(မေလ ၃၀၊၂၀၁၁)
ဘန်ကောက်မြို့အနီး မဟာချိုင်မြို့ဝေလ ၈လမ်းတွင်းယမန်နေ့ က မင်္ဂလာဆွမ်းကျွေးပွဲတစ်ခုကျင်းပစဉ်
ဒေသခံထိုင်းရဲများ(၇)ကြိမ်တိုင်တိုင်လာရောက်နှောက်ယှက်ခဲ့ပြီး ငွေကြေးအချို့ ပေးခဲ့ရကြောင်း သတိုး
သား၏ဦးလေး ပြောပြချက်အရသိရှိရသည်။
သတိုးသား ကိုမင်းဦး နှင့်မစမ်းသီတာတို့ ၏မင်္ဂလာဆွမ်းကျွေးခြင်းနှင့်အသိအမှတ်ပြုပွဲအခမ်းအနားကျင်းပ
နေစဉ် မဟာချိုင်ရဲများ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ လာရောက်ပြီးအနှောက်အယှက်ပေးနေခဲ့သည်။သတိုးသား၏ဆွေး
မျိုးတော်စပ်သူ အခန်းရှင် ကိုသက်အောင်က“ မင်္ဂလာဆောင်တာတော့မဟုတ်ဘူး။ဘုန်းကြီးတစ်ပါးပင့်ပြီး
မင်္ဂလာဆွမ်းကျွေးတယ်။မိတ်ဆွေတွေကိုရေခဲမုန့် နဲ့ အချိုရည်တွေတိုက်ကျွေးတယ်။ပုလိပ်တွေရောက်လာပြီး ခွင့်ပြုချက်မရပဲအလုပ်သမားတွေဘာမှလုပ်လို့ မရဘူးတဲ့၊ပုလိပ်ရုံးကိုလိုက်ခဲ့ဖို့် ပြောပေမယ့်ကျနော်မသွားခဲ့ဘူး။
အခန်းပိုင်ရှင်မဆီမှာကျနော်ခွင့်တောင်းပြီးလုပ်တာဖြစ်တယ်။ပထမဆုံးဆိုင်ကယ်နဲ့ လာတဲ့ဆိုင်ကယ်စီးပုလိပ် ၂ယောက်ကိုဘတ်၁၀၀ ပေးလိုက်တယ်။ နောက်ဆုံး၇ခေါက်မြောက် ကားနဲ့လာတဲ့ကားက ဘတ်၃၀၀၀ တောင်းတယ်သတိုးသားကိုကားပေါ်တက်ခိုင်းတယ်။ကားစက်ဆီစရိတ် ဆိုပြီးဘတ် ၅၀၀ ပေးမှ
ပြန်သွားတယ်”

အလုပ်သမား၂၀၀ ၀န်းကျင်ခန့် လာခဲ့သည့် အဆိုပါ မင်္ဂလာဦး ဆွမ်းကျွေးပွဲကို လာရောက်ချီမြှင့်ကြသည့်
အလုပ်သမားအားလုံးတို့ တွင် ယာယီပတ်စပို့ နှင့် မဟာချိုင်ရဲတို့ ထုတ်ပေးထားသည့် တစ်လနေထိုင်ခွင့်
လုပ်ထားသူများအားမဖမ်းဆီးခဲ့သော်လည်း စာရွက်စာတမ်းမပြည့်စုံသည့်အလုပ်သမား ၁၀ဦးထက်မနည်း
ကိုမူဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သတိုးသားကိုမင်းဦးက“ ကျနော်တို့ မင်္ဂလာဆွမ်းကျွေးပွဲကို ပျော်ပျော်ရွှင်ရွှင်
လုပ်ချင်တာပေါ့နှော် ဒါပေမယ့်ဒေသခံထိုင်းရဲတွေ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ဒီလိုလာပြီးတော့ စစ်ဆေးတယ်
မေးမြန်းတယ် ခြိမ်းခြောက်တယ် ငွေတောင်းတယ် ကျနော်တို့ ဘယ်လိုလုပ်ပြီးပျော်ရွှင်နိုင်တော့မလဲဗျာ၊ပွဲကိုမြန်မြန်ရုပ်သိမ်းလိုက်ရတာပေါ့ စုစုပေါင်း(၇)ဖွဲ့ လာတယ်”ဟုစိတ်မကောင်းစွာပြောဆိုသွားသည်။
မဟာချိုင်နယ်မြေအတွင်း ပန်းရံလုပ်ငန်းများအားပုတ်ပြတ်(မောင်)လုပ်ကိုင်သူတစ်ဦးဖြစ်သော မွန်အမျိုး
သား ကိုသားသား ကတပြိုင်တည်းဖြစ်စဉ်အားပြောပြသည်။
“ ကျနော့်အလုပ်သမားတစ်ယောက် ပတ်စပို့ က ပါမလာဘူး၊ပုလိပ်ကတုတ်နဲ့ လိုက်ရိုက်လို့ မျက်လုံးနား
ကိုထိခိုက်သွားတယ်။ ကျနော် ဘတ်၂၀၀၀ ပေးပြီးရွေးလိုက်ရတယ်။ပိုပြီး စိတ်မကောင်းစရာကောင်းတာက
ဆယ်နှစ်၊ဆယ့်သုံးနှစ်အရွယ်မြန်မာကလေးတွေဆယ်ယောက်ကျော်လောက်ရှိတယ်။ဒီမင်္ဂလာပွဲရှေ့ ကကားပေါ်မှာ ကစားပြီးအိပ်နေတဲ့ကလေးတွေ အချို့ကိုလည်းဖမ်းတယ်။ ပြီးတော့ တစ်ယောက်ကို ဘတ်၃၀၀၀
ပေးပြီးရွေးရတယ်” ဟုပြောသည်။
ဘန်ကောက်မြို့နှင့်ကီလိုမီတာ ၅၀ ခန့် အကွာတွင်ရှိသော မဟာချိုင်မြို့သည် လူကုန်ကူးသူများ
ထိုင်းရဲ များနှင့်ထိုင်းလုပ်ငန်းရှင်များ မတရားဖိနှပ်သည့်နယ်မြေအဖြစ်ထင်ရှားသည်။မဟာချိုင်နယ်မြေတွင်
အင်ဂျီအိုအဖွဲ့ အချို့ရှိသော်လည်း လုပ်ငန်းရှင်နှင့်လူကုန်ကူးသူများနှင့် ထိုက်တိုက်ဖြေရှင်းသည်များအထူးရှားပါး သည်။အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုပင်လျှင် ဥပဒေဘောင်အတွင်က ထိရောက်စွာကူ
ညီနိုင်စွမ်းအထူးနည်းပါးကြောင်း မင်္ဂလာပွဲလာအလုပ်သမတစ်ဦးကပြောသည်။
မဟာချိုင်နယ်မြေသို့လူစိမ်းတစ်ဦးဦးတက္ကစီ စီး၍၀င်ရောက်လာပါက ထိုင်းရဲများနှင့် ထိုင်းရဲများ မွေးထား သည့်မွန်မြန်မာဘာသာပြန်များကမရမကလိုက်လံဖမ်းဆီးပြီးငွေကြေးတောင်းခံလေ့ရှိသည်။ငွေမပေးနိုင်သူများကို နယ်စပ်သို့ ပြန်ပို့ လေ့ရှိသည်။လမ်းတွင်သွားလာနေသည့်မြန်မာများ၊ဈေးဝယ်နေသည့်မြန်မာများအား
တစ်ဦးချင်းလိုက်လံစစ်ဆေးပြီးငွေကြေးတောင်းခံလေ့ရှိသည်။မြန်မာအလုပ်သမားများနေထိုင်သည့်အခန်း
များသို့ ဝင်ရောက်ပြီး ငွေရမည့်အနေအထားတစ်ခုတစ်လေ မတွေ့ ရှိရပါက စာရွက်တွင်ရှဲဂဏန်းရေးလိုက်
ပြီး ရှဲထီလောင်းကစားသည်ဟုဆိုကာ ငွေကြေးတောင်းခံမှုလုပ်လေ့ရှိကြောင်းသူမကပြောဆိုသွားသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment