ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 22, 2011

တောင်ငူသွားတောလား...ပုဆိုးစုတ်နဲ့ မီးရထား...laptop လား ?....computerလား...?

>
ကျနော် နဲ့ သူငယ်ချင်း သုံးယောက် သင်္ကြန်ရက် မှာတောင်ငူ က သူငယ်ချင်းအဒေါ်တွေ ထံ အလည်သွားပြီး ဒီနှစ် သင်္ကြန် ကိုတောင်ငူ မှာ လည်ကြမယ်ဆိုပြီး ရန်ကုန်ကနေ ရထားနဲ့  တောင်ငူကို သွားခဲ့ကြပါတယ် ။ နေ့လည်ရထားစီးရမှာ ဆိုတော့ တော်တော်ပျင်းရိညီးငွေ့ စရာခရီးဖြစ်နေတယ် ။ ဒီလိ...ုနဲ့ ပဲ ရထားထွက်ရော ဆိုပါတော့ဗျာ..။ နေကလဲပူ လယ်ကွင်းတွေ ထဲ က ဖြတ်တိုက်လာတဲ့ လေပူတွေ ၊ ရထားတွဲတွေပေါ်က ထွက်တဲ့ ချဉ်စုတ်စုတ် အနံ့တွေကြောင့်တော်တော် စိတ်ပျက်စရာကောင်းပါတယ် ။ ရန်ကုန် အထွက် ရောက်တော့ ကျနော် နဲ့  အတူပါလာတဲ့ သူငယ်ချင်း နှစ်ယောက် က သူတို့ ရဲ့  ipod လေးတွေ ထုတ်ပြီး တယောက် က ဂိမ်းဆော့ တယောက် ကတော့  သီချင်းနားထောင်ပြီး ပါတ်ဝန်းကျင်ကို အာရုံလွဲပြောင်းလိုက်ပါတယ်.။ ကျနော် မှာ က တော့  laptop ပဲ ပါလာတာမို့  ထုတ်လိုက်ပြီး ကျနော် ကြိုတင်ထည့်လာခဲ့တဲ့ ရုပ်ရှင်ကားတွေ ကြည့်နေလိုက်ပါတယ်.။

ဒီလိုနဲ့ နာရီဝက် လောက်အကြာမှာတော့  ရထားလက်မှတ်စစ်တွေ ကျနော်တို့ တွဲကိုရောက်လာပြီး လက်မှတ်စစ်ရောဆိုပါတော့  ..။ ကျနော် တို့ နားရောက်တော့  လက်မှတ်နဲ့ မှတ်ပုံတင်တောင်းလို့  ပြလိုက်ကြတယ်.. ကျနော် တို့ လက်မှတ်တွေ ကို ရထားလက်မှတ်စစ်တွေက စစ်ပြီး ပေမယ့်လဲ မသွားကြသေးပဲ သူတို့  အချင်းချင်း တွတ်တွတ် နဲ့  စကားတွေပြောပြီးကျနော်နားရောက်လာပြီး " ညီလေး အဲဒီဟာ က တန်ဆာခ ဆောင်ထားလားတဲ့ " ကျနော် က လဲ ရိုးရိုးပဲထင်ပြီး မဆောင်ထားဘူး အကို လို့  ပြန်ပြောလိုက်တယ်..အဲဒါဆိုညီလေး မင်းကွန်ပြုတာအတွက် ဒါဏ်ကြေးဆောင်ရမယ်ဆိုပြီး တဖွဲ့  လုံးဝိုင်းအုံလာပါရောဗျာ..

ကျနော် တော်တော်အံ့သြ သွားတယ်..။ အခြားနိုင်ငံတွေအားလုံးနီးပါး မှာ ကျနော် သိသလောက်ကတော့  ရထားပေါ်မှာ ဖြစ်စေ ကားပေါ်မှာဖြစ်စေ ရထားစီးရင်း ကားစီးရင်း ရုံးလုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ် အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် laptop သုံးရင် တန်ဆာခပေးဆောင်ပြီး သုံးရတယ်လို့  တခါမှ မကြားခဲ့ဘူးပါ..။ ကျနော် လဲ ဒါဏ်ကြေးဆောင်ရင်လဲ နည်းနည်းပါးပါးလောက်ပဲ ထင်ပြီး ကျနော် ဘယ်လောက်ဆောင်ရမှာလဲ မေးတော့  ၄၂၀၀ ပါတဲ့..။ ကျနော် စိတ်ထဲတော်တော်ခံပြင်းသွားတယ်ဗျာ..လူတယောက် စီးခ ၂၅၀၀ ပဲကျတာ laptop သေးသေးလေး ကို ၄၂၀၀ ဆိုတော့  ကျနော် မှားလားဗျာ.။

ကျနော် ပြန်ပြောလိုက်တယ် ဘယ်လို သတ်မှတ်ချက်နဲ့  ကောက်ခံတာလဲ မေးတော့  ပလတ်စတစ်လောင်းထားတဲ့ စာရင်းစာရွက် ထုတ်ပြတယ်..။ ညီလေးကို ..ကိုတို့ တောင်းတာ က လက်နှိပ်စက်ဈေးနဲ့  ပဲတောင်းတာပါတဲ့…ဒီမှာကြည့်ကွန်ပြူတာဆိုရင် (၁၂၀၀၀ ) ဒါဏ်ဆောင်ရမှာတဲ့ ..။ ကျနော် လျှာရှည် မိကာမှ ပိုဆိုးနေတော့  တယ်ဗျာ..။ ကျနော် က ပြောတယ် ဒါက laptop ပဲ အကိုတို့ စာရွက်ထဲမှာ laptop လို့ ရေးထားတာ မပါဘူး..ကျနော် မဆောင်နိုင်ဘူးဗျာလို့  ပြန်ပြောလိုက်တယ်..ဒီတော့  ကျနော် ကို လက်မှတ်စစ်ကြီး က ပြန်ပြောတယ်ဗျ..ဒါလဲကွန်ပြုတာပါပဲ တဲ့ဗျာ..သကောင့်သားကြီးတွေ က ဒါကြတော့  သိသားဗျာ..

ညီလေးမဆောင်နိုင်ရင် ကိုတို့ က ပစ္စည်းကို သိမ်းရပါလိမ့် မယ်တဲ့…ခံပေရော့ဗျာ.. လျှာရှည်မိကာမှ ပိုပိုဆိုးလာတယ်..ကျနော်လဲ ပြန်ချော့ရတာပေါ့ဗျာ..အကိုအဲဒါဆိုလဲ နည်းနည်းတော့လျှော့ဗျာ.. ၄၂၀၀ တော့ မလုပ်ပါနဲ့ ဆိုတော့  ..အဲလိုဆိုရင် တော့  ဖြစ်ပါတယ်တဲ့..တောင်ငူထိဆိုရင် ၂၁၀၀ ပဲ ပေးပါတဲ့.. ကျနော် လဲ လျှာမရှည် ရဲတော့  ဘူးဗျို့ ..ပေးလိုက်ရတော့ တာ ပဲ… ကျနော် သိထားသလောက်ကတော့  ကွန်ပြူတာ ကို တန်ဆာဆောင်ရမယ်ဆိုတာ က Desktop ကွန်ပြူတာကိုဆိုလိုခြင်း ဖြစ်ဟန်တူပါတယ်..။

ဘာပဲဖြစ်ဖြစ် ကွဲကွဲပြားပြားဖြစ်အောင် ရေးမထားတဲ့အတွက်ကြောင့် ကွန်ပြူတာ ဆိုပြီးရောကြိတ်တာခံလိုက်ရတဲ့ ကျနော် လို့ အဖြစ်မျိုး သူငယ်ချင်းတွေ မကြုံရအောင် ကျနော် ပြောပြချင်တာပါပဲ..။ ကျနော် လဲ နေပူတာတွေ လေပူုတာတွေ ရထားပေါ်ကချဉ်စူးစူး အနံ့တွေ ကိုခံစားနေရတာတွေ ဘယ်ပျောက်ကုန်မှန်း မသိတော့  ပဲ ..တယောက်ထဲ တွေးမိတွေးရာတွေးလာလိုက်တာ ရထားရပ်သွားတော့မှ ဘေးဘီဝဲယာ ကြည့်လိုက်တော့  လယ်ကွင်းခေါင်ခေါင်ကြီးမှာ ရထားကြီးက တုတ်တုတ် မှ မလှုပ်အောင်ရပ်သွားတာ သိလိုက်ရတယ် ..ကျနော် လဲ ပြတင်းပေါက်က ခေါင်းထုတ်ကြည့်လိုက်တော့  ရထားဝန်ထမ်းတွေ အောက်ဆင်းပြီး ရထားအောက်ကို ကြည့်နေတာတွေ တာ နဲ့  အောက်ဆင်းပြီး စပ်စုကြည့်လိုက်တော့  ရထားတွဲ ဘရိတ်ဖမ်းတဲ့ လေပိုက်ပြုတ် လို့  လေပေါင်ကျပြီးထိုးရပ် သွားတာတဲ့ဗျာ.. မိနစ် ၂၀ လောက်ကြာအောင်ပြင်လိုက်တော့  ရပြီရထားပြန်ထွက်မယ်ဆိုပြီး ဥသြဆွဲ ပြီး ပြန်ထွက်လာနိုင်ခဲ့ပါတယ်.

.နောက်တနာရီလောက်ခုတ်မောင်း ပြီး ချိန်မှာပဲ စောစော ကလိုပဲ ရထားက ရပ်သွားပြန်ရော..ကျနော် လဲဒီလောက်တော့  နပ်ပါတယ်ဗျာ..ကျနော် သိလိုက်ပြီ တို့  စီးလာတဲ့ရထားကြီးလေပေါင်ကျ သွားပြန်ပြီလို့ ..ဒီတခါဖြစ်တာကတော့  ကျနော်စီးလာတဲ့တွဲ အောက်ကဖြစ်တာ တဲ့ ကျနော် မနေနိုင်ဘူးဆင်းကြည့် လိုက်တယ် ဘယ်လို ကြောင့်လေပေါင်ကျကျနေလဲဆိုတာ သိချင်လို့ ဆိုပါတော့ ..။ ရထားဝန်ထမ်းတွေလဲ Toolbox ဆွဲပြီးရောက်လာပြန်တယ်..ရထားဘရိတ်တွေ ကို ဆက်သွယ်ထားတဲ့ လေပိုက်က ပြုတ်ထွက်သွားတာဗျ..။

ဒီနေရာမှာကျနော် တို့ မြန်မာတွေက တော်ပြန်ရောဗျို့..ပိုက် ၂ ခုကိုဆက်တဲ့ ၀ါရှာ က ပြုတ်ပြီးလမ်းမှာ ကျကျန်ခဲ့တော့  ၀ါရှာ အစား ပုဆိုးစုတ်ကိုအစားထိုးပြီးတော့  ထည့်လိုက်ပြီး လေဘားပြန်ဖွင့်လိုက်တာ ( ရပြီတဲ့ ) အော်သံတခု ထွက်လာတော့  ကျနော် ဟင်း ခနဲ သက်ပြင်းချ မိတယ်..။ ခရီးသည်တွေနဲ့ ရထားကြီး ဟာ ဆက်ရမယ့်ခရီးကို ဆက်ခဲ့ကြပြန်ရောဆိုပါတော့ ဗျာ.. တောင်ငူမြို့ အ၀င် ခပေါင်းတံတားပေါ် ဖြတ်နေချိန် တောင်ငူမြို့ကြီးကို မှောင်မှောင်မဲမဲကြီးမှာ တွေ့နေရချိန်မှာပဲ စီးတော်ယဉ် ရထားကြီး က ရပ်သွားပြန်ပါရောဗျာ…

ဒီတခါတော့  ကျနော် မဆင်းတော့  ဘူး..ရထားလုံးလုံး ဆက်သွားမရတော့ လဲ ကျနော် တို့  လာတဲ့ခရီးကရောက်နေပြီဆိုတော့  အထုတ်တွေသာပြင်နေ လိုက်တော့  တယ်…ကျနော် လဲ မကြည့်ပဲနဲ့  သိနေတာကစောစော က ပုဆိုးစုတ် တွေ က ကျန်နေသေးတယ်.. စိတ်ပူစရာမလိုဘူး အချိန်တန်ရင် ပြန်ကောင်းသွားမှာ ပဲဆို ပြီးနေ တာ ထင်တဲ့အတိုင်းပဲ ရထားဘီးလိမ့်  သံ ကို ခဏအကြာမှာ ပြန်ကြားလာခဲ့ပြီး မင်းကြီးညိုတို့ စိုးစံရာ ၊ ဘုရင့်နောင်တို့  လက်ခမောင်းခတ်ရာ ၊ တပင်ရွှေထီးတို့  ထန်းရည်သောက်ရာ ၊ နတ်သျှင်နောင်တို့  စာဆိုသီကုံးရာ တောင်ငူမြေ သို့ ရောက်ခဲ့ပါတော့ တယ် ခင်ဗျာ..။

by: Myat Thu

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)