**ပျောက်ဆုံးနေသော အီဂျစ်ပိရမစ်များ အနီအောက်ရောင်ခြည်သုံးဂြိုဟ်တုပုံရိပ်မှ ရှာဖွေတွေ့ရှိ**
(ဘာမင်ဂမ်၊ မေ ၂၆)
အီဂျစ်တွင် မြေအောင်းမြုပ်ကွယ်ပျောက်ဆုံးနေသည့် ပိရမစ် ၁၇ ခုကို အနီအောက်ရောင်ခြည်သုံး ဂြိုဟ်တပုံရိပ် မှ တစ်ဆင့်ရှာ
ဖွေတွေ့ရှိခဲ့ကြောင်း မေ ၂၅ ရက်က ဂြိုဟ်တု၏ အနီအောက်ရောင်ခြည်သုံးပုံရိပ်တွင် မြေအောက်နစ်မြုပ်နေသည့် အဆောက်အအများကို တွေ့ရှိခဲ့ပြီး ရှေးဟောင်းကျေးရွာ ၃၀၀၀ ကျော်နှင့် သင်္ချိုင်းအုတ်ဂူ ၁၀၀ ကျော်၏ ပုံရိပ်များကိုလည်း တွေ့ရှိခဲ့ကြသည်။ ကနဦးတူးဖော်မှုလုပ်ငန်းများအရ ပိရမစ်နှစ်ခုတွေ့ရှိခြင်းကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း၊ ပိရမစ်တူးဖော်မှုသည်ရှေးဟောင်းသုတေသနပညာရှင်များအတွက် မျှော်လင့်ချက်အိပ်မက်ပင်ဖြစ်ကြောင်း ဒေါင်တာဆာရက်ပါကတ်ခ်က ပြောကြားခဲ့သည်။

သူမသည် အာလာဘားမား၊ ဘာမင်ဂမ်ရှိ နာဆာကထောက်ပံ့သည့် သုတေသနဓာတ်ခွဲခန်းတွင် အာကာသရျေးဟောင်းသုတေသနလုပ်ငန်းများကို ဦးစီဦးရွက်ပြုကာ သူမ၏အဖွဲ့အတူ စတင်ပြုလုပ်ခဲ့သူဖြစ်သည်။ ပါကတ်ခ်ဂြိုဟ်တုမှပေးပို့သောပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာကာ ရှေးဟောင်းသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ (အင်တာနက်)

(Mexican drug battle leaves 28 dead.....
Police discover dead men on federal highway in Nayarit while scores of villagers flee their homes in Michoacán)
**မက္ကဆီကိုနိုင်ငံ၌ ပစ်ခတ်မှုဖြစ်ပွား ၂၈ ဦးသေဆုံး**
(မက္ကဆီကိုစီးတီး၊ မေ ၂၆)
မက္ကဆီကိုနိုင်ငံ နာယာရစ်မြို့ အဝေးပြေးလမ်းမပေါ်တွင် မေ ၂၅ ရက်က လက်နက်ကိုငအဖွဲ့နှစ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ၂၈ဦးသေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ၂၆ ရက်၌ ပြောကြားသည်။ လက်နက်ကိုင်အကြမ်းဖက်သမားများ ပစ်ထားခဲ့သော မော်တော်ယာဉ် ၁၀ စီးနှင့်အတူသေဆုံးနေသော အလောင်း တွေ့ရှိရကြောင်း၊ တစ်ဖန် ၄င်းတို့အနီး၌ ဒဏ်ရာရနေသူလေးဦးကိုလည်း တွေ့ရှိရကြောင်း မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောကြားသည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုသည် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပတ်သက်မှုရှိကြောင်း၊ မက္ကဆီကိုနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ရာဇ၀တ်မှုများ၊ ပစ်ခတ်မှုများကြောင့် သမ္မတဖီလစ်ပီကာလ်ဒီရွန်က အာဏာရပြီးနောက်ပိုင်း သေဆုံးသူ ၃၇၀၀၀ ခန့်ရှိနေပြီဖြစ်သည်။ (အင်တာနက်)
**အိန္ဒိယနိုင်ငံ၌ လူနာတင်လေယာဉ်ပျက်ကျ၊ ၁၀ ဦးသေဆုံး**
(နယူးဒေလီ၊ မေ ၂၆)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီးတွင် မေ ၂၅ ရက်ညပိုင်းက လူနာတင်လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ ၁၀ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ အဆိုပါ လေယာဉ်သည် ဘီဟာပြည်နယ်မှ အသက်အန္တရာယ်စိုးရိမ်ရသော တယနာတစ်ဦးအား နယူးဒေလီမြို့ဆေးရုံသို့တင်ပို့ရန် သယ်ဆောင်ပျံသန်းလာစဉ် နယူဒေလီမြို့အနီး ဟာယာနာပြည်နယ်မြောက်ပိုင်း ဖရီဒါဘတ်မြို့လူနာရပ်ကွက်ရှိ အိမ်တစ်လုံးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်မှ ခုနစ်ဦးစလုံးသေဆုံးပြီး ပျက်ကျခဲ့သည့် နေအိမ်မှ အမျိုးသမီးသုံးဦးလည်း သေဆုံးခဲ့သည်။ (အင်တာနက်)
**မက္ကဆီကိုနိုင်ငံ၌ အကျဉ်းထောင်ဖောက်မှုဖြစ်ပွား၊ အကျဉ်းသား ၁၇ ဦးထွက်ပြေး**
(မက္ကဆီကိုစီးတီး၊ မေ ၂၆)
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကာမူလီပတ်စ်ရှိ ရီနိုဆာမြို့တွင် အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၇ ဦး ထောင်ဖောက်ထွက်ပြေးသွားခဲ့ကြောင်း ကာမူလီပတ်စ်ပြည်သူ့လုံခြုံရေးဌာနက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ၄င်းအကျဉ်းသားများသည် လုံခြုံရေးအစောင့်အကြပ်များ တာဝန်ချိန်အပြောင်းအလဲလုပ်သည့် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ လျှိုဝှက်ဖောက်လုပ်ထားသော ဥမင်လိုဏ်ခေါင်းတစ်ခုမှ ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**မုန်တိုင်းတိုက်ခတ်မည့် အခြေအနေကြောင့် ချီကာဂိုလေဆိပ်၌ လေယာဉ်ခရီးစဉ် ၄၀၀ ဖျက်သိမ်း**
(ချီကာဂို၊ မေ ၂၆ )
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အိုဟာရီနိုင်ငံတကာလေဆိပ်၌ မိုးသည်းထန်ပြီး လေမုန်တိုင်းများတိုက်ခတ်မည့် အခြေအနေကြောင့် မေ ၂၅ ရက်က လေကြောင်းခရီးစဉ် ၄၀၀ ကျော် ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါလေဆိပ်ကြီး၌ လေယာဉ်အ၀င်အထွက်များ ရပ်ဆိုင်းလိုက်ရကြောင်း၊ အနီးဝန်းကျင်ဒေသများ၌ လေဆင်နာမောင်းတိုက်ခတ်မည့် အခြေအနေကိုလည်း စောင့်ကြည့်ခဲ့ရကြောင်း လေကြောင်းတာဝန်ရှိသူများက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)၊
စုစည်းဘာသာပြန်- ဇော်ဦးခိုင်-မိုးမြင့်လင်းလက်

No comments:
Post a Comment