**ပ၇ီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူသူများမှာ ဘာဘာတော့ဗ်နှင့် တီဗက်ဇ်တို့ဖြစ်**
(လန်ဒန်၊ မေ ၂၂)
၂၀၁၀- ၂၀၁၁ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူများကို အောက်ပါအတိုင်း တွေ့ရသည်။
စဉ် ကစားသမား အသင်း ဂိုးအရေအတွက်
၁။ ဘာဘာတော့ဗ် မန်ယူ ၂၀

၂။ တီဗက်ဇ် မန်စီးတီး ၂၀
၃။ ဗန်ပါစီ အာဆင်နယ် ၁၈
၎။ ဒါရင်ဘင့် အက်စ်တွန်ဗီလာ ၁၇
၅။ အိုဒမ်ဝင်ဂီ ၀က်စ်ဘရွန်း ၁၅
၆။ ဆိုးလ်ကင်းဘဲလ် ဘလက်ပူးလ် ၁၃
၇။ ကာရိုးလ် လီဗာပူး ၁၃
၈။ ဟာနန်ဒက်ဇ် မန်ယူ ၁၃
၉။ ဒက်ကွတ်ဇ် လီဗာပူး ၁၃
၁၀။ မာလူဒါ ချယ်လ်ဆီး ၁၃
(အင်တာနက်)
**အားကစားသတင်းအတိုအထွာများ**
ဝက်စ်ဟမ်းကွင်းလယ်ကစားသမား စကော့ပါကာအား လာမည့်နွေရာသီ၌ ခေါ်ယူရန် လီဗာပူးနှင့် အာဆင်နယ်တို့ ကြိုးစားသွားမည်ဟု စပါးအသင်းနည်းပြ ဟာရီရက်နက်က မေ ၂၂ ရက်၌ပြောကြားသည်။
ဘယ်လ်ဂျီယံဂိုးသမား အသက် ၁၉နှစ်အရွယ်ရှိ သီဘတ်ကော့တိုအစ်အာ ချယ်လ်ဆီး၊ မန်စီးတီးနှင့် စပါးအသင်းတို့က အပြိုင်ခေါ်ယူလျက်ရှိသည်။
မန်ယူကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက မန်ယအသင်းတွင် ပြန်လည်ကစားလိုသော ဆန္ဒ ရှိနေကြောင်း ၄င်းက ထုတ်ဖော်ပြောကြားသည်။
ဂျူဗင်းတပ်စ်အသင်းတွင် ပြီးခဲ့သည့် နှစ်က အငှားချထားသော လီဗာပူးကွင်းလယ် ကစားသမားအကွီလာနီအား လာမည့်ဘောလုံးရာသီတွင် လီဗာပူးအသင်း၌ ပြန်လည်ကစားစေမည်ဖြစ်ကြောင်း နည်းပြကင်နီဒယ်ဂလစ်ကပြောကြားသည်။
မန်ယူတိုက်စစ်သည် အင်အားတောင့်တင်းရန် လိုအပ်ချက်ရှိသည်မှာ မှန်သော်လည်း တောင်ပံကစားသမားဟောင်း စီရိုနယ်ဒိုအား ပြန်လည်ခေါ်ယူရန် စဉ်းစားမည်မဟုတ်ကြောင်း မန်ယူနည်းပြ ဖာဂူဆန်က ပြောကြားသည်။ (အင်တာနက်)
**မန်ယူတို့ ပရီးမီးယာလိဂ်ဖလား စံချိန်တင်ဆွတ်ခူး -ဘာမင်ဂမ်၊ ဘလက်ပူးလ်နှင့် ၀က်စ်ဟမ်းတို့ တန်းဆင်း**
(လန်ဒန်၊ မေ ၂၂)
၂၀၁၀- ၂၀၁၁ ပရီမီယာလိဂ်ဘောလုံးရာသီနောက်ဆုံးပွဲ ပွဲစဉ် (၃၈) ပြိုင်ပွဲများကို မေ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူက အိမ်ကွင်းတွင် ဘလက်ပူးလ်ကို လေးဂိုး- နှစ်ဂိုးဖြင့်နိုင်ပြီး (၁၉) လုံးမြောက်ပရီမီယာလိဂ်ဖလားကို စံချိန်တင်ဆွတ်ခူးသွားခဲ့ပြီးဖြစ်သည်။ ယင်းပွဲတွင် မန်ယူအသင်း၏ ၀ါရင့်ကစားသမားကြီးများ ဖြစ်သည့် ဂိုးသမား ဗန်ဒါဆာနှင့် ပေါစခိုးလ်တို့ နောက်ဆုံး ပရီမီယာလိဂ်ပြိုင်ပွဲအဖြစ် ပါဝင်ကစားခဲ့ကြသည်။ ယင်းတို့နှစ်ဦးသည် ယခုနှစ် ရာသီကုန်တွင် မန်ယူအသင်းမှ အနားယူကြတော့မည်ဖြစ်သည်။
မန်ယူအတွက် ဂိုးအများကို ပတ်ဂျီဆန်၊ အန်ဒါဆင်နှင့် အိုဝင်တို့ ကသွင်းယူပေးခဲ့သည်။ ကျန်တစ်ဂိုးမှာ ဘလက်ပူးလ်ကစားသမားအီဗတ်ကကိုယ့်ဂိုးကိုယ် ပြန်သွင်းခဲ့သည်။ ဘလက်ပူးလ်အတွက် တေလာနှင့် ချာလီအဒမ်တို့က ဂိုးများ သွင်းယူခဲ့ခြင်းဖြစ်သည်။ ထိုနေ့က မန်ယူ၏ အိုးထရက် ဖို့ဒ်ကွင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။ ဦးစွာ ကွင်းထဲသို့ စစ်ပွဲဒဏ်ရာရ ခြေတုတပ်ဆင်ထားသော စစ်ပြန်နှစ်ဦးက ပရီမီယာလိဂ် ဖလားကို သယ်ယူလာသည်။ ယင်းနောက် မန်ယူကစားသမားများကို နည်းပြ ဖာဂူဆန်းဦးဆောင်ပြီး ကွင်းထဲ့သို့ ၀င်ရောက်လာသည်။ ထို့နောက် (၁၉) ကြိမ်မြောက် ပရီမီယာလိဂ်ဖလားကို မန်ယူအသင်းက လက်ခံရယူခဲ့သည်။ မန်ယူကစားသမားများနှင့် နည်းပြများ၊ ပရိသတ်များ အောင်ပွဲခံပျော်ရွှင်နေကြရာ တစ်ကွင်းလုံး မန်ယူပရိသတ်များ မန်ယူဝတ်စုံများဖြင့် ရဲရဲနီအောင် ပြည့်လျှံသွားတော့သည်။ (အင်တာနက်)
**မန်ယူ၏ တစ်နှစ်တာအကောင်ဆုံးဆုများ**
(လန်ဒန်၊ မေ ၂၂)
၂၀၁၀- ၂၀၁၁ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွင်း မန်ယူက အောက်ပါစံချိန်တင် နိုင်ခဲ့သည်။
ပရီးမီးယာလိဂ်ဖလားများအများဆုံးရရှိမှု - (၁၉ လုံး)
တစ်နှစ်တာအကောင်းဆုံးနည်းပြ - ဖာဂူဆန်
တစ်နှစ်တာအကောင်းဆုံးနောက်တန်းဆု - ဗီဒစ်
တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု - ဗန်ဒါးဆား
တစ်နှစ်တာအိမ်ကွင်းရှုံးပွဲမရှိစံချိန်
(အင်တာနက်)
စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ၊ ကောင်းမြတ်သူ

No comments:
Post a Comment