**တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီးလေယာဉ်မှူး ရေတပ်ကင်းလှည့်တာဝန် စတင်ထမ်းဆောင်**
(ဆိုးလ်၊ မေ ၉)
တောင်ကိုရီးယားရေတပ်တွင် ပထမဆုံးသော အမျိုးသမီးစစ်ဘက်လေယာဉ်မှူးအဖြစ် အသက် ၂၆ နှစ်အရွယ်လီဂျိုယွန်းဆိုသူကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ သူမသည် ရေတပ်ကင်းလှည့် လေယာဉ် p-3C၏ လေယာဉ်မှူး
အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ဗိုလ်မှူးလီဂျိုယွန်းသည် ယခုနှစ် ဧပြီ ၂၂ ရက်က တွဲဖက်လေယာဉ်မှူးသင်တန်းကို အောင်မြင်ပြီးမြောက်ခဲ့ပြီး အခြေခံလေယာဉ်မောင်းအတတ် တစ်နှစ်သင်တန်းပြီးဆုံး၍ လက်တွေ့ပျံသန်းမှုကိုလည်း မေ ၃ ရက်အောင်မြင်ခဲ့သည်။ (အင်တာနက်)
**၁၉ လုံးမြောက် ပရီမီးယားလိဂ်ဖလားမန်ယူအတွက် ဖာဂူဆန်ရယူပေးမည်**
(လန်ဒန်၊ မေ ၉)
မန်ယူအသင်းသည် မေ ၈ ရက်ညပိုင်းက ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို အနိုင်ရပြီးနောက် ၁၉ လုံးမြောက်ပရီမီးယားလိဂ် ဖလားကို ရယူမည် ဖြစ်ကြောင်းနည်းပြ ဖာဂူဆန်က ပြောကြားသည်။
လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသည် မတ်လအတွင်းက မန်ယူနောက်မှ ၁၅ မှတ်အကွာဖြင့် ရပ်တည်နေရာမှ မန်ယူနှင့် အပြိုင်ဖလားလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးတို့က ယင်းပြိုင်ပွဲအနိုင်ရလျှင် ဂိုးကွာခြားချက်ဖြင့် ဖယားထိပ်တက်သွားပြီး ဖလားရနိုင်သည်။ သို့သော် မန်ယူ၏အနိုင်ပွဲကြောင့် ဖလားလက်လွတ်လုနီးပါးဖြစ်ခဲ့ရသည်။ မန်ယူတို့ယင်းပွဲအနိုင်ရလိုက်ခြင်းသည် ၂၀၁၀ နှစ်၏ ဧပြီလနောက်ပိုင်း အိမ်ကွင်း ရုံးပွဲမရှိစံချိန်ကိုလည်း ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ပါကစ္စတန်တွင် ဗုံးသုံးလုံးပေါက်ကွဲ၊ နှစ်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ**
(အစ္စလမ္မာဘတ်၊ မေ ၉)
ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် မေ ၈ ရက်က ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွားရာ ပါကစ္စတန်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိသည်။ ဒဏ်ရာရသူများအနက် ငါးဦးမှာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မြောက်ဝါဇီရစ္စတန် ဆာဂျာဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နောက်ဗုံးတစ်လုံးမှာ ပက်ရှိဝါမြို့အနောက်မြောက်ပိုင်းမြို့စွန်ရှိ စီရင်စုနယ်မြေ အုပ်ချုပ်ရေးအရာရှိ တစ်ဦး၏ နေအိမ်အပြင်ဘက်တွင် ပေါက်ကွဲခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူလေးဦးမှာ ထိုအရာရှိ၏ ဆွေမျိုးတော်စပ်သူများဖြစ်ကြောင်း၊ တိုက်ခိုက်ရေးသမာများက ၄င်း၏အိမ်နားရှိဓာတ်မီးတိုင်တွင် ဗုံးထောင်ထားခြင်းဖြစ်ကြောင်း ရဲတက်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းအချိန်အတောအတွင်း အခြားတစ်နေရာတွင်လည်း လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲပြန်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာများရရှိသွားကြသည်။ (အင်တာနက်)
**နယူးဂျာစီ၌ ရထားလမ်းချော် ၊ခရီးသည် ၅၀ ခန့် ဒဏ်ရာရရှိ**
(နယူးယောက်၊ မေ ၉)
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဟိုဘိုကင်မြို့တွင် မေ ၈ ရက်က ခရီးသည်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အေဘီစီ သတင်းဌာနက သတင်းထုတ်ပြန်သည်။
ရထားလမ်းချော်မှုမှာ မေ ၈ ရက်နံနက် ၉ နာရီခန့်က ဟိုဘိုကင်မြို့ဘူတာရုံရှိ အီရီလက်ကာ ၀မ်နာရထားစင်္ကြံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန်- မြင့်မောင်စိုး
(Korea's 1st Female Navy Patrol Pilot Goes to Work)

No comments:
Post a Comment