(မေလ ၂၂၊ထိုင်းဘာသာပြန်- ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)
ယမန် နေ့ ညနေပိုင်းက ဘန်ကောက်မြို့သို့ တရားမ၀င်မြန်မာအလုပ်သမား ၁၀ဦး တင်ဆောင်လာသည့် အချုပ်ကားအမှတ် ၄၇၄၊ကားနံပါတ်၃၁-၈၇၅၆ကို တာ့ခ်ခရိုင်နယ်ခြားစောင့် စစ်ဆေးရေးဂိတ် (Ban Huai Hin်Fon)တွင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသည့်တရားမ၀င်မြန်မာအလုပ်သမားအမျိုးသမီး၎ဦးနှင့်အမျိုးသား၆ဦးတို့ မှာအသက် ၁၇နှင့်၂၀နှစ် အတွင်းရှိကြသူများဖြစ်သည်။ကားခေါင်းခန်းအားဆက်လက်ရှာဖွေရာ ဘတ်ငွေ ၃၄၂၀၀ ကိုလည်းတွေ့ ရှိ
သိမ်း ဆည်းလိုက်ကြသည်။

လူကုန်ကူးသူများနှင့်အတူထိုင်းရဲအရာရှိများကိုယ်တိုင်အချုပ်ကားဖြင့်တရားမ၀င်အလုပ်သမားများဘန်ကောက်
မြို့သို့တင်ပို့ နေကြောင်းသတင်းအရတာဝန်ရှိသူများက တာ့ခ်ခရိုင်၊မဲဆောက်မြို့မယ်ပရပ်ကွက်အနီးတွင်ရှိသော အဆိုပါ စစ်ဆေးရေးဂိတ်တွင်စောင့်ဆိုင်းနေခဲ့ကြသည်။နံနက် ၉နာရီခန့် က အချုပ်ကားတစ်စီးစစ်ဆေးရေးစခန်း အားဖြတ်သန်းစဉ်စစ်ဆေးရန်တားဆီးခဲ့သော်လည်းစစ်ဆေးမခံပဲမောင်းပြေလွတ်မြောက်သွားခဲ့သည်။ညနေ၅နာရီတွင်
အလားတူ ကားတစ်စီးစစ်ဆေးမခံပဲ မောင်းပြေးလွတ်မြောက်သွားခဲ့ပြန်သည်။
ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးနိုင်ရန် ကားနှင့်ဆိုင်ကယ်တို့အား အဆင်သင့်ပြင်ဆင်ပြီးစောင့်
ဆိုင်းနေခဲ့ကြသည်။ညနေ၇နာရီတွင်အလားတူကားတစ်စီးမောင်းပြေးသွားပြန်သည်။ညနေ၇နာရီ၂၀မိနစ်တွင်မောင်းလာသည့်
ကားလည်းထွက်ပြေးပြန်သည်။တာဝန်ရှိသူများလိုက်လံပြီးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖမ်ဆီးရမိသည့်ကားမောင်းသူမှာ ရိုးရိုးသာမန်ရဲသား ဗွီလာဆ၀န်ဆိုသူဖြစ်သည်။မနေ့ ကသူတို့ မြန်မာအလုပ်သမား၇၁ဦး ကို ခွဲပြီးသယ်ဆောင်ခဲ့ကြောင်းထွက်ဆိုသွားခဲ့သည်။ဖမ်းဆီးရမိသည့်ကားမောင်းသည့်ထိုင်းရဲသားနှင့်လူကုန်ကူး ခံရသူများအား ထိုင်းလူကုန်ကူးမှုဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းစာ တွင်ရေးသားဖေါ်ပြထားသည်။

No comments:
Post a Comment