ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 5, 2011

တရားခွေကြည့်နေသူကိုမဟာချိုင်ပုလိပ်ဖမ်း ၊အံစာတုံးဆုံးဖြတ်ချက်ဖြင့်သက်သာရာရ

>

(မေလ ၅၊၂၀၁၁)
သင်္ကြန်တွင်းကာလ ဒုလ္လဘရဟန်ခံပွဲနှင့် အခြားတရားပွဲများကိုမှတ်တမ်းတင်ထားသည့် တရားအလှူတော်CD
ခွေအား ခေါက်စက်ကလေးဖြင့် ကြည့်ရှုနေသည့် မဟာချိုင်မှ အလုပ်သမား ကိုရဲဝင်း အား ဒေသခံထိုင်းရဲကဖမ်း
ဆီးခေါ်ယူသွားခဲ့ပြီးငွေများစွာတောင်းခံခဲ့ပြီးနောက် အံစာတုံးအဆုံးအဖြတ်ဖြင့်ယမန်နေ့ကပြန်လည်လွတ်
မြောက်လာခဲ့ကြောင်းကာယကံရှင်ကပြောပြသည်။
ယမန်နေ့နေ့လည်ကမဟာချိုင်မြို့ အယ်ကချိုင်လမ်း နှစ်လုံမစ် ၃လမ်းတွင်နေထိုင်သည့်ကိုရဲဝင်းဆို သူနှင့် မိတ်ဆွေတစ်ဦးတို့ သည်သင်္ကြန်တွင်းကာလ ဒုလ္လဘရဟန်းခံပွဲနှင့် အခြားတရားပွဲများကိုမှတ်တမ်းတင်ထား သည့် တရားအလှူတော်CDခွေများအားကြည့်ရှုနေစဉ် မဟာချိုင်ရဲ ၄ဦးရောက်ရှိလာပြီး ခေါက်စက်နှင့်တရားခွေ ၁၅ခွေတို့ အား ခွေကူးသည်ဟုစွတ်စွဲကာဖမ်းဆီးခဲ့သည်။
ကိုရဲဝင်းက“ကျနော်ကကွန်ပျူတာမတတ်ဘူး၊အခန်းမှာကွန်ပျူတာလည်းမရှိဘူး။ခေါက်စက်ကလေးကကြည့်လို့ပဲရတာလေ၊
ခွေတွေကလည်းဆရာတော်က အလှူတုန်းက လာပြီးတော့ လုပ်အားဒါနပြုကြတဲ့သူတွေ သာဓုခေါ် ကြပါစေဆိုပြီး အခမဲ့ ဝေငှပေးခိုင်းလို့ ကျနော့်ဆီကိုရောက်နေတာ။အဲဒါကိုပုလိပ်တွေက လက်မခံဘူး။ ဘတ်၁၀၀၀၀ ပေးရမယ်ဆိုပြီး ကျနော့်ကိုလက်ထိပ်ခတ်ပြီး၎ထပ်ရဲစခန်းကိုခေါ်သွားတယ်။အဲဒီမှာ ဗမာဘာသာပြန်၂ယောက်ရှိတယ်၊သူတို့ ကပါကျနော့်ကိုအမှုကြီးတယ်ဘာညာဆိုပြီးခြိမ်းခြောက်သေးတယ်။ ကျနော်ခွေကူးလို့ ဖမ်းတာဆိုဖမ်းပါစေ၊ခုဟာကမတရားဖမ်းဆီးငွေညှစ်တာဖြစ်တယ်” ဟုပြောသည်။

ကိုရဲဝင်းကအလုပ်အကိုင်မကောင်းသဖြင့်အခန်းခပင်ပုံမှန်မပေးနိုင်ကြောင်း၊ယာယီပတ်စပို့ လုပ်ထားရသဖြင့်
အကြွေးများတင်နေကြောင်း၊ထိုင်းရဲကိုရှင်းပြမေတ္တာရပ်ခံခဲ့သော်လည်းမရရှိခဲ့ပေ။
ကိုရဲဝင်းက တိတ်ခွေအလှူရှင်ဖြစ်သော ရွှေတွံတေးဆရာတော်နှင့်ဒကာ၂ဦးတို့ အားဖုန်းဆက်ခေါ်သဖြင့်
ရောက်ရှိလာခဲ့ပြီး တာဝန်ရှိ ရဲအရာရှိများများအားရှင်းပြကြသည်။တိတ်ခွေကူးယူခြင်းမဟုတ်ကြောင်းစီစစ်
တွေ့ ရှိခဲ့သော်လည်း ဘတ်ငွေ ၆၀၀၀ ပေးမှပြန်လွှတ်ပေးမည်ဖြစ်သည်။ငွေပေးရေးမပေးရေးကို အဆိုပါရဲစခန်း တွင်ရှိသော အံစာတုံးဖြင့်အဆုံးအဖြတ်ပေးရန်သဘောတူကြသည်။
အမည်မဖေါ်လိုသည့် ရွှေတွံတေးဆရာတော် ၏ ဒကာတစ်ဦးက“ဆရာတော်ကိုယ်တိုင်ကြွလာပြီးတော့ရှင်းပြ
တယ်၊ဒါပေမယ့် ဒီအတိုင်းမလွှတ်နိုင်ဘူး၊အံစာတုံးနဲ့ အလောင်းအစားတစ်ခုလုပ်ရမယ်တဲ့ တစ်ကနေသုံးအထိ
ပဲယူယူ လေးကနေခြောက်အထိပဲယူယူ ကြိုက်တာယူပါတဲ့၊ကျနော်က တစ်ကိုရွေးလိုက်တယ်။ကျနော်တို့ အကုန်လုံးတော့ စိတ်ထဲက မိမိတို့ ရဲ့လုပ်ရပ်တွေနဲ့ မိမိတို့ ရဲ့သီလတွေကို ဘုရားအာရုံပြုပြီးသစ္စာဆိုနေကြတယ်။ကံကောင်းစွာနဲ့ နှစ်ကျတယ်ဗျာ၊ဒီတော့မှလွှတ်ပေးလိုက်တော့တယ်” ဟုပြောသည်။
အသင်းဝင်၁၀၀ ခန့် ရှိသော ဒါနမျိုးစေ့မိသားစုအသင်း ခေါင်းဆောင်ဖြစ်သူ ကိုရဲဝင်းကဆက်လက်ပြောပြရာ“
ကျနော်တို့ အသင်းပိုင်က
င်မရာကိုတောင် မနည်းပြန်တောင်းယူရတယ်၊မင်းဓါတ်ပုံရိုက်စားတယ်တဲ့။ ကွန်ပြူတာလည်းကိုင်ခွင့်မရှိဘူး။ကျနော်တို့ ကိုင်ရင်သူတို့ ဖမ်းမယ်၊ငွေညှစ်မယ်။ကျနော်တို့ မြန်မာအလုပ် သမားတွေမှာ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့ တို့ ဝတ်ပါမစ်တို့ တွေကိုဘတ်နှစ်သောင်း လောက်အကုန်ခံပြီးလုပ်ထားတာ။ကျနော်တို့ နည်းပညာလေးတွေသင်မယ်စိတ်ကူးတယ်၊ခုတော့ ကျနော်တို့ မှာ ဘာမှအကာအကွယ်မရှိတဲ့အတွက် အသင်းကိုပါဖျက်ပလိုက်ရမယ်ထင်တယ်” ဟု စိတ်မကောင်းစွာပြောဆို သွားသည်။
မဟာချိုင်ရဲတို့ သည် တက္ကစီပေါ်တွင်ခရီသည်တင်သွားသည်ကိုမြင်သည်နှင့်တပြိုင်နက် မော်တော် ဆိုင်ကယ် များဖြင့်မလွတ်တမ်းလိုက်လံဖမ်းဆီးပြီးငွေတောင်းခံလေ့ရှိသည်။ကားတစ်စီးဖြင့်မဟာချိုင်အနှံ့မောင်းနှင်ပြီး ယာဉ်စည်းကမ်းကိုလိုက်နာခြင်းမရှိပဲ ဘယ်ဘက်ထိုးမောင်းလိုက်၊ညာဘက်ထိုးမောင်းလိုက်ဖြင့် လမ်းတွင်တွှေ့ သမျှ မြန်မာဟုယူဆရသူဟူသမျှကို ကားပေါ်သို့ဖမ်းဆီးတင် ဆောင်ပြီး မတရားငွေကြေးတောင်းခံနေသည် မှာနေ့စဉ်နေ့ တိုင်းဖြစ်သည်။မြန်မာအလုပ်သမားများနေထိုင်သည့် တန်းလျှားများသို့မဟာချိုင်ရဲများ ရောက်ရှိ လာပါက ဖမ်းစရာရှာမရသည့်နေရာများတွင် ၄င်းတို့ တွင်ပါလာသည့် စာရွက်ကို ဂဏန်း၃လုံးရေးလျှက် ချဲထီလောင်းကစားကြောင်းစွတ်စွဲပြောဆိုဖမ်းဆီးတတ်သည်။မဟာချိုင်ရဲများကယာဘစိတ်ကြွဆေးပြား
ထည့်၍ဖမ်းဆီးခံရ သူအချို့ထောင်ဒဏ်နှစ်ရှည်ခံရဆဲဖြစ်သည်။ ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ၅၀ခန်အကွာတွင်ရှိသောပင်လယ်အစားအစာအဓိကထုတ်လုပ်
သည့်မဟာချိုင်မြို့နယ်အတွင်းမြန်မာအလုပ်သမားများသိန်းချီ အလုပ်လုပ်ကိုင်လျှက်ရှိသည်။မဟာချှိုင်တွင် အင်ဒိုလှေနှင့်အခြားငါးဖမ်းလှေများသို့မြန်မာအလုပ်သမားများအားရောင်းဝယ်ဖေါက်ကားသည့်လူကုန်ကူး
ဂိုဏ်းကြီးများကျင်လည်ကျက်စားရာမြို့အဖြစ်လည်းထင်ရှားသည်။

သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)