ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 6, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

> (Fatah-Hamas ‘agreement’ returns Palestine to Arab center stage)

**ဖာတာနှင့်ဟားမားစ်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးသဘောတူညီချက်တရားဝင် လက်မှတ်ရေးထိုး**

(ကိုင်ရို ၊ မေ ၄)
ပါလက်စတိုင်း ဖာတာလှုပ်ရှားမှုအဖွဲ့နှင့် ဟားမားစ်လှုရှားမှုအဖွဲ့တို့အကြားပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ မေ ၄ ရက်တွင်တရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်း အယ်လ်ဂျာဇီယာအာရပ်ရုပ်မြင်သံကြားဌာနက မေ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
တရားဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ နှစ်နာရီခန့် နှောင့်နှေးကြန့်ကြာခဲ့ရသည်။ အီဂျစ်နိုင်ငံထောက်လှမ်းရေးဌာနချုပ်ရုံး၌ ကျင်းပသော လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ဖာတာအဖွဲ့ခေါင်းဆောင်ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်နှင့် ဟားမားစ်ခေါင်းဆောင် ခါလိမီရှာယယ်တို့ တက်ရောက်ခဲ့ကြသည်။
သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် ပဋိပက္ခများ ပြီးဆုံးစေမည်ဖြစ်ကြောင်း အဘတ်စ်ကပြောကြားသည်။
ဖာတာနှင့် ဟားမားစ်လှုပ်ရှားမှုအဖွဲ့များ၏ ကိုယ်စားလှယ်များသည် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်မူကြမ်းကို မေ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ အီဂျစ်ထောက်လှမ်းရေးညွှန်ကြားရေးမှူး မူဝါဖိ တက်ရောက်ခဲ့သည်။ (အင်တာနက်)

(Felipe Calderón-Maxico President)

**ပိတ်မိနေသော မိုင်းလုပ်သားများကို ကယ်တင်နိုင်ရန် မက္ကဆီကိုအစိုးရ ကြိုးပမ်း**

(မက္ကဆီကိုစီးတီး မေ ၄)
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ကိုယာဟီလာပြည်နယ်ရှိ ကျောက်မီးသွေးထုတ်လုပ်သော သတ္တုတွင်း တစ်တွင်း၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၁၁ ဦးကို ကယ်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သမ္မတဖီးလစ်ကယ်ဒရွန်းက မေ ၄ရက်တွင် ပြောကြားသည်။
စပိန်နိုင်ငံမှ ဘင်ဆာအမည်ရှိကုမ္မဏီက လုပ်ကိုင်လျက်ရှိသော ကျောက်မီးသွေးတွင်း၌ မေ ၃ ရက် အစောပိုင်းမှစ၍ မိုင်းလုပ်သားများ ပိတ်မိနေခဲ့သည်။
ဓာတ်ငွေ့ပေါက်ကွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မြေအောက်ကြမ်းခင်းတစ်ခုပြိုကျခဲ့ရာ မိုင်းလုပ်သားသုံးဦး သေဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိကာ မိုင်းလုပ်သား ၁၁ ဦးမှာ မီတာ ၆၀ အနက်ရှိ မြေအောက်တွင် ပိတ်မိလျက်ရှိသည်။
မိမိ၏အစိုးရအဖွဲ့သည် ကိုယာဟီလာပြည်နယ် အာဏာပိုင်များနှင့်အတူ မိုင်းလုပ်သားများအား ကယ်တင်ရေးလုပ်ငန်းကို အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း သမ္မတကယ်လ်ဒရွန်းက ပြောကြားသည်။
ဆန်ယွန်ဒီဆာဘီနက်စ်မြို့ရှိ ကျောက်မီးသွေးတွင်း၌ ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ပြည်ထဲရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က အနီးကပ် ကြီးကြပ်လျက်ရှိသည်။
ထိုစဉ်အတွင်း အဆိုပါကျောက်မီးသွေးတွင်၌ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းတရားများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (ဆင်ဟွာ)

**အာကာသအတွင်းရှိနေသည့် ယာဉ်မှူး မိခင်ဈာပန နှင့်လွဲချော်**
(မီလန် ၊ မေ ၄)
အီတလီလူမျိုးအာကာသယာဉ်မှူး ပီလိုနီပိုလီသည် အာကာသအတွင်း၌ ယင်း၏တာဝန်ကို ထမ်းဆောင်နေစဉ်မှာပင် မိခင်ဖြစ်သူသည် မီလန်မြို့အနီးရှိ သူမ၏မွေးရပ်မြေတွင် ဆုံးပါးသွားခဲ့ရကြောင်း တာဝန်ရှိသူများက မေ ၃ ရက်တွင် ပြောကြားသည်။
အာကာသယာဉ်မှူး နီပိုလီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်ပြီး နိုင်ငံတကာအာကာသစခန်းသို့ရောက်ရှိကာ ခြောက်လကြာစီမံကိန်း တာဝန်ကို ထမ်းဆောင်နေချိန်၌ အသက် (၇၈) နှစ်ရှိပြီးဖြစ်သည်။ သူ၏မိခင်မှာ ဖျားနာ၍ မေ ၃ ရက် ညနေပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်။ နီပိုလီသည် အာကာသစခန်း၌ အမေရီကန်နိုင်ငံသားတစ်ဦး၊ ရုရှားနိုင်ငံတားတစ်ဦးနှင့် အတူရှိနေကာ မြေကမ္ဘာသို့ြ့ပန်လည်ဆင်းသက်ရန် သုံးပတ်ခန့်သာလိုတော့သည့်အချိန်ဖြစ်သည်။
နီပိုလီ၏ အာကာသခရီးစဉ်များသည် မိဘတို့၏သေခြင်းတရားနှင့်ကြုံတွေ့ခဲ့ရသည့် ခရီးစဉ်များဖြစ်နေသည်။ ၂၀၀၇ ခုနှစ်ကလည်း နီပိုလီ၏ ပထမဆုံးအာကာသခရီးစဉ် မစတင်မီ အချိန်ပိုင်းအလိုတွင် သူ၏ ဖခင် ဖြစ်သူသေဆုံးခဲ့သည်။ ယခုခရီးစဉ်သည် သူ၏ဒုတိယမြောက် အာကာသ ခရီးစဉ်ဖြစ်သည်။ (အင်တာနက်)

**ရာစုနှစ်ကုန်တွင် ကမ္ဘာ့လူဦးရေ ၁၀ ဒသမ ၁ ဘီလီယံ ရှိလာမည်ဟု ကုလသမဂ္ဂထုတပြန်**
(ဂျီနီဗာ၊ မေ ၄)

ကမ္ဘာ့လူဦးရေသည် ယခုနှစ်အောက်တိုဘာ ၃၁ ရက်တွင် ခုနှစ် ဘီလီယံကျော်ရှိလာမည်ဖြစ်ပြီး ၂၁ ရာစုအကုန်တွင် ၁၀ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိလာနိုင်သည်ဟု မေ ၃ ရက်က ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၁၀ ခုနှစ်ကုန် ကမ္ဘာ့လူဦးရေတိုးပွားမှု ပြန်လည်စိစစ်ခြင်းဟုခေါင်းစဉ်တပ်ထားသည့် လည်းကောင်း အစီရင်ခံစားကို ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးဌာန (DESA) က ပြုစုခဲ့ခြင်ဖြစ်သည်။ တစ်ကမ္ဘာလုံးလူဦးရေ တိုးပွားမှုနှုန်းပမာဏသည် အာဖရိက၊ အာရှ၊ လက်တင်အမေရိကနှင့် ကမ္ဘာ့ကျွန်းနိုင်ငံများရှိ မျိုးဆက်ပွားမှုနှုန်းမြင့်မားသည့်နိုင်ငံ ၅၈ နိုင်ငံကြောင့် ပိုမိုတိုးမြှင့်ခြင်းဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ (အင်တာနက်)

**နီပေါတွင် တောင်တက်လမ်းပေါ်မှ ကားဘီးချော်ပြီးထိုးကျ၊ ၁၂ ဦးသေဆုံး**
(ခတ္တမန္ဒူ ၊ မေ ၄ )
နီပေါနိုင်ငံအလယ်ပိုင်းတွင် မေ ၃ ရက် လူအများအပြားတင်ဆောင်မောင်းနှင်လာသည့် ဘတ်စ်ကားတစ်စီး တောင်တက်လမ်းပေါ်မှ ဘီးချော်ထိုးကျခဲ့ရာ အနည်းဆုံး ၁၂ ဦး သေဆုံး ကြောင်း၊ ဒဏ်ရာရခဲ့သူများပြားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မေ ၃ ရက်နေ့ကို နီပေါနိုင်ငံက မိခင်နေ့ဖြစ် သတ်မှတ်ထားပြီး လူအများက လည်းကောင်း တို့၏ မိဘများထံ သွားရောက်တေ ဆုံတတ်ကြသည်။ နေ့တစ်နေ့ဖြစ်ရာ ယင်းဘတ်စ်ကားတွင်လူများ များပြားနေခဲ့ခြင်း ဖြစ်သည်။ ထိုခရီးသည်တင် ယင်းဘတ်စ်ကားသည် တောင်တက်လမ်ပေါ်၌ အမြင့် ပေ ၁၀၀၀ ခန့်ကနေ ဘီးချော်၍ ချောက်ထဲထိုးကျခဲ့ပြီး တောင်စောင်းဆင်ခြေလျှောရှိ သစ်ပင်များတွင် တင်နေသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ရန်ခက်ခဲကြောင်း ခရိုင်အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားသည်။ ယခုအချိန်အထိယင်းကားမတော်တဆမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များအကြမ်းဖျင်းသာ ရရှိသေးကြောင်း ၊ လူနှစ်ဒါဇင်ခန့်ကို အနီးတွင်ရှိသည့်ဆေးရုံသို့ တင်ပို့ထားကြောင်း လည်းကောင်းကပင် ပြောကြားခဲ့သည်။ (အင်တာနက်)

**စုစည်းဘာသာပြန်- ဇော်ဦးခိုင်**

(Fatah-Hamas ‘agreement’ returns Palestine to Arab center stage)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)