည့် ၁၉၉၉ အိပ်မက်ကို ဖာဂူဆန်အနေဖြင့် ပြန်လည်မက်ခွင့်ရရှိတော့မည်ဖြစ်သည်။ (အင်တာနက်)

** အရှုံးသမား အန်ဆန်လော့တီ ဖလားလက်မဲ့ဖြစ် ရာသီပိတ်သိမ်းပြီ **
(လန်ဒန်၊ ဧပြီလ ၁၃ ရက်)
ချဲလ်ဆီးဆိုသည်မှာ အင်္ဂလန်ပရီးမီးယားလိဂ်၏ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်သည်။ ချဲလ်ဆီးကို ရုရှားသူဌေး အေဗရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်းတွင် ငွေကိုလေလိုသုံးကာ ကစားသမားအင်အား အလုံအလောက်ဖြည့်တင်းခဲ့သည်။ နည်းပြအပေါ် စိတ်တိုင်းမကျမှုများကြောင့်လည်း နည်းပြတစ်ဦးပြီးတစ်ဦး ပြောင်းလဲခဲ့သည်။ သို့သော် အေဗရာမိုဗစ်ချအလိုချင်ဆုံး ဖလားဖြစ်သည့် ချန်ပီယံလိဂ် ဆုဖလားကိုမူ ယခုအချိန်အထိ ရယူနိုင်ခြင်းမရှိသေးဘဲ အခြားဆုဖလားများနှင့်သာ ကျေနပ်ခဲ့ရသည်။ (အင်တာနက်)

** ကိုရီးယားပေါ့ဂီတကို ပြည်ပသို့ထိုးဖောက်ရန် ပူးပေါင်းလာသည့် ကိုရီးယားပေါ့ဂီတ
အဖွဲ့များ **

(ဆိုးလ်၊ ဧပြီလ ၁၃ ရက်)
ကိုရီးယားစူပါစတား ဘေယောင်ဂျွန်း၏ KEYEAST ဖျော်ဖြေရေးအဖွဲ့သည် ၄င်း၏ မိတ်ဖက်ဖျော်ဖြေရေးအဖွဲ့ ငါးဖွဲ့နှင့် ပူးပေါင်း၍ United Asia Management (UAM) ကုမ္ပဏီသစ်ကိုထူထောင်ကာ ကိုရီးယားပေါ့ဂီတကို ပြည်ပသို့ ထိုးဖောက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကိုရီးယားသတင်းစာများက ရေးသားဖော်ပြကြသည်။ (အင်တာနက်)

** ဂျက်စတင်ဘီဘာနှင့် ဆီလီနာဂိုမက်ဇ်တို့နှစ်ဦး ချစ်သူများအဖြစ်ရှိနေဆဲ **
(နယူးယောက်၊ ဧပြီလ ၁၃ ရက်)
** ဂျက်စတင်ဘီဘာနှင့် ဆီလီနာဂိုမက်ဇ်တို့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ပြီဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း၊ ဟောလီးဝုဒ်၏ အထင်ရှားဆုံးစုံတွဲဖြစ်သည့် ၄င်းတို့နှစ်ဦးမှာ ချစ်သူများအဖြစ်ရှိနေဆဲဖြစ်ကြောင်း၊ ဘီဘာ၏ ဆီလီနာအပေါ်ထားရှိသည့် အချစ်များမှာ ပြောင်းလဲမသွားသေးကြောင်း အတင်းအဖျင်းသတင်းစာများက ရေးသားဖော်ပြသည်။ (အင်တာနက်)

** ကိုယ်ပိုင်လွတ်လပ်မှုကို ပြန်တမ်းတနေသည့် ရိဆီဝစ်သာစပွန်း **
(နယူးယောက်၊ ဧပြီလ ၁၃ ရက်)
အော်စကာဆုရှင် မင်းသမီးချော ရိဆီဝစ်သာစပွန်းက မိမိ၏ ကိုယ်ပိုင်လွတ်လပ်မှုဘ၀ ပျောက်ဆုံးနေပြီဟု ခံစားနေရကြောင်း၊ တစ်ခါတစ်ရံတွင် အပြင်ကိုမသွားချင်၍ ကားထဲမှာ ထိုင်ငိုနေရသည်ဟု ဆိုသည်။ ကိုယ့်ဘ၀ကိုယ်မပိုင် ပရိသတ်ကသာပိုင်သောလည်း အနုပညာသည်ဘ၀ကို မည်သည့်အရာနှင့်မျှ လဲမည်မဟုတ်ကြောင်း သူမကဆိုသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)