(South Africa commuter train crash injures more than 700)
**တောင်အာဖရိကနိုင်ငံ ဆိုဝီတိုမြို့၌ ရထားတိုက်၊ ဒဏ်ရာရသူ ၈၅၇ ဦးရှိ**
(ဂျိုဟန်နစ္စဘတ်၊မေ ၂၀)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့အနီးဆိုဝီတိုမြို့၌ မေ ၁၉ ရက် ညနေပိုင်းက ရထားတိုက်မှု ဖြစ်ပွားရာ လူ ၈၅၇ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မီးရထားတာဝန်ရှိသူများက မေ ၂၀ ရက်တွင်ပြောကြားသည်။ ခရီးသည်တင်ရထားတစ်စင်းသည် ခရီးသွားများ အလွန်များပြားသည့် အချိန်ဖြစ်သည့် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၅၀ တွင် ဘူတာ၌ ရပ်ထားသည့် အခြားရထား တစ်စင်းကို နောက်မှ ၀င်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခရီးသည်များပြတင်းပေါက်များမှ လွင့်စဉ်ကျကုန်ကြောင်း တောင်အာဖရိက မီးရထားလုံခြုံရေးအဖွဲ့က ပြောကြားသည်။ (အင်တာနက်)

(Japanese electric car 'goes 300km' on single charge)
**ဘက်ထရီအား တစ်ခါသွင်းထားပေးလျှင် မိုင် ၂၀၀ ကျော်နိုင်သည့် လျှပ်စစ်မော်တော်ကား**
(တိုကျို၊ မေ ၂၀)
ဂျပန်လျှပ်စစ်မော်တော်ကား တီထွင်လုပ်သူများသည် ဘက်ထရီအားတစ်ခါသွင်းထားလျှင် ခရီးကီလိုမီတာ ၃၀၀ ကျော် မောင်းနှင် နိုင်သည့် လျှပ်စစ်မော်တော်ကားကို မေ ၁၈ ရက်က အများပြည်သူများအား ပြသခဲ့သည်။
ယင်းမော်တော်ကားကို ၂၀၁၃ ခုနှစ်တွင် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း အက်စ်အိုင်အမ် မော်တော်ကားထုတ်လုပ်ရေးကုမ္မဏီ၏ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ အက်စ်အိုင်အမ် - အယ်လ်အီးအိုင်ဟု အမည်ပေးထားသည့် အဆိုပါလျှပ်စစ် မော်တော်ကားသည် ထိုင်ခုံလေးခုံးပါရှိ ကြောင်း ၊ ဘက်ထရီအားတစ်ခါသွင်းထားလျှင် ကီလိုမီတာ ၃၃၃ ကီလိုမီတာ (၂၀၇မိုင်) အထိ မောင်းနှင်နိုင်ကြောင်း ၄င်းကုမ္မဏီက ပြောကြားသည်။ (အမ်အင်န်၊ ဆင်ဟွာ)
**တရုတ်တွင် ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျ၊ တစ်ဦးသေဆုံး၊ ဒဏ်ရာရသူခုနစ်ဦးရှိ**
(၀ူဟန်၊ မေ ၂၀)
တရုတ်နိုင်ငံတွင် ဆောက်လုပ်ဆဲတိုက်တစ်လုံး ပြိုကျမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၀ ရက်၌ ပြောကြားသည်။ ဟူဘေးပြည်နယ်၏ မြို့တော် ၀ူဟန်မြို့စွန်တွင် ဆောက်လုပ်နေသည့် ငါးထပ်တိုက်မှာ မေ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့က တိုက်ပြိုအုတ်ပျက်မျာ အကြားမှ အလောင်းတစ်လောင်းကို ရှာဖွေတွေ့ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရနေသည့် လူခုနစ်ဦးကိုလည်း ကယ်ထုတ်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးဝန်ထမ်းများသည် တိုက်အပျက်အစီးများအကြား ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ထားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**အမေရိကန်နိုင်ငံသားအလုပ်လက်မဲ့နှုန်း ၂၀၁၂ ခုနှစ်တွင် ဆက်လက်မြင့်တက်နေမည်**
(၀ါရှင်တန်၊ မေ ၂၀)
အမေရိကန်နိုင်ငံ၌ ၂၀၁၂ အကုန်တွင် အလုပ်လက်မဲ့နှုန်းမှာ ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်က ကြိုတင်ခန့်မှန်းလိုက်သည်။ အမေ ၁၈ ရက်က ထုတ်ပြန်သည့် ဗဟိုဘဏ် တံခါးဖွင့်ဈေးကွက်ကော်စတီ၏ ဧပြီလ အစည်းအဝေးမှတ်တမ်းအရ ၂၀၁၂ ခုနှစ်တွင် အမေရိကန် အလုပ်လက်မဲ့နှုန်းမှာ ၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၉ ရာခိုင်နှုန်းအကြားတွင် ရှိနေမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်၌လည်း အမေရိကန်အလုပ်လက်မဲ့နှုန်းမှာ အကြီးအကျယ်ပြောင်းလဲသွားမည့် လက္ခဏာအမရှိဘဲ ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၇ ရာခိုင်နှုန်းအကြားရှိနေမည်ဟု ခန့်မှန်းကြောင်း သိရသည်။ (အင်တာနက်)
**မက္ကဆီကို၌ ထောင်တွင်းခိုက်ရန်ဖြစ် ရှစ်ဦးသေဆုံး**
(ဂိုမာဇ်ပါလာစီရို၊ မေ ၂၀ )
မက္ကဆီကိုရှိ အကျင်းထောင်တစ်ခုတွင် ထောတွင်းခိုက်ရန်ဖြစ်ခဲ့ရာ အကျဉ်းသားရှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားသည်။ ခိုက်ရန်ဖြစ်ပွားသည့် ထောင်မှာ ဒါရန်ဂိုမြို့ မြောက်ပိုင်းတွင်ရှိပြီး အကျဉ်းသားများက သေနတ်များ၊ ဓားများသုံးကာ ရန်ပွဲဖြစ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထောင်တွင်းရန်ပွဲမှာ မိနစ် ၂၀ ခန့်ကြာပြီးမှ ထောင်အာဏာပိုင်များကငြိမ်သက်အောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဓားတစ်ဒါဇင်ခန့်နှင့် သေနတ်များကို သိမ်းဆည်းရမိကြောင်း သတင်းတွင် ဖော်ပြသည်။ (အမ်အင်န်အေ၊ အေအက်ဖ်ပီ)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:
Post a Comment