ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 15, 2011

ဧပြီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

>

** တရုတ်နိုင်ငံ မြောက်ပိုင်း၌ တောမီးလောင်ကျွမ်း **

(ရှီးကြားကျွမ်း၊ ဧပြီလ ၁၃ ရက်)
တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ်တွင် ဧပြီလ ၁၂ ရက်နေ့ မွန်းတည့်ချိန်က တောမီးလောင်ကျွမ်းခဲ့ကြောင်း၊ ဧပြီလ ၁၃ ရက်နေ့အထိ သစ်တောမြေ ၄၆၆ ဒသမ ၆၆ ဟက်တာမီးလောင်ကျွမ်းခံခဲ့ရကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)

** ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရသော ဆန်ဒိုင်းလေဆိပ် ပြန်လည်ဖွင့်လှစ် **

(ဆန်ဒိုင်း၊ ဧပြီလ ၁၃ ရက်)
ဂျပန်နိုင်ငံ၌ ဆူနာမီရေလှိုင်းဒဏ်အား အပြင်းအထန်ခံထားခဲ့ရသော ဆန်ဒိုင်းမြို့ရှိ လေဆိပ်ကို ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်နေ့က အင်အား ၉ ရှိ မြေငလျင်လှုပ်မှုနှင့်အတူ ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဆန်ဒိုင်းမြို့၌ အမြင့်ပေ ၃၁ ပေရှိသော ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့ရာ လေယာဉ်ပြေးလမ်းများ ပျက်စီးထိခိုက်ခဲ့ရသည်။ ဆူနာမီရေလှိုင်းရိုက်ပုတ်မှုကြောင့် မော်တော်ကားများ၊ လေယာဉ်များနှင့် ခရီးသည် နားနေဆောင်များ ပျက်စီးခဲ့ရသည်။ (အင်တာနက်)

** မြေခဥက္ကာခဲတစ်ခုအတွင်း ဓာတ်သတ္တုသစ် လေ့လာတွေ့ရှိ **
(ဟူစတန်၊ ဧပြီလ ၁၃ ရက်)
၁၉၆၅ ခုနှစ် ဒီဇင်ဘာလက အန္တာတိကတိုက်၌ ရှာဖွေတွေ့ရှိခဲ့သော မြေခဥက္ကာခဲများအနက် ဥက္ကာခဲတစ်ခုအတွင်း ဓာတ်သတ္တုသစ်တစ်မျိုးကို လေ့လာတွေ့ရှိရကြောင်း အမေရိကန်လေကြောင်း အာကာသအေဂျင်စီ(နာဆာ) တောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ သိပ္ပံပညာရှင်များအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)

** မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်နှင့် ဘရာဇီး သဘောတူညီချက်များရရှိ **
(ပေကျင်း၊ ဧပြီလ ၁၃ ရက်)
တရုတ်နှင့် ဘရာဇီးနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်လျက် အစိုးရအဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အများအပြားကို ဧပြီလ ၁၂ ရက်နေ့က ရရှိလိုက်ကြကြောင်း ယနေ့သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** အီရတ်တွင် ဗုံးခွဲတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွား **
(ဘဂ္ဂဒက်၊ ဧပြီလ ၁၃ ရက်)
အီရတ်နိုင်ငံ အလယ်ပိုင်းတွင် ဧပြီလ ၁၂ ရက်နေ့က ဗုံးခွဲတိုက်ခိုက်မှုသုံးကြိမ်ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံး၍ လေးဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဘဂ္ဂဒက်မြို့မြောက်ဘက်ရှိ မန်ဆာရက်ကွက်ရှိ ရာမာဒန်လမ်းမကြီးတွင် ရပ်ထားသော အရပ်သားတစ်ဦး၏ ကားတွင် ဗုံးကပ်ထားပြီးဖောက်ခွဲခဲ့ကြောင်း ဗုံးပေါက်ခွဲမှုကြောင့် ယာဉ်မောင်းသေဆုံး၍ ဖြတ်သန်းသွားလာသူနှစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ သတင်းပေးပို့သည်။ (ဆင်ဟွာ)

** ဂါဇာကမ်းမြောင်ဒေသ ကုန်သွယ်ရေးလမ်းကြောင်း အစ္စရေးနိုင်ငံ ပြည်လည်ဖွင့်လှစ် **
(ဂါဇာ၊ ဧပြီလ ၁၃ ရက်)
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု များ ငြိမ်သက်နေသည့်အလိုက် ဟားမားစ်အုပ်စုထိန်းချုပ်သော ဂါဇာကမ်းမြောင်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းများကို အစ္စရေးနိုင်ငံက ယနေ့ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** နေတိုးတပ်ဖွဲ့နှင့် တာလီဘန်များ တိုက်ခိုက် **
(ကဘူး၊ ဧပြီလ ၁၃ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း၌ အမေရိကန်ဦးဆောင်သော နိုင်ငံခြားတပ်ဖွဲ့ဝင်များနှင့် တာလီဘန် စစ်သွေးကြွတို့ ဧပြီလ ၁၂ ရက်နေ့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ကလေးသုံးဦးသေဆုံးကြောင်း ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)