ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 9, 2011

ဒမတ်စကပ်စ် နွေဦးလှုပ်ရှားမှု

>
(Although Syria is poised to end its draconian decades-old emergency laws, government forces continue to crack down on the opposition and the unprecedented pro-democracy protests that have erupted across the country.)

“ဒမတ်စကပ်စ် နွေဦးလှုပ်ရှားမှု” တဲ့။ “ဆီးရီးယန်း ပညာတတ် (၉၉) ယောက်ရဲ့ကြေငြာစာတမ်း” တစောင်ဟာ၂၀၀၀ ခုနှစ်ရဲ့ခုလိုနွေဦးမှာ အလျှံညီးညီးတောက်လောင်ခဲ့ဘူးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ အချိန်တန်လာရင် အလိုလိုမြူးကြွပြီးရောက်လာတဲ့သင်္ကြန်သီချင်းသံတွေလို ဖြစ်ခဲ့မယ်ဆိုရင်တော့ ကောင်းမှာပေါ့။ ဒါပေမဲ့ သမိုင်းမှာ အဲ့သလိုမျိုးမဖြစ်ခဲ့ပါဘူး။

လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ ဆီးရီးယားနိုင်ငံရဲ့အစိုးရသစ်ကိုမေးခွန်းထုတ်၊လှုပ်ရှားကြတဲ့ လူထုဖိုရမ်တွေအကြောင်းတင်ပြထားပါတယ်။

နှစ်သစ်မှာ မိတ်ဆွေတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

**သောတရှင်များခင်ဗျား**

လွန်ခဲ့တဲ့ အပတ်က ဆီးရီးနိုင်ငံဟာမာမြို့က အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေအကြောင်းကိုတင်ပြခဲ့ပါတယ်။

ဒီတပတ်မှာတော့ ဆီးရီးယားနိုင်ငံရဲ့အာဏာရှင်စံနစ်ကိုဆက်လက်တိုက်ပွဲဝင်ကြတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေကို တင်ပြပါရစေ။

“ဆီးရီးယား စစ်အာဏာသိမ်းခေါင်းဆောင် ဟာဖက်ဇ် အာဆက်ဒ်ဟာ ပြည်တွင်းကအတိုက်အခံနိုင်ငံရေးသမားတွေကို

ချေမှုန်းခဲ့ယုံသာမကဘူး၊ ဒေသဆိုင်ရာနိုင်ငံရေး ပြဿနာတွေကို ဝင်ရောက်ပါဝင်ခဲ့ပုံကလည်း ရှုပ်ထွေးရက်စက်

လွန်းလှတယ်။အထူးသဖြင့် လက်ဘနွန်ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့အခါ၊ သူ့ရဲ့အမျိုးသားရေးအမြင်ကို ငြင်းဆန်သူတွေလို့ ယူဆရတဲ့လက်ဘနွန်နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်လေ့ရှိတယ်။ လက်ဘနွန်နိုင်ငံကို ဝင်ရောက်ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ ဒါပေမဲ့ တဘက်မှာတော့ ဆဒမ်ဟူစိန်နဲ့ညှိုးသူရန်ဘက်ဖြစ်ခဲ့သလို၊ ဆဒမ်ဟူစိန်က ကူဝိတ်ကို ကျူးကျော်သိမ်းပိုက်တဲ့အခါ အမေရိကန်ပြည်ထောင်စုရဲ့မဟာမိတ်အဖွဲ့ချုပ်နဲ့ပေါင်းပြီး အီရတ်စစ်တပ်ကို မောင်းထုတ်တိုက်ခိုက်ဖို့ကူညီခဲ့တယ်။အာဏာတည်မြဲရေးအတွက် အနောက်အုပ်စုနဲ့အဆင်ပြေအောင်နေထိုင်ခဲ့ပြန်တယ်။ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ ဟာဖက်ဇ် အာဆက်ဒ် ကွယ်လွန်သွားခဲ့တယ်”

အာဆက်ဒ်အစိုးရခေါင်းဆောင်တွေဟာ ဆီးရီးယားနိုင်ငံရဲ့အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲလိုက်ပါတယ်။

ဟာဖက်ဇ် အာဆက်ရဲ့သားဖြစ်သူ ဘရှာ အာဆက် ထံ အာဏာ အပ်နှင်ချင်တာကြောင့်သမ္မတအဖြစ်ဝင်ရောက်ရွေးချယ်နိုင်ခွင့်

ရှိသူရဲ့အသက်ကန့်သတ်ချက်ကို ၄၀ နှစ်မှ၃၄ နှစ်အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ ဒီလိုနဲ့ အာဏာရှင် အာဆက်သေဆုံးအပြီး နောက်တလအကြာမှာ သူ့ရဲ့သားတော်မောင် ဘရှာအာဆက်ဒ်ဟာ ဆီးရီးယားနိုင်ငံသမ္မတ အဖြစ်ရောက်ရှိလာခဲ့ပါတယ်။

“ ဘရှာ အာဆက်ဒ်က အနောက်တိုင်းပညာတတ်တယောက်ဆိုတော့ ပြုပြင်ပြောင်းလဲရေးလုပ်လိမ့်မယ် လို့ ကျနော်တို့အားလုံး

မျှော်လင့်ခဲ့ကြတယ်။ နိုင်ငံရေးစိတ်ဝင်စားသူအားလုံးကလည်းဆီးရီးယားနိုင်ငံတွင်းမှာ ဟာမာမြို့က အစုလိုက်အပြုံလိုက်

လူသတ်ပွဲတွေအပါအဝင်၊ အကျဉ်းထောင်ထဲမှာ နှစ်ရှည်ထောင်သွင်းအကျဉ်းချခံနေရတဲ့နိုင်ငံရေးလှုပ်ရှားသူတွေအကြောင်း

တိုးတိုးတိတ်တိတ်ပြောဆိုနေဖြစ်ကြတယ်လေ။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အိမ်မှာ စုဆုံစကားပြောဖြစ်ကြပြီး

ဆီးရီးယားနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ ဖိနှိပ်မှုတွေကို ဘယ်လိုပြောင်းလဲပစ်ရမလဲဆိုတာတွေ ဆွေးနွေးခဲ့ကြတယ်။ စာရွက်စာတမ်းမပါတဲ့၊ ပါးစပ်သဘောတူညီမှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီးတဲ့နောက်၊ ကျနော်တို့ရဲ့လှုပ်ရှားမှုကို

နောက်တဆင့် မြှင့်တင်ကြရတော့တယ်။”

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်လွန်ကာလတွေမှာတော့ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်ရဲ့လမ်းမတွေက ပြောင်းလဲခဲ့ပါပြီ။

ဆီးရီးယားအစိုးရဟာ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့လုပ်ကြံသတ်ဖြတ်မှုတွေ၊ ကားဗုံးခွဲသံတွေ ကို တားဆီးနိုင်ခဲ့ပေမဲ့

ဒမတ်စကပ်ရဲ့နွေဦးမှာ အသက်ဝင်လာတဲ့ ဆီးရီးယားပြည်သူတွေရဲ့ပွင့်ပွင့်လင်းလင်း အန်တုတောင်းဆိုသံတွေက

မှင်သက် အံ့အားသင့်စေခဲ့ပါတယ်။

“ဆီးရီးယားစစ်ထောက်လှမ်းရေးတွေရဲ့အမြဲမပြတ်စောင့်ကြည့်နေမှုကြောင့်ဘာတခုမှလှုပ်ရှားလို့မရခဲ့ဘူး။

ဒါပေမဲ့ သမ္မတသစ် ဘာရှာ အာဆက်ဒ် က နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေပြုလုပ်ပေးမယ် ဆိုတဲ့ ဂတိစကားတွေအပေါ်

နင်းလိုက်ပြီး၊ ကျနော်တို့တတွေဟာ လူမှုကွန်ယက်တွေဖွဲ့ပြီး နိုင်ငံရေးပွင့်လင်းမှုတွေကို စတင်ဖေါ်ဆောင်ကြဖို့အတွက်ငြင်းခုန်

ဆွေးနွေးကြတယ်။ ပညာတတ်တွေက ဦးဆောင်လှုပ်ရှားခဲ့ကြတယ်။နောက်ပိုင်းမှာ ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာ၊ သတင်းစာအယ်ဒီတာတွေ၊ တက္ကသိုလ်ပါမောက္ခတွေပါဝင်လာခဲ့ကြပြီး လူထု ဖိုရမ်တွေကိုဖွဲ့စည်းတည်ဆောက်ကြတယ်။

သိတ်မကြာဘူး၊ထင်ရှားကျော်ကြားတဲ့ ပညာတတ် ၉၉ ယောက် ရဲ့ ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်တယ်။

အဲ့ဒီကြေငြာစာတမ်းမှာ ၁၉၆၂ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးရမယ်။ မာရှယ်လောစစ်အုပ်ချုပ်ရေးနဲ့ အထူးစစ်ခုံရုံးတွေကို ဖျက်သိမ်းပေးရမယ်။

ဆီးရီးယားနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မှာ ပါဝင်နေတဲ့ “အာရပ် ဆိုရှယ်လစ် ဘာ့ဒ်ပါတီသည် နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းကို ဦးဆောင် လမ်းညွှန်သွားမည်ဆိုတဲ့ အချက်ကို ဖျက်သိမ်းပေးရမယ်။ နိုင်ငံရေးအကျဉ်းသမားတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးပြီး

လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေဖွဲ့စည်းပိုင်ခွင့်ရှိရမယ် ဆိုတဲ့အချက်တွေကို ခိုင်ခိုင်မာမာတောင်းဆိုလိုက်ကြတယ်”

ဆီးရီးယားသမ္မတသစ် ဘရှာ ဆာဒက်ဒ်ဟာ ဒမတ်စကပ်နွေဦးလှုပ်ရှားမှုကို ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာမတွေးတတ်အောင်

ဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့အဲ့ဒီလှုပ်ရှားမှုမှာ နိုင်ငံကိုပြုပြင်ပြောင်းလဲချင်တဲ့ ဆိုရှယ်လစ်ဘာ့ဒ်ပါတီက ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ အနုပညာသည်တွေ၊ ပညာတတ်တွေပါဝင်နေတဲ့အတွက်ဖြစ်ပါတယ်။

“ ဒမတ်စကပ်လှုပ်ရှားမှုဟာ နိုင်ငံရေးတခုတည်းသာမကဘူး။ အာရပ်ကမ္ဘာရဲ့အတွေးအခေါ်တွေ၊ လူမှုပြဿနာတွေကို မေးခွန်းထုတ်

စဉ်းစားခိုင်းတာကြောင့် အာရပ်ကမ္ဘာကပြည်သူတွေ၊နိုင်ငံရေးသမားတွေရဲ့ စာနာထောက်ခံမှုကိုရခဲ့ကြတယ်။

စီးပွားရေးပြုပြင်ပြောင်းလဲဖို့ဆိုတာ အုပ်စိုးသူလူတန်းစားတွေရဲ့နိုင်ငံရေးအမျှော်အမြင်ကြီးမားမှု၊ ပွင့်လင်းလွတ်လပ်မှုနဲ့၊ လူထုပူးပေါင်းပါဝင်နိုင်မဲ့ လူ့အဖွဲ့အစည်းတွေတည်ဆောက်ပေးမှုဆိုတာကလည်း အရေးကြီးတယ် ဆိုတဲ့အချက်ကို သဘောပေါက်

လာခဲ့ကြတယ်။ ဘရှာ အာဆက်ဒ်ကလည်း ဒမတ်စကပ်လှုပ်ရှားမှုကိုမွတ်စလင်ညီအကိုတော်များအဖွဲ့ကိုချေမှုန်းသလိုမျိုး

ချေမှုန်းဖို့မဖြစ်နိုင်ဘူးဆိုတာကို သဘောပေါက်နေတယ်။ လူထုထောက်ခံအားပေးနေတဲ့ ပညာတတ်တွေအားလုံးနဲ့

ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အာရပ်ကမ္ဘာက ပြန်လည်တုန့်ပြန်လာမဲ့အရာတွေကိုနားလည်နေခဲ့တယ်။ ဒါကြောင့် နိုဝင်ဘာလမှာ

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒမတ်စကပ်မြို့တော်၊ မက်ဇီး အကျဉ်းထောင်ကို ပိတ်ပစ်လိုက်ပြီး နိုင်ငံရေးသမား (၆၀၀) ကျော်
ကို ပြန်လွှတ်ပေးလိုက်တယ်”

**သောတရှင်များခင်ဗျား**

ဒမတ်စကပ်နွေဦးလှု့ပ်ရှားမှုဟာ ဆီးရီးယားနိုင်ငံရဲ့အစိုးရအပြောင်းအလဲကာလတွေမှာအစိုးရသစ်ဟာ သူပေးခဲ့တဲ့ဂတိတည်မတည်ဆိုတဲ့အချက်ကို စမ်းသပ်ခဲ့ပြီး လူ့အဖွဲ့အစည်းကို ဦးမဆောင်နိုင်တဲ့ ဆိုရှယ်လစ်ဘာ့ဒ်ပါတီရဲ့အခန်းကဏ္ဍကိုမေးခွန်းထုတ်ခဲ့ကြပါတယ်။ လွှတ်တော်သစ်ထဲမှာ ငြင်းခုန်ဆွေးနွေးပိုင်ခွင့်မရှိ၊

တိုင်းပြည်ကိုဆင်းရဲမွဲတေအောင်လုပ်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကသာ ပြန်လည်ခေါင်းဆောင်နေကြတဲ့ ကျနော်တို့ ဗမာပြည်ကအစိုးရသစ်ကိုလည်းမေးခွန်းထုတ်ဖို့လိုအပ်ပါလိမ့်မယ်။

သောတရှင်တို့လည်း နှစ်သစ် သင်္ကြန်ကာလကို ဒမတ်စကပ်နွေဦးလို ပွေ့ဖက်ပျော်မြူးနိုင်ကြပါစေ။

**အောင်မိုးဝင်း**

http://www.facebook.com/home.php?sk=group_176100835757167&ap=1

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)