** အာဖဂန်စစ်ပွဲ၏ အကျိုးဆက်ကြောင့် ပါကစ္စတန်ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ရ **(အစ္စလာမ္မာဘတ်၊ ဧပြီလ ၁၂ ၇က်)
အာဖဂန်စစ်ပွဲကြောင့် ပါကစ္စတန်နိုင်ငံ၏ ပြည်တွင်းရေးမငြိမ်မသက်ဖြစ်ခဲ့ရပြီး ဒီမိုကရေစီစံနှုန်းများ ထိန်းသိမ်းရန် ကြိုမ်းပမ်မှုများလည်း များစွာ ခရီးဖင့်ခဲ့ရကြောင်း ပါကစ္စတန်သမ္မတ အဆစ်ဖ်အလီဇာဒါရီက ဗြိတိန်နိုင်ငံထုတ် ဂါဒီယန်သတင်းစာသို့ ဧပြီလ ၁၀ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)

(President Alexander Lukashenko, (2nd right) visits the Oktyabrskaya metro station in Minsk shortly after the blast. Photograph: Andrei Stasevich/AFP/Getty Images)
** ဆိုဗီယက်ခေတ်နောက်ပိုင်း ပထမဆုံးဖြစ်ပေါ်သော ဗုံးခွဲတိုက်ခိုက်မှုကို ဘီလာရုစ် စုံစမ်းမှုစတင် **
(မင့်စ်၊ ဧပြီလ ၁၂ ရက်)
ဘီလာရုစ်နိုင်ငံ မင့်စ်မြို့တော်ရှိ မြေအောက်ရထားဘူတာရုံတစ်ခုစ်၌ ဧပြီလ ၁၁ ရက်နေ့ ညပိုင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲမှုသည် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါလူကာရှင်ကို၏ သမ္မတရုံးအနီး မြေအောက်ဘူတာရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုကို မကြုံဖူးသောကြောင့် မင့်စ်မြို့တော်တစ်ခုလုံး တုန်လှုပ်ခဲ့ရသည်။ (အင်တာနက်)
** သဘာဝလွန် ယုံကြည်မှုကြောင့် ကိုယ့်မြေးရင်းကို ကိုယ်ပြန်သတ်မိ **
(ပေကျင်း၊ ဧပြီလ ၁၂ ရက်)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်စီပြည်နယ်၌ အမျိုးသမီးတစ်ဦးသည် ၄င်း၏ မြေးရင်း လသားအရွယ်ကလေးတစ်ဦးကို ရေတွင်းထဲသို့ ပစ်ချသတ်ဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်ကို ကိုးကား၍ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** တာလီဘန် အာဏာပါးကွက်သား အာဖဂန် ထောက်လှမ်းရေး ဖမ်းဆီး **
(ကဘူး၊ ဧပြီလ ၁၂ ရက်)
တာလီဘန်အဖွဲ့ ကိုယ်စားအများရှေ့မှောက်၌ ရက်စက်သောနည်းလမ်းများဖြင့် သေဒဏ်ပေးမှုများကို လုပ်ဆောင်ခဲ့သူ တာလီဘန်အာဏာပါးကွက်သားတစ်ဦးကို မိမိထောက်လှမ်းရေးသမားများက ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဖဂန်ထောက်လှမ်းရေး အေဂျင်စီက အင်္ဂါနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** အာဖဂန်စစ်ပွဲ၏ အကျိုးဆက်ကြောင့် ပါကစ္စတန်ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ရ **
(အစ္စလာမ္မာဘတ်၊ ဧပြီလ ၁၂ ၇က်)

No comments:
Post a Comment