**မိခင်ဖြစ်သူ အာကာသယာဉ်မှူး သားငယ်နှင့် စကားပြောဆို**
နာဆာ၊ မေ ၈)
အမျိုးသမီးအာကာသယာဉ်မှူး ကာဒီကိုးလ်မင်းသည် မေ ၆ ရက်က အာကာသ၌ အမေနေ့ အတူ ကျင်းပခဲ့သည်။
ကိုးလ်မင်းသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလကတည်းက ကမ္ဘာမြေအထက်မိုင် ၂၂၀ အကွာရှိ နိုင်ငံတကာအာကာသယာဉ်စခန်းသို့ ရောက်ရှိနေခဲ့သူ ဖြစ်သည်။ သူမသည် အမေနေ့ကို အခြားသော အမျိုးသားအာကာသယာဉ်မှူး ငါးဦးနှင့်အတူ ကျင်းပခဲ့သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
(Mississippi River flooding)
**အမေရိကန်၌ မြစ်ရေလျှံပြီး ရေလွှမ်း ၊ဒေသခံ ၁၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်း**
(မင်ဖီစ်၊ မေ ၈)
အမေရိကန်နိုင်ငံတွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မစ္စစ္စပီမြစ်ရေလျှံဖြစ်ပွားရာ နေအိမ်များရေနစ်မြုပ်ပြီးဒေသခံ ၁၀၀၀ကျော်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အမေရိကန်အရာရှိများက မေ ၈ ရက်၌ ပြောကြားသည်။
မစ္စစ္စပစ်မြစ်ရေသည် ၁၉၂၇ ခုနှစ် ၄၅ ဒသမ ၈ ပေအထိ မြင့်တက်ခဲ့ပြီး ၁၉၃၇ ခုနှစ်က ၄၈ ဒသမ ၇ ပေအထိ မြင့်တက်ခဲ့သည်။ ယခု ၄င်းမြစ်ရေအမြင့်မှာ ၄၈ ပေအထိ ရောက်ရှိနေသည်။ (အင်တာနက်)
**ဖိလစ်ပိုင်လေဆိပ်၌ ရပ်ထားသည့်လေယာဉ် မိုးကြိုးပစ်ခံရ၍ လေဆိပ်လုပ်သား ၉ဦးဒဏ်ရာရရှိ**
(မနီလာ၊ မေ ၈)
ဖိလစ်ပိုင်နိုင်ငံ နီနွိုင်းအကွီနို နိုင်ငံတကာလေဆိပ်၌ မေ ၇ ရက် ညဦးပိုင်းက လေယာဉ်ကွင်းအတွင်း ရပ်ထားသော အဲဘတ်စ် ၃၂၀ လေယာဉ် တစ်စင်း မိုးကြိုးပစ်ခံသဖြင့် လေဆိပ်လုပ်သား ၉ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသဆိုင်ရာ ရုပ်မြင်သံကြားသတင်းဌာနက မေ ၈ ရက်တွင်သတင်းထုတ်လွှင့်ခဲ့သည်။
အဆိုပါ ဖိလစ်ပိုင်လေကြောင်းလိုင်းပိုင် လေယာဉ်သည် ဗန်ကောက်မှ ရောက်ရှိလာပြီး မကြာမီ ည ၇ နာရီခန့်က မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ဖော်ပြသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**သုံးဦးသေဆုံး ၊အများစု ရေဘေးဒုက္ခကြုံတွေ့နေရ**
(မနီလာ၊ မေ ၈)
ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း၌ မေ ၈ ရက်က အေရီအမည်ရှိ အပူပိုင်းမှန်တိုင်းတိုက်ခတ်ခဲ့သဖြင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ကာ ယခုအထိသေဆုံးသူသုံးဦးရှိပြီး ထောင်ချီ၍ ရေဘေးဒုက္ခကြုံတွေ့ နေရလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ထိုမုန်တိုင်းသည် ကာတန်ဒူယာနက်ကျွန်းပေါ်သို့ မေ ၈ ရက်မွန်းလွဲပိုင်းတွင် ၀င်ရောက်ခဲ့ကြောင်း ၊ ယင်းမုန်တိုင်းသည် နောက်ရပ်တွင် နိုင်ငံအရှေ့မြောက်ပိုင်းသို့ ဆက်လက်ဝင်ရောက်ဖွယ်ရှိကြောင်း ဖိလစ်ပိုင်မိုးလေ၀သဌာနက ခန့်မှန်းထားသည်။
အဆိုပါ သေဆုံးသူ သုံးဦးမှာ ကမ်မာရီနက် နက်ဆာပြည်နယ်၌ မိုးသည်းထန်းပြီး မြေပြိုခဲ့သဖြင့် သေဆုံးခဲ့ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်
--
(Mother's Day in Space: Astronaut Mom Connects With Son From Orbit)

No comments:
Post a Comment