ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 23, 2011

Internet ချစ်သူထံသို့ ပေးသောမေတ္တာစာ

>
တစ်ရံရောခါ ၊ ဤနေရာမှ ၊ စိတ်မှာညစ်ထပ် ၊ သောက်ညင်ကပ်လို့ ၊ ဝေးရပ်တစ်မြေ ၊ ပြေးထွက်လေသော ၊
အင်တာနက်အား ၊ စိတ်မှာထား၍ ၊ မေတ္တာ ပို့သလိုက်ပါသည် ။
ဆွေးလို့ပြာကာ ၊ အွန်လိုင်းမှာလည်း ၊ မလာတာကြာ ၊ စိတ်မပါထင်ပြီး ၊ ကြိတ်ကာကြူ (Q)
ထား ၊ မဒီများလည်း ၊ တစ်ခြားနောက်ကို ၊ ပါတော့မည်ထင့် ၊ ရင်မှာနင့်သည် ။ ဒီနေ့စိတ်
ကောက် ၊ နက်ဖြန်ရောက်မှ ၊ စိတ်ကောက်ပြေရေး ၊ ချော့မယ်တွေးပြီး ၊ ထိုဒေး (day) ညမှ၊
နက် ကကျတော့ ၊ ချစ်သူကမုန်း ၊ ဘလော့(block)ဦး (အုံး) မှာ ၊ ပူနေတာမို့ ၊ ဆပ်ပြာသည်
မ ၊ လင်ပျောက်ရသို့ ၊ ဒုက္ခတွေနဲ့ ၊ တစ်မှိုင်မှိုင်တွေ ၊ တစ်တွေတွေငေး ၊ တစ်ငေးငေးငူ ၊တစ်
အူအူဆွေး ၊ ၀မ်းဗိုက်ရေးထက် ၊ လွမ်းရေးသာသည် ။ ရင်မှာမျက်ရည် ခါခါလည် ။
ဝေးလို့မှာတာ ၊ ကိုအင်တာရေ ၊ လာပါအမြန် ၊ သင်မမှန်လို့ ၊ ကော (call)သံတိုး
တိတ် ၊ အဆောင်ဆိတ်နေပြီ ။ ဓားကိုဆွဲထုတ် ရန်သူခုတ်ဖို့ ၊ အဟုတ်ကြံမှ ၊ နက်
ကကျသွား ၊ ဟီးရိုး(Hero)များလည်း ၊ တစ်အားဆွေးသည် ။ နက်ကမလာ ၊ လန်
(lan)ပေါ်မှာလည်း ၊ ကောင်တာပစ်ရ ၊ လက်ညောင်းလှပြီ ၊ ဟိုဆောက်ဒီဝယ် ၊
ဂျင်နရယ် (General)လည်း ၊ စိတ်ဝယ်မရွှင် ၊ မတိုက်ချင်ဘူး ။ အွန်လိုင်းဟီးရိုး ၊
တန်(Dan)မတိုးဘူး ၊ ကံဆိုးချက်က ၊ ချစ်သူမယုံ ၊ ဖုန်းဖိုးကုန်လည်း ၊ သူယုံမလာ
၊ စိတ်ညစ်ပါသည် ။ ဘီယာကဒ်တွေ ခါခါဝယ် ။

ပြေးလို့လာပါ ၊ မျှော်နေတာလည်း ၊ ရင်မှာထိတ်ရ ၊ ဒီလိုညများ ၊ လာမလားလို့
အိပ်ငြားမပျော် ၊ အိပ်ရာပေါ်ဝယ် ၊ မပျော်မလှုပ် ၊ အမြီးကုပ်၍ ၊ လွမ်းရုပ်တွေဆင်
ကော်နက်ရှင်စောင့် ၊ တစ်တောက်တောက်နှင့် ၊ ဘောက်မဲ့ကြောင့်များ ၊ ဒီစီ
(dc) များဖြစ် ၊ တဗျစ်တောက်တောက် ၊ တလျှောက်လျှောက်တွေး ၊ တစ်
တွေးတွေးပူ ၊ သင်သာလူဖြစ် ၊ လည်ပင်းညှစ်လို့ ၊ အလစ်ကိုချောင်း ၊ တုတ်
ကောင်းကောင်းနဲ့ ၊ ရိုက်မောင်းဆုံးမ ၊ တွေ့ကြတာပေါ့ ၊ စိတ်ပေါ့ဖို့ရေး ၊ကြံ
ကာတွေးလည်း ၊ နှုတ်ဝယ်ခါခါ ၊ ပြောနေပါသည် ။ အင်တာနက်ရေ လာပါကွယ် ။
စိတ်ကိုအလိုလိုက် ဝေးရာသို့လည်းမသွားနှင့်
ထိပ်ကိုအတိုကိုက် ဒွေး ပါလို့လည်းမကြွားနှင့် ။
စိတ်ကိုအလိုလိုက် ဝေးရာသို့ သွားက ၊ အသွားမတော်တစ်လှမ်း ဒုက္ခလမ်းသို့မြန်းလိမ့်မည် ၊
ထိပ်ကိုအ တိုကိုက် ဒွေး ပါလို့ကြွားက ၊ တစ်အားအော်ငေါက်ငမ်း မမိုးမိုးက ရမ်းလိမ့်မည် ။
အသွားမတော်ပဲ မျဉ်း ကျားမှ မကူးက ယာဉ်ထိန်းရဲနှင့်မိတတ်သည် ။ စိတ်ထင်ရာသွားပြီး ၊
ညကြီးအမှောင် ၊ ပတ္တရောင်နှင့်တိုး ဂျေးသို့ဂိုးရတတ်သည် ။ အကြွားမတော်ပါက တအားအော်ခံရပြီး ၊
လက်ဝါးနှင့်နီးတတ်သည် ။
ဆန်ဆုံစားပြီး ကံကုန်လို့လည်းမသွားနှင့်
ကံယုံစားပြီး သံပုံသို့လည်းမသွားနှင့် ။
ဆန်ဆုံစားပြီး ကံကုန်သွားလို့ ခွဲသွားတော့ ကျန်ခဲ့သူက လွမ်းရသည် ။ ကံယုံစားပြီး သံပုံကြားသို့
အရဲ သွားတော့ သံဆိပ်ထူကာ နွမ်းရမည် ။ ဆန်ဆုံစားပြီး ကံကုန်လို့သွားသည် ပြောရအောင်
အသင်နှင့် ကျုပ်တို့ကြား ဆက်ဆံရေး အလှဆင်ပေးဖို့ ၊ မပြတ်အမှန်းပေး လစဉ်းကြေး ရှိပြီးသား တစ်မုံ့ ၊
နက်ရရေး ကို ၊ မနက်ညတွေးပြီး ၊ မဟန်တာကြောင့် ၊ အမြန်လာပါဟုသာ ပြောချင်ပါသည် ။
ကံကိုယုံပြီးလည်း ဘောပွဲတွေ အတင်းလောင်း ၊ မောင်းမပေါက်ပဲ ၊ ချောင်းပေါက်မတက် ၊
အကြွေးတောင်းခံရပေမည် ။ကံမကောင်းပါက ချစ်သူကိုပင်မှားပြီး ဘလော့ပေးမိတတ်၍
စိတ်ကွက်ခံရပါမည် ။ ကံကောင်းပါက လည်း မနက်ကဆိုထားသော ရည်းစားစကား
လူမှား၍ ညနေတွင် အဖြေမြင်ရတတ်ပါ၏ ။ သို့ပါ၍ ဆန်မပါ ၊ ကံဗလာနှင့် လာလည်း
ကျိတ်မဆဲပါ ။ လာသာလာပါ ဘာညာမပါလည်း ကိစ္စမရှိပါ ။
မျှော်ရလွန်းလို့ လည်ပင်းလည်း ပဲရစ်မျှော်စင်ဖြစ်တော့မည်
အော်ရလွန်းလို့ ရောခ့်ကာများရဲ့ စီးပွားရေးလည်းထိခိုက်တော့မည် ။
မျှော်ထားလည်းမလာသည်က ကိုရီးယား ဇာတ်လမ်းတွဲ ၊ မမျှော်ထားလည်း လာသည်က ကြော်ငြာ ၊
အော်တိုင်းလည်းမသာသည်က ရည်းစားဟောင်း မင်္ဂလာဆောင်က သီချင်း ၊ မအော်ခိုင်းပဲ
သာသည်ကအလှူအိမ်က ဗြောသံ ၊ သို့ကလိုကြောင့် ကိုရီးယားကားလို ဇာတ်သိမ်းကို
မျှော်လင့်ချက်တွေပေးပြီး အကြီးအကျယ် busy နေသောသင့်အား ၊ ရင်ကွဲပက်လက်
အသံဖြင့် ကျုပ်တို့ အော်ကြီးဟစ်ကျယ် call နေပါတယ် ၊ ကျေးဇူးပြုပြီး ရောက်ရာအရပ်က
အမြန်လာ Answer ပေးလှည့်ပါ ။
တံခွန်မရှိသောဘုရား ၊ အလံမရှိသောရထား
လင်မရှိသော မိန်းမ မတင့်တယ်ဟု ဆိုစကားရှိ၏ ။
အလားတူ အင်တာနက်မရသော ကွန်ပျူတာမှာလည်း ၊ Core 2 Duo ပင်ဖြစ်လင့်ကစား
မတင့်တယ်ပေ၊ ထိုနည်းတူ အင်တာနက်မရသော ကွန်ပျူတာမှာ ၊ အတောင်ပါပြီး မပျံသန်းနိုင်သော
ပင်ဂွင်းငှက်ကဲ့ သို့ ယက်ကန်ယက်ကန်ဖြစ်နေကြောင်း ထပ်လောင်းသိစေချင်ပါသည် ။
မျှော်တာများလို့ ဘလော့ဂါ(Blogger) များလည်း ၊ ပို့စ်မတင်လို့ တစ်မျိုးထင်ခံရတော့မည် ၊
ဟီးရိုးဂိမ်မာများလည်း တန်(Dan)တက်ဖို့ ရန်သတ်ချင်လှပြီ ၊ ဂူးဂဲလ်ချက် သမားလည်း
အရူးအမဲနှပ်စားသို့ လွမ်းနေ သည် ၊ ရဟူး မက်ဆင်ဂျာကိုလည်း အထူးမမြင်တာကြာပြီ ၊
နက်လော့ (Netlog) မှာ လက်ဆော့ချင်သူ များလည်း ၊ အရက်မော့နေရပြီ ၊
ဒေါင်းလုပ်ချထားသော ဇာတ်ကားများလည်း ကုန်နေပြီ ၊ သီချင်းအသစ် ကို
စာရင်းမလှစ်ရတာလည်း ကြာပြီ ၊ ဘောပွဲသတင်းဝဘ်ဆိုဒ် မဖတ်လိုက်ရတာကြာလို့
ဟာနေပါသည်၊ သို့သော်လည်း သင့်အားအ၀ါကဒ်နှင့် တစ်ခါထပ် သတိပေးပြီး၊
လယ်ဗယ်ညီအောင် ပယ်နယ်တီလည်း မတောင်းပါ ။

အဆောင်သားအားလုံး “ အောက်အီးလည်းမတွန် ၊ အစာလည်းမစား ၊
ကော်နက်ရှင်ကိုလွမ်းလို့လား” ဟုမေးရမလောက်ဖြစ်နေသည်ကို မြင်စေချင်ပါသည် ။
သို့ဂလိုအရေးကြောင့် ပုဂ္ဂိုလ်ရေးကိုဘေးချိတ်ပြီး ကျုပ်တို့အိပ်ရေးပျက်အောင် အမြန်လာပါဟု ၊
ကြားရာအရပ်သို့ တအားမှာလျက်ရှိနေပါသည် ။ တစ်ခြား အဆောင်တွေမှာ အလန်ဆုံးဆိုတဲ့
အမြန်နှုန်း(Speed)ကို မမှီလည်းနေပါ ၊ အသင့်အမြန်နှုန်း လိပ်နဲ့စပ် လည်း အကျင့်တန်မုန်း
စိတ်ဓာတ်မပျက်ပါ ၊ အကြောင်းမဟုတ်ပါက ဒေါင်းလုပ်(download)လည်း မချ တော့ပါဟု
ကျုပ်တို့အာမခံပါတယ် ။ တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိပေမယ့် ကော်နက်ရှင်ဆိုး ၊
စပိ (Speed)ဆိုးကိုတော့ ပစ်ရိုးထုံးစံမရှိပါ ။ သင်ဘယ်အချိန် ဆိုင်းနီးအပ်(
singing up)မလဲလို့ ပဒိုင်းသီးနှပ်စားထား သလိုမျှော်နေပါတယ် ၊
နေ့ညတွင်တွင် ၊ ကော်နက်ရှင်ကို ၊ ထင်မြင်ယောင်ယမ်း ၊ တွင်တွင်လွမ်းကာ ၊ ရင်မှာလွမ်းရင် ၊
မျှော်တိုင်းမြင်လို့ ၊ လက်ညှိုးညွှန်ရာ ၊ ကော်နက်ရှင် ဖြစ်ပါစေသား အရှင်ဘုရား လို့ ၊ ဒတ္တ ရဲ့
ကဗျာစာသားလို ၊ အိပ်မပျော် စားမ၀င် ၊ ကော်နက်ရှင် ကိုသာလွမ်းနေပါသောကြောင့်
အင်တာနက် ရောက်လေရာသို့ ၊ ရင်နာလျက် တစ်ခေါက်တစ်လေလာဖို့ ၊ သစ္စာကမ္ဘာ တည်ရန်၊
မေတ္တာစာ ရည်လိုက်ရပါတယ် ……..

credit :http://www.mm-flashsongs.com/profiles/blogs/internet-2

**လွမ်းနေ သူ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)