မြန်မာနိုင်ငံ သမိုင်း တွင် စစ်ယူနီဖောင်း ချွတ်ချကာ ချိတ်ထမီကို ပထမဆုံး ၀တ်ဆင်ပြခဲ့သည့် နိုင်ငံတော်သမ္မတကြီးသည် မြန်မာနိုင်ငံတွင် ခေါင်းဆောင် လုပ်ရသည်ကို အားမရ၍ အာဆီယံတွင် ဥက္ကဌ နေရာကို လိုချင်သောကြောင့် ပြည်သူသဘောထားကို ဆန့်ကျင်ပြကာ လုပ်ချင်တာ မှန်သမျှ စွတ်ရွတ် လုပ်ကိုင်ပြခဲ့သည် ။ ထိုသို့သော အကျိုးဆက်များကြောင့်
တကမ္ဘာလုံးက စောင့်ကြည့်နေသည့် အချိန်တွင် ယခုကဲ့သို့သော ဂန္တာ၀င်မြောက်သည့် အမိန့်ကြေငြာချက်ကို အရှက်မရှိ ရဲဝံ့စွာ ထုတ်ပြန်ပြနိုင်ခဲ့သည်ကို မြန်မာနိုင်ငံသားများ အားလုံး သိရှိစေရန် သူတို့ကိုယ်စား ထပ်မံ တင်ပြလိုက်ရပါသည် ခင်ဗျာ ။
နိုင်ငံတော် သမ္မတကြီးသည် တိုင်းပြည်အရေးကို ပိုမို တိုးတက်ကောင်းမွန်စေရန် ပညာရှင်များအား အကြံပေးအဖြစ် စတင်ခန့်ထားခဲ့သည်ကို ပြည်သူလူထုအားလုံး အမှတ်ရနေအုံးမည်ဟု ထင်မိပါသည် ။ ထိုပညာရှင် အကြံပေးများ၏
ထူးကဲလှသော စိတ်ကူးများကြောင့် နောက်နောင်လည်း ယခုကဲ့သို့ ရူးကြောင်ကြောင် အမိန့်ကြေငြာချက်များကို မကြာခဏ ထုတ်ပြန်သွားမည်ဟု ကြားသိထားရပါသည် ။
လက်ရှိ အစိုးရသည် မည်သူမျှ မကျင့်သုံးသေး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေကြ၍ တကမ္ဘာလုံးမှ ပညာရှင်များ ယခုချိန်ခါဝယ် လွန်စွာမှပင် အလုပ်များလျှက် ရှိပါသည် ။ အထက်ပါ အမိန့်ကြေငြာချက်ကြောင့် Google Search Engine နံမည် ပျက်သွားသလို နံမည်ကြီးပါတယ် ဆိုတဲ့ အဘိဓါန်ပညာရှင်များလည်း တော်တော်လေးကို စိတ်လေသွားကြရလောက်ကို နိုင်းယှဉ်စရာ စကားလုံး သုံးဖို့ အသာထား ဆင်တူယိုးမှားပင် မရှိကြောင်း ညည်းတွားနေကြပါသည် ။ ထိုသို့သော ဂန္ဓာဝင်မြောက်သည့် အမိန့်ကြေငြာချက် ပိုင်ရှင် ကြီးကို မကြာခင် အချိန်ခဏ အတွင်းမှာ ဆုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများအား ကြေငြာမောင်းခတ်ကာ အကြောင်းကြားလိုက်ရပါသည် ခင်ဗျာ.....။
ခင်မင်လေးစားလျှက်
**ဗမာ့သွေး**
http://www.facebook.com/note.php?note_id=216904414993880
ဖတ်ပြီးသွားရင် မိတ်ဆွေတို့ကကော သမ္မတကြီးရဲ့ အမိန့်ကြေငြာချက်ကို ဘယ်လို သဘောထားလည်း ဆိုတာ သမ္မတကြီးနဲ့ အကြံပေး အဖွဲ့က သိချင်လှတယ်လို့
ပြောထားလို့ ဒီနေရာလေးမှာ လာရောက် ရင်ဖွင့်ကြဖို့ အတွက်လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။
**အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်ထုတ်ပြန်**
Monday, 16 May 2011 18:19
အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းနှင့်ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံသစ်အဖြစ်သို့ ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်ထောက်ခံခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ထွန်းလာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရသည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်သူများအား
တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များချမှတ်ခဲ့ရပါကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်ကျသူများအား နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား
ငဲ့ညာသောအားဖြင့်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ) အရ နိုင်ငံတော်သမ္မတသည် ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိပါသည်။
(က)၊ သေဒဏ်ချမှတ်ခံရသူများအတွက် ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း၊
(ခ)၊ ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ်
သတ်မှတ်ထားသော ထောင်ဒဏ်ကို ထောင်ဒဏ်ရရှိပြီးသော လျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၈/၂၀၁၁ အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment