**ဆယ်စုနှစ်၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီး ဂျနီဖာအင်နစ်စတန်**
အမေရိကန်မင်းသမီး ဂျနီဖာအင်နစ်စတန်သည် ဆယ်စုနှစ်၏ ဆွဲဆောင်မှုအရှိဆုံးနှင့် ရေပန်းအစားဆုံးမင်းသမီးအဖြစ် Spike TV ပရိသတ်များ၏ ရွေးချယ်ချီးမြှင့်ခြင်းကို လာမည့်လတွင် လက်ခံရယူရမည် ဖြစ်သည်။ အသက် (၄၂) နှစ်ရှိပြီးဖြစ်သော်လည်း နုပျိုလှပဆဲ၊ ဆွဲဆောင်မှုရှိနေဆဲ ဂျနီဖာသည် အောင်မြင်မှု၊ ကျော်ကြားမှုများ နှင့်အတူ မိမိတို့ Spike TV ပရိသတ်များ၏ ရွေးချယ်ချီးမြှင့်သည့်ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခြင်းဖြစ်ကြောင်း Spike TV ဒုတိယဥက္ကဌ ကာဆီပတ်တာဆန်က ပြောကြားသည်။ ဆယ်စုနှစ်၏ ဆွဲဆောင်မှုအရှိဆုံး မင်းသမီးဆုကို ယခင်က ဟာလီဘယ်ရီ၊ ချာလိစ်သီရွန်နှင့် ကင်မရွန်းဒိုင်ရက်စ် တို့က ရရှိခဲ့ဖူးသည်။ ယခုအကြိမ်ရွေးချယ်မှုတွင် ဂျနီဖာသည် အခြားနာမည်ကြီး မင်းသမီးများဖြစ်သော နာတာလီပေါ့မန်း၊ မီလာကူးနစ်၊ ရိုစီဟန်သီတန်ဝှိုက်တလေနှင့် မင်ကာကီလီတို့ကိုကျော်ဖြတ်၍ ရရှိခဲ့ခြင်း ဖြစ်သည်။ ဂျနီဖာသည် ၁၉၉၅ ခုနှစ်က ပီးပဲလ်မဂ္ဂဇင်းက ရွေးချယ်ချီးမြှင့်သည့် အလှဆုံးအမျိုးသမီးဆုကိုလည်း ရရှိခဲ့ဖူးသည်။ (အင်တာနက်)

**ဘရာဇီးတိုက်စစ်မှူးနေမာ ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို မျှော်လင့်နေ**
(ဆာအိုပေါ်လို၊ မေ ၂၁)
ဘရာဇီးအသင်းတွင် ခြေစွမ်းပြနေသည့်ဆန်းတို့စ်တိုက်စစ်မှူးနေမာသည် ဥရောပသို့ ပြောင်းရွှေ့ကစားရနှ်ဆန္ဒ ပြင်းပြနေပြီး ချယ်လ်ဆီးအသင်း၏ ဒုတိယ အကြိမ်ကမ်းလှမ်းမှုကို မျှော်လင့်နေသည်ဟု သိရသည်။ ချယ်လ်ဆီးအသင်းသည် အသက် (၁၉) နှစ်သာရှိသေးသည့် အဆိုပါကစားသမားကို ပြီးခဲ့သည့်နွေရာသီက တစ်ကြိမ်ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော်နေမာသည် ထိုအချိန်က ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးသူဖြစ်သည်။ လာမည့် လတွင် နယ်သာလန်၊ ရိုးမေးနီးယားတို့နှင့်ခြေစမ်းပွဲကစားမည့် ဘရာဇီးလူစာရင်းတွင် ပါဝင်နေသည့် နေမာသည် ချယ်လ်ဆီးမှ တစ်နိုင်ငံတည်းသားများဖြစ်ကြသည့် ရာမီရစ်နှင့် ဒေးဗစ်လူဝစ်တို့နှင့် အဆက်အသွယ်ရှိနေခြင်းက ချယ်လ်ဆီးသို့သွားရောက်ကစားလိုသည့် ဆန္ဒကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။ (အင်တာနက်)

**ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးတွင် ဖာဘရီဂက်စ်ကို ဘာစီလိုနာကမ်းလှမ်းမည်**
(ဘာစီလိုနာ၊ မေ ၂၀)
စပိန်လာလီဂါထပ်သီးကလပ် ဘာစီလိုနာအသင်းသည် လာမည့် မေ ၂၈ ရက်လိုနာအသင်းသည် လာမည့် မေ ၂၈ ရက် တွင် ၀င်ဘလေကွင်း၌ မန်ယူနှင့် ချန်ပီယံ လိပ်ဗိုလ်လုပွဲကစားရမည့် ပွဲအပြီးတွင် အာဆင်နယ် အသင်းခေါင်းဆောင် ဖာဘရီဂက်စ်ကို ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်သွားမည်ဟုဆိုသည်။ (အင်တာနက်)
**ဒီနယ်လ်ဆင် အာဆင်နယ်အသင်းမှ ထွက်ခွာလို**
(လန်ဒန်၊ မေ ၂၁)
ဘရာဇီး ကွင်းလယ်ကစားသမား ဒီနယ်လ်ဆင်က အာဆင်နယ်အသင်းတွင်မပျော်ပိုက်တော့၍ အသင်းမှ အမြန်ဆုံးထွက်ခွာသွားလိုကြောင်း ထုတ်ဖော်ပြောကြားသည်။ အသက် (၂၃) နှစ်ရှိ ဒီနယ်လ်ဆင်သည် လန်ဒန်သို့ရောက်သည်မှာ ငါးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း မည်သည့် ချန်ပီယံဆုဖလားမှ မရရှိသည်ကို အလွန်အမင်း စိတ်ပျက်လျက်ရှိသည်။ ဒီနယ်လ်ဆင်က မိမိအနေဖြင့် အာဆင်နယ်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်ကြောင်း၊ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးနှင့် လီဗာပူးတို့ ကစားသမားဝယ်ယူမှုအတွက် ငွေအမြောက်အမြားအသုံးပြုနေသော်လည်း အာဆင်နယ်က ထိုသို့မဟုတ်ကြောင်း၊ မိမိအနေဖြင့် အသင်းပြောင်းမည်ဆိုပါက ပရီမီယာလိဂ် အသင်းတစ်သင်းသို့ မဟုတ်ဘဲ စပိန်သို့မဟုတ် အီတလီသို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်-အေ၀မ်းစိုး၊ ဟန်သစ်

No comments:
Post a Comment