**ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော စစ်သင်္ဘောပင်လယ်ကွေ့သို့ ဦးတည်ထွက်ခွာ**
(လန်ဒန်၊ မေ ၁၃)
သံသတ္တုသင်္ဘောများအထက် ရေမြုပ်မိုင်းများကို ပိုမိုရှောင်ကွင်းနိုင်သည့် ပလတ်စတစ်ဖြင့် ရောစပ်ပြုလုပ်ထားသော ဗြိတိသျှရေတပ်သင်္ဘောတစ်စင်းသည် မေ ၁၀ ရက်က ဖာစလိန်းအခြေစိုက်စခန်းမှ ပင်လယ်ကွေ့သို့ ဦးတည်ခုတ်မောင်းသွားသည်။
အိတ်ခ်ျအမ်အက်စ်ရမ်ဆေးဟု အမည်ပေးထားသော ၄င်းသင်္ဘောကိုမှန်နှင့် ပလတ်စတစ် ရောစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ ၄င်းသင်္ဘောသည် အခြားရေတပ်သင်္ဘောများမသွားနိုင်သည့် မိုင်းများအနီးသို့ သွားလာခုတ်မောင်းနိုင်သည်။
၎င်းသင်္ဘောသည်လေးနှစ်ကြာ လုံခြုံရေးကင်းလှည့်တာဝန် ထမ်းဆောင်မည့် စူးအက်တူးမြောင်းအရှေ့ပိုင်းဆီသို့ ဦးတည်ခုတ်မောင်းခဲ့ခြင်းဖြစ်သည်။ သင်္ဘော၏အရှည်မှာ ၅၂ မီတာရှိသည်။ သင်္ဘောမှာ ငယ်သော်လည်း ခေတ်မီစစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။ (အင်တာနက်)
(Petrol bomb attack on Chinese bank….
An injured man is carried to an ambulance after a petrol bomb attack on a bank in Tianzhu Tibetan Autonomous County, Gansu province. Photograph: Xinhua/Reuters)
**တရုတ်ပြည်ရှိကျေးလက်ဘဏ်တစ်ခု၌ ဓာတ်ဆီဗုံးဖြင့်တိုက်ခိုက်**
(ပေကျင်း ၊ မေ ၁၃)
တရုတ်နိုင်ငံ ဂန်ဆုပြည်နယ် အနောက်မြောက်ပိုင်း ကျေးလက်ဘဏ်တစ်ခု၌ မေ ၁၃ ရက်က ဓာတ်ဆီဗုံးဖြင့် ဘဏ်အဆောက်အအုံအတွင်းသို့ ပစ်သွင်းတိုက်ခိုက်ခဲ့သဖြင့် ဘဏ်ဝန်ထမ်း ၄၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။
အခင်းဖြစ်ပွားမှုမှာ ၄င်းကျေးလက်ဘဏ်အဆောက်အအုံရှိ အထပ်လေးထပ်၌ ၀န်ထမ်းများ နံနက်ပိုင်း အစည်းအဝေးတစ်ရပ် ပြုလုပ်စဉ်မကျေမန ပ်ဖြစ်နေသော ၀န်ထမ်းဟောင်းတစ်ဦးက အစည်းအဝေးခန်း တံခါးပေါက်မှနေ၍ ဓာတ်ဆီဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ပွားသည့် ဘဏ်မှာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၀ူဝေမြို့၌ ရှိပြီး မေ ၁၃ ရက်နံနက် ဒေသစံတော်ချိန် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းဝန်ထမ်းဟောင်းသည် ပြီးခဲ့သည့်လက ဘဏ်မှငွေများကို အလွဲသုံးစားပြုလုပ်ခဲ့သဖြင့် အလုပ်ထုတ်ခဲ့ရသော အသက် ၃၉ နှစ်အရွယ်ရှိ ယန်စီအန်ဝမ်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
(Would-be terror suspects Ahmed Ferhani (L), 26, and Mohamed Mamdouh, 20, stand before a judge during their arraignment in Manhattan Criminal Court May 12, 2011 in New York City. The men allegedly attempted to buy guns and grenades and considered a synagogue terror attack in a sting operated by the NYPD. (Photo by Lucas Jackson- Pool/Getty Images)
**နယူးယောက်မြို့၌ အကြမ်းဖက်သမားနှစ်ဦးဖမ်းဆီး**
(နယူးယောက်၊ မေ ၁၃ )
အမေရီကန်နိုင်ငံ နယူးယောက်မြို့ရှိ အင်ပါယာစတိတ်အဆောက်အအုံကို အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် သံသယာရှိသူ အမျိုးသား နှစ်ဦးအား နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း မေ ၁၂ ရက်၌ သတင်းထုတ်ပြန်သည်။ ၄င်းတို့ နှစ်ဦးမှာ အသက် ၂၆ နှစ်အရွယ်ရှိအာမက်ဖာဟာနီနှင့် အသက် ၂၀ အရွယ်ရှိ မိုဟာမက်မမ်းဒူရ်တို့ဖြစ်ကြသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**တောင်ကိုရီးယား ကျည်ဆန်ရထားချွတ်ယွင်းမှုရှိ၊ စက်ရုံပြန်သွင်းရန် တိုက်တွန်းထား**
(ဆိုးလ်၊ မေ ၁၃)
တောင်ကိုရီးယား ရထားပို့ဆောင်ရေးကော်ပိုရေးရှင်းက ပြည်တွင်းဖြစ် ကျည်ဆန်ရထားတစ်စင်းကို ပြေးဆွဲရာ၌ အပြစ်အနာဆောများတွေ့ရှိသဖြင့် သက်ဆိုင်ရာစက်ရုံသို့ ပြန်လည်သွင်းရန် ၄င်းကော်ပိုရေးရှင်း မေ ၁၁ ရက်၌ တိုက်တွန်းလိုက်သည်။
ကေတီအိတ်-ဆန်ချွန်ဟုအမည်ပေးထားသည့် ၄င်းကျည်ဆန်ရထားသည် တစ်နာရီ ကီလိုမီတာ ၃၀၀ အထိ ခုတ်မောင်းနိုင်သော်လည်း ပြီးခဲ့သည့်နှစ် မတ်လမှစ၍ သုံးစွဲရာ၌ အပြစ်အနာအဆာ အကြီးအသေး ၄၁ ခုကြုံတွေ့ခဲ့ရသည်ဟုဆို၏။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**နေစကြ၀ဠာပြင်ပမှ ဂြိုဟ်အချို့ နောက်ပြန်လည်နေ**
(၀ါရှင်တန်၊ မေ ၁၃)
နေစကြ၀ဠာပြင်ပရှိ ကြယ်များ၏၀န်းကျင်တွင်ဂြိုဟ်အချို့ကို တွေ့ရကြောင်း၊ ယင်းဂြိုဟ်များမှ ၄င်းတို့လှည့်ပတ်နေသည့် ကြယ်များ၏ အနီးတွင် ဆန့်ကျင်ဘက်လည်နေကြကြောင်း အမေရိကန်နိုင်ငံ နော့သ်ဝက်စ်တက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်များက ထုတ်ဖော်ပြောကြားသည်။
နေစကြ၀ဠာပြင်ပမှ အဆိုပါ နက္ခတ္တဗေဒပညာရှင်များက စတင်တွေ့ရှိခြင်းဖြစ်သည်။ ၄င်းတို့ကို ဓာတ်ငွေ့များပါသည့် အရွယ်အစားကြီးမားသော ဂြိုဟ်များဖြစ်သဖြင့် ကြာသပတေးဂြိုဟ်ပူးများဟု ခေါ်ကြောင်း ၄င်းတို့ကထပ်မံပြောကြားသည်။ (အင်တာနက်)
**စည်းဘာသာပြန်- မိုးမြင့်လင်းလက်
(Plastic warship HMS Ramsey leaves Faslane for Gulf)

No comments:
Post a Comment