ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 18, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
(Building gas blast kills 2, injures 12 in NE China)
**တရုတ်လူနေအဆောက်အအုံတစ်ခုအတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး**
(ဒါလင်၊ မေ၁၆)
တရုတ်နိုင်ငံ လျောင်းနင်းပြည်နယ် အရှေ့မြောက်ပိုင်းတွင်ရှိသည့် လူနေအဆောက်အအုံတစ်ခုအတွင်း မေ ၁၆ ရက် နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲပြီး မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။ ထိုဓာတ်ငွေ့ပေါက်ကွဲမီးလောင်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရရှိသူ ၁၂ ဦးရှိကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောကြားသည်။ ဖြစ်ပွားမှုမှာ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည် ဒါလင်မြို့ရှိ လူနေအထပ်မြင့် အဆောက်အအုံတွင် နံနက် ၆ နာရီ ၅၈ မိနစ်၌ အဆိုပါ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းအဆောက်အအုံ ခြောက်လွှာစလုံးရှိပြတင်းမှန်များ အစိတ်စိတ်ကွဲခဲ့ပြီး သုံးထပ်ရှိဝရန်တာတစ်ခုလည်း ပျက်စီးခဲ့သည်။ (အမ်အင်န်၊ ဆင်ဟွာ)

(Fire threat to Siberia's forests ….
Siberia's forests are facing an unprecedented threat from fire, according to Russian scientists)
**ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၌ တောမီးလောင်ကျွမ်း**
(မော်စကို၊ မေ ၁၆)
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် မေ ၁၅ ရက်က တောမီးလောင်ကျွန်းမှုဖြစ်ပွားရာ သစ်တောမြေဟက်တာ ၁၅၀၀ ခန့် မီးလောင်ကျွမ်းခံခဲ့ရကြောင်း ရုရှားနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးဌာနက မေ ၁၆ ရက်၌ သတင်းထုတ်ပြန်သည်။
ဆိုက်ဘေးရီးယားဒေသတွင် သဘာဝသစ်တောနယ်မြေ ၁၀၆ ခု တရားဝင်မှတ်ပေးထားရာ ယခုမီးလောင်ကျွမ်းမှုကြောင့် သဘာဝသစ်တောနယ်မြေ ၅၂ ခု ပျက်စီးခဲ့ရသည်။
တောမီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင်မားနှင့် ဒေသခံပြည်သူ ၂၃၀၀ ကျော်တို့ပူးတွဲကာ မီးသတ်ယာဉ်များ၊ မီးငြှိင်းသတ်ရေးအထောက်အကူပြုပစ္စည်းများဖြင့် မီးငြှိမ်းသတ်ခဲ့ကြသည်။ (အင်တာနက်)

**ကမ္ဘာ့အကောင်းဆုံး မုတ်ဆိတ်ကျင်စွယ်ပြိုင်ပွဲ ဂျာမန်လူမျိုးအနိုင်ရဗိုလ်စွဲ**
(တာရွမ်ဟမ်း၊ မေ ၁၆)
နော်ဝေနိုင်ငံ တာရွန်ဟမ်းမြို့တွင် ကမ္ဘာ့အကောင်းဆုံး မုတ်ဆိတ်ကျင်စွယ်ပြိုင်ပွဲကျင်းပခဲ့ရာ ဂျာမန်လူမျိုး အာမာဝစ်ဆာကအကောင်းဆုံး မုတ်ဆိတ်ကျင်စွယ်ပိုင်ရှင်အဖြစ် တံခွန်စိုက်ဆုကို မေ ၁၆ ရက်က ရရှိသွားခဲ့သည်။
အာမာဝစ်ဆာသည် သူ၏မုတ်ဆိတ်တွင် ဦးချိုပါသမင်တစ်ကောင်ပုံကို ဒီဇိုင်းပြုလုပ်ပြီး ပြိုင်ပွဲဝင်ခဲ့ရာ အဆင့်မြင့်ပြိုင်ပွဲဝင် ၁၆၀ အားဖြတ်ကျော်အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အာမာဝမ်ဆာ၏ ထိုမုတ်ဆိတ်ပုံစံကို သူ၏အစ်မဖြစ်သူကပါ ၀ိုင်းဝန်းကူညီပုံသွင်းပေးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**မက္ကဆီကို၌ ပစ်ခတ်မှု ကိုးဦးသေဆုံး**
(မက္ကဆီကိုစီးတီး၊ မေ ၁၆)
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းအိုဇာကာပြည်နယ်တွင် မေ ၁၅ ရက်ကဒေသခံတစ်စုအား သေနတ်သမားများက တိုက်ခိုက်သဖြင့် အနည်းဆုံး ကိုးဦးသေဆုံးပြီး ၁၀ ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်သည့်နေရာမှာ အိုဇာကာပြည်နယ်မြို့တော်မှ ခြောက်နာရီခန့်ကြာအောင်သွားရသည့် ဆန်တီယာဂိုချိုပန်မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုအထိ ကိုးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားသည် ဟူသော သတင်းသာရရှိသေးကြောင်းပြည်နယ် ပြည်သူ့လုံခြုံရေးရုံးက ပြောကြားသည်။ (အင်တာနက်)

**အင်ဒဲဗားအာကာသယာဉ် အောင်မြင်စွာလွှတ်တင်**
(၀ါရှင်တန်၊ မေ ၁၆)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ အင်ဒဲဗားအာကာသလွန်းပြန်ယာဉ်ကို မေ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၆ မိနစ်က အောင်မြင်စွာလွှတ်တင်လိုက်ကြောင်း နာဆာက သတင်းထုတ်ပြန်သည်။ အင်ဒဲဗားအာကာသယာဉ်အား ကနေဒီအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင်ပြီး ၈ မိနစ် စက္ကန့် ၃၀ အကြာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားသည်။ (အင်တာနက်)

**ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ကရာချိမြို့၌ ပစ်ခတ်ခံရ**
(ကရာချိ၊ မေ ၁၆)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မေ ၁၆ ရက်က ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးပိုင်ကားတစ်စီးကို မော်တော်ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ခုက တိုက်ခိုက်ရာ ဆောဒီကောင်စစ်ဝန် သေဆုံးသွားကြောင်း ရဲဝန်ထမ်းများနှင့် ဆော်ဒီသံရုံး တာဝန်ရှိသူများက ပြောကြားသည်။ဆိုင်ကယ်နှစ်စီးကို နှစ်ယောက်စီ စီးလာကြသည့် လက်နက်ကိုင်လေးယောက်သည် ဆော်ဒီကောင်စစ်ဝန်၏ကားကို တစ်ဖက် တစ်စီးညှပ်၍ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပစ်ခတ်ခံရသည့် ဆော်ဒီကောင်စစ်ဝန်သည် သူ၏ အိမ်မှရုံးသို့ ကိုယ်တိုင် ကားမောင်းလာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၄င်းရဲအရာရှိကပင် ဆက်လက်ပြောကြားသည်။ (အမ်အင်န်အေ၊ ရိုက်တာ)

စုစည်းဘာသာပြန်-ဇော်ဦးခိုင်၊ မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)