**ပေါ်တူဂီဂိုးသွင်းစက်စီရိုနယ်ဒို လာလီဂါတွင် ဂိုးစံချိန်တင်သွင်းယူ**
(မက်ဒရစ်၊ မေ ၁၆)
ပေါ်တူဂီ ဂိုးသွင်းစက်ဟု ခေါ်ဝေါ်နေခံနေရသည့် စီရိုနယ်ဒိုသည် မေ ၁၆ ရက် နံနက်ပိုင်းက ရီးရဲမက်ဒရစ်နှင့် ဗီလာရီးရီတို့ စပိန်လာလီဂါပွဲစဉ် (၃၇) အဖြစ် ယှဉ်ပြိုင်ကစားစဉ် နှစ်ဂိုးသွင်းယူခဲ့သဖြင့် စပိန်လာလီဂါ သမိုင်းတွင် ဂိုးအများဆုံး သွင်းယူနိုင်သူ ဖြစ်လာသည်။ ယင်းပြိုင်ပွဲတွင် ရီးရဲမက်ဒရစ်က ဗီလာရီးရဲအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ စီနယ်နယ်ဒိုသည် ယင်းပြိုင်ပွဲ၌ ပွဲချိန် ၂၂ မိနစ်နှင့် ပွဲပြီးရန်တစ်မိနစ်အလိုတွင် ဂိုးသွင်းပေးခဲ့ခြင်းဖြစ်သည်။ ၄င်း သည် လွန်ခဲ့သော စပိန်လာလီဂါပြိုင်ပွဲ သုံးပွဲတွင် ကိုးဂိုး သွင်းယူပေးနိုင်ခဲ့သည်။ သူသည် ယခုနှစ် စပိန်လာလီဂါဘောလုံးရာသီတွင် ဂိုးအများဆုံး သွင်းသည့်ဆု ဆွတ်ခူးလိမ့်မည်ဖြစ်သည်။ ပွဲစဉ် (၃၇) အပြီး စုစုပေါင်း ၃၈ ဂိုးသွင်းယူထားသည်။ (အင်တာနက်)
Ajax Amsterdam's soccer coach Frank de Boer, left celebrates with the trophy and assistant coach Denny Blind, right, after winning the Dutch soccer League at the Arena stadium in Amsterdam, The Netherlands, Sunday May 15, 2011. Ajax won the last match of the season against FC Twente, 2-0. (BAS CZERWINSKI / AP)
**အေဂျက်စ်အသင်း အက်ဖ်စီတွမ်တီးကို အနိုင်ယူ၊ယခုနှစ်ဘောလုံးရာသီ၌ ဒတ်ခ်ျလိဂ်ဖလားဆွတ်ခူး**
(အမ်စတာဒမ်၊ မေ ၁၆)
ဒတ်ခ်ျလိဂ်ဘောလုံးပြိုင်ပွဲအဖြစ် မေ ၁၅ ရက်က အေဂျက်စ်နှင့် အက်ဖ်စီတွမ်တီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အေဂျက်စ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဒတ်ခ်ျလိဂ်ဖလားကို ဆွတ်ခူးရရှိသွားပြီးဖြစ်သည်။
အေဂျက်စ်အတွက်ဂိုးများကို ဒီဂျွန်က ပွဲချိန် ၂၃ မိနှစ်နှင့် ၇၈ မိနစ်တို့၌ တစ်ဦးသည်းနှစ်ဂိုးသွင်းယူပေးခဲ့သည်။ ပွဲချိန် ၄၆ မိနစ်၌ အက်ဖ်စီတွမ်တီးအသင်းမှ လန်ဇက်က ဘောလုံးရှင်းထုတ်ရင်း ဂိုးဝင်သွားခဲ့သဖြင့် အေဂျက်စ်တို့ လက်ဆောင်ဂိုး ရရှိခဲ့ပြီး သုံးဂိုရရှိခဲ့ခြင်းဖြစ်သည်။ အက်စ်စီတွမ်တီးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၄၇ မိနစ်၌ ဂျန်ဆင်က သွင်းယူပေးခဲ့ရာမှ အေဂျက်စ်တို့ သုံးဂိုး-တစ်ဂိုးဖြစ် နိုင်ပွဲရရှိခဲ့ ဖြစ်သည်။
ယခုပွဲ၌ အေဂျက်စ်တို့အနိုင်ရရှိပြီးဒတ်ခ်ျလိဂ်ဖလားဆွတ်ခူးနိုင်ခြင်းသည် ၂၀၀၄ ခုနှစ်က ယင်းဖလားရရှိပြီး နောက်ပိုင်း ခုနစ်နှစ်အကြားမှ ဖလားပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
Premier League - Spurs win at Liverpool to go fifth
Tottenham Hotspur leapfrogged Liverpool to go fifth in the Premier League table after beating the Reds 2-0 at Anfield.**ယူရိုပါလိဂ်ဝင်ခွင့်နေရာ စပါးအသင်း သေချာ**
(လန်ဒန်၊ မေ ၁၆)
ပရီမီယာလိဂ်ပွဲစဉ် (၃၇) ဘောလုံးပြိုင်ပွဲများကို မေ ၁၅ ရက်ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ တော့တင်ဟမ်ဟော့စပါးအသင်းက ပြိုင်ဘက်လီဗာပူးကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ယူရိုပါလိဂ်ခြေစစ်ပွဲ ၀င်ခွင့်ရရှိသွားပြီးဖြစ်သည်။
စပါးက လီဗာပူးကို အနိုင်ရခဲ့ခြင်းမှာ လီဗာပူးနည်းပြ ကင်နီဒဲလ်ဂလစ်အမြဲတမ်းနည်းပြအဖြစ် သုံးနှစ်စာချုပ်ဆိုခဲ့ပြီး တစ်ရက်အကြာတွင် အနိုင်ရလိုက်ခြင်း ဖြစ်သည်။
စပါးအသင်းအတွက် အနိုင်ဂိုးများကို ဗန်ဒါဘတ်နှင့် လူကာမိုဒရစ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ စပါးတို့ ယင်းသို့ နိုင်ပွဲရပြီးနောက်ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့သည်။ လီဗာပူးအသင်းသည် ယင်းရှုံးပွဲကြောင့် ငါးပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်မှာ အဆုံးသတ်ခဲ့ရသည်။ (အင်တာနက်)
**၀က်စ်ဟမ်းအသင်းနည်းပြ ဂရန့် ထုတ်ပယ်ခံရ**
(လန်ဒန်၊ မေ ၁၆)
ပရီးမီယာလိဂ်ပွဲစဉ် (၃၇) ပြိုင်ပွဲများကို မေ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ၀က်စ်ဟမ်းအသင်းက ၀ီဂန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပြိုင်ပွဲအပြီး နည်းပြအေဗရာဂရန့်အား ၀က်စ်ဟမ်းအသင်းက ရာထူးမှ ထုတ်ပယ်လိုက်သည်။ ထိုနေ့က ၀က်စ်ဟမ်းအသင်းသည် ၀ီဂန်အသင်းကို နှစ်ဂိုးဦးဆောင်ဂိုးသွင်းယူပြီးမှာ ၀ီဂန်အသင်းက သုံးဂိုးပြန်သွင်းယူခဲ့သည်။ ပြိုင်ပွဲအပြီး ၀က်စ်ဟမ်းအသင်းသည်လည်း တန်းဆင်းခဲ့ရသည်။ (အင်တာနက်)
**မွန်တာရီအား အင်တာမီလန်သို့ ပြန်ခွင့်ပြုမည်**
(လန်ဒန်၊ မေ ၁၆)
ဆန်းဒါးလန်းအသင်းသည် အင်တာမီလန်အသင်းမှ အငှားစာချုပ်ဖြင့် လာရောက်ကစားနေသော ကွင်းလယ်ကစားသမား မွန်တာရီအားချုပ်သက်သမ်း ကုန်ဆုံးပါက အင်တာမီလန်သို့ ပြန်လည်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း မေ ၁၆ရက်၌ ယင်းအသင်း တာဝန်ရှိသူများက မေ ၁၆ ရက်၌ ယင်းအသင်း တာဝန်ရှိသူများက ပြောကြားသည်။
အသက် ၂၆ နှစ်အရွယ်ရှိ မွန်တာရီသည် ပြီးခဲ့သည့် ဇန်န၀ါရီက အငှားစာချုပ်ဖြင့် အင်တာမီလန်မှ ဆန်းဒါးလန်းအသင်းသို့ လာရောက်ကစားနေသူဖြစ်သည်။ ဆန်းဒါးလန်းအသင်းက အစောပိုင်း၌ မွန်တာရီအား အပြီးခေါ်ယ စာချုပ်ရန် စီစဉ်ပြီးနောက် ဒဏ်ရာများရရှိနေသည့်အတွက် ၄င်းအား မိခင်အသင်းသို့သာ ပြန်လည်ကစားခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ကောင်းမြတ်သူ၊ မောင်ချစ်ကြည်
**ပေါ်တူဂီဂိုးသွင်းစက်စီရိုနယ်ဒို လာလီဂါတွင် ဂိုးစံချိန်တင်သွင်းယူ**
(မက်ဒရစ်၊ မေ ၁၆)
ပေါ်တူဂီ ဂိုးသွင်းစက်ဟု ခေါ်ဝေါ်နေခံနေရသည့် စီရိုနယ်ဒိုသည် မေ ၁၆ ရက် နံနက်ပိုင်းက ရီးရဲမက်ဒရစ်နှင့် ဗီလာရီးရီတို့ စပိန်လာလီဂါပွဲစဉ် (၃၇) အဖြစ် ယှဉ်ပြိုင်ကစားစဉ် နှစ်ဂိုးသွင်းယူခဲ့သဖြင့် စပိန်လာလီဂါ သမိုင်းတွင် ဂိုးအများဆုံး သွင်းယူနိုင်သူ ဖြစ်လာသည်။ ယင်းပြိုင်ပွဲတွင် ရီးရဲမက်ဒရစ်က ဗီလာရီးရဲအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ စီနယ်နယ်ဒိုသည် ယင်းပြိုင်ပွဲ၌ ပွဲချိန် ၂၂ မိနစ်နှင့် ပွဲပြီးရန်တစ်မိနစ်အလိုတွင် ဂိုးသွင်းပေးခဲ့ခြင်းဖြစ်သည်။ ၄င်း သည် လွန်ခဲ့သော စပိန်လာလီဂါပြိုင်ပွဲ သုံးပွဲတွင် ကိုးဂိုး သွင်းယူပေးနိုင်ခဲ့သည်။ သူသည် ယခုနှစ် စပိန်လာလီဂါဘောလုံးရာသီတွင် ဂိုးအများဆုံး သွင်းသည့်ဆု ဆွတ်ခူးလိမ့်မည်ဖြစ်သည်။ ပွဲစဉ် (၃၇) အပြီး စုစုပေါင်း ၃၈ ဂိုးသွင်းယူထားသည်။ (အင်တာနက်)
Ajax Amsterdam's soccer coach Frank de Boer, left celebrates with the trophy and assistant coach Denny Blind, right, after winning the Dutch soccer League at the Arena stadium in Amsterdam, The Netherlands, Sunday May 15, 2011. Ajax won the last match of the season against FC Twente, 2-0. (BAS CZERWINSKI / AP)
**အေဂျက်စ်အသင်း အက်ဖ်စီတွမ်တီးကို အနိုင်ယူ၊ယခုနှစ်ဘောလုံးရာသီ၌ ဒတ်ခ်ျလိဂ်ဖလားဆွတ်ခူး**
(အမ်စတာဒမ်၊ မေ ၁၆)
ဒတ်ခ်ျလိဂ်ဘောလုံးပြိုင်ပွဲအဖြစ် မေ ၁၅ ရက်က အေဂျက်စ်နှင့် အက်ဖ်စီတွမ်တီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အေဂျက်စ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဒတ်ခ်ျလိဂ်ဖလားကို ဆွတ်ခူးရရှိသွားပြီးဖြစ်သည်။
အေဂျက်စ်အတွက်ဂိုးများကို ဒီဂျွန်က ပွဲချိန် ၂၃ မိနှစ်နှင့် ၇၈ မိနစ်တို့၌ တစ်ဦးသည်းနှစ်ဂိုးသွင်းယူပေးခဲ့သည်။ ပွဲချိန် ၄၆ မိနစ်၌ အက်ဖ်စီတွမ်တီးအသင်းမှ လန်ဇက်က ဘောလုံးရှင်းထုတ်ရင်း ဂိုးဝင်သွားခဲ့သဖြင့် အေဂျက်စ်တို့ လက်ဆောင်ဂိုး ရရှိခဲ့ပြီး သုံးဂိုရရှိခဲ့ခြင်းဖြစ်သည်။ အက်စ်စီတွမ်တီးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၄၇ မိနစ်၌ ဂျန်ဆင်က သွင်းယူပေးခဲ့ရာမှ အေဂျက်စ်တို့ သုံးဂိုး-တစ်ဂိုးဖြစ် နိုင်ပွဲရရှိခဲ့ ဖြစ်သည်။
ယခုပွဲ၌ အေဂျက်စ်တို့အနိုင်ရရှိပြီးဒတ်ခ်ျလိဂ်ဖလားဆွတ်ခူးနိုင်ခြင်းသည် ၂၀၀၄ ခုနှစ်က ယင်းဖလားရရှိပြီး နောက်ပိုင်း ခုနစ်နှစ်အကြားမှ ဖလားပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)Premier League - Spurs win at Liverpool to go fifth
Tottenham Hotspur leapfrogged Liverpool to go fifth in the Premier League table after beating the Reds 2-0 at Anfield.
**ယူရိုပါလိဂ်ဝင်ခွင့်နေရာ စပါးအသင်း သေချာ**
(လန်ဒန်၊ မေ ၁၆)
ပရီမီယာလိဂ်ပွဲစဉ် (၃၇) ဘောလုံးပြိုင်ပွဲများကို မေ ၁၅ ရက်ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ တော့တင်ဟမ်ဟော့စပါးအသင်းက ပြိုင်ဘက်လီဗာပူးကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ယူရိုပါလိဂ်ခြေစစ်ပွဲ ၀င်ခွင့်ရရှိသွားပြီးဖြစ်သည်။
စပါးက လီဗာပူးကို အနိုင်ရခဲ့ခြင်းမှာ လီဗာပူးနည်းပြ ကင်နီဒဲလ်ဂလစ်အမြဲတမ်းနည်းပြအဖြစ် သုံးနှစ်စာချုပ်ဆိုခဲ့ပြီး တစ်ရက်အကြာတွင် အနိုင်ရလိုက်ခြင်း ဖြစ်သည်။
စပါးအသင်းအတွက် အနိုင်ဂိုးများကို ဗန်ဒါဘတ်နှင့် လူကာမိုဒရစ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ စပါးတို့ ယင်းသို့ နိုင်ပွဲရပြီးနောက်ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့သည်။ လီဗာပူးအသင်းသည် ယင်းရှုံးပွဲကြောင့် ငါးပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်မှာ အဆုံးသတ်ခဲ့ရသည်။ (အင်တာနက်)
**၀က်စ်ဟမ်းအသင်းနည်းပြ ဂရန့် ထုတ်ပယ်ခံရ**
(လန်ဒန်၊ မေ ၁၆)
ပရီးမီယာလိဂ်ပွဲစဉ် (၃၇) ပြိုင်ပွဲများကို မေ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ၀က်စ်ဟမ်းအသင်းက ၀ီဂန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပြိုင်ပွဲအပြီး နည်းပြအေဗရာဂရန့်အား ၀က်စ်ဟမ်းအသင်းက ရာထူးမှ ထုတ်ပယ်လိုက်သည်။ ထိုနေ့က ၀က်စ်ဟမ်းအသင်းသည် ၀ီဂန်အသင်းကို နှစ်ဂိုးဦးဆောင်ဂိုးသွင်းယူပြီးမှာ ၀ီဂန်အသင်းက သုံးဂိုးပြန်သွင်းယူခဲ့သည်။ ပြိုင်ပွဲအပြီး ၀က်စ်ဟမ်းအသင်းသည်လည်း တန်းဆင်းခဲ့ရသည်။ (အင်တာနက်)
**မွန်တာရီအား အင်တာမီလန်သို့ ပြန်ခွင့်ပြုမည်**
(လန်ဒန်၊ မေ ၁၆)
ဆန်းဒါးလန်းအသင်းသည် အင်တာမီလန်အသင်းမှ အငှားစာချုပ်ဖြင့် လာရောက်ကစားနေသော ကွင်းလယ်ကစားသမား မွန်တာရီအားချုပ်သက်သမ်း ကုန်ဆုံးပါက အင်တာမီလန်သို့ ပြန်လည်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း မေ ၁၆ရက်၌ ယင်းအသင်း တာဝန်ရှိသူများက မေ ၁၆ ရက်၌ ယင်းအသင်း တာဝန်ရှိသူများက ပြောကြားသည်။
အသက် ၂၆ နှစ်အရွယ်ရှိ မွန်တာရီသည် ပြီးခဲ့သည့် ဇန်န၀ါရီက အငှားစာချုပ်ဖြင့် အင်တာမီလန်မှ ဆန်းဒါးလန်းအသင်းသို့ လာရောက်ကစားနေသူဖြစ်သည်။ ဆန်းဒါးလန်းအသင်းက အစောပိုင်း၌ မွန်တာရီအား အပြီးခေါ်ယ စာချုပ်ရန် စီစဉ်ပြီးနောက် ဒဏ်ရာများရရှိနေသည့်အတွက် ၄င်းအား မိခင်အသင်းသို့သာ ပြန်လည်ကစားခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ကောင်းမြတ်သူ၊ မောင်ချစ်ကြည်
No comments:
Post a Comment