(မေလ၂၈၊၂၀၁၁၊ထိုင်းဘာသာပြန် -ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)
ဘန်ကောက်မြို့နှင့် ၁၉၅ ကီလိုမီတာအကွာရှိ ထိုင်းနိုင်ငံအလယ်ပိုင်းကျေးရွာတစ်ရွာမှအသက်၅၇နှစ်အရွယ် ဘဲများပိုင်ရှင်ထိုင်းအမျိုးသမီးကြီးအားဘဲကျောင်းသားကိုနိုင်ထူး က ထမင်းမကျွေးသဖြင့်သံတုတ်ဖြင့်ရိုက်
သတ်လိုက်ကြောင်း ထိုင်းရပ်သတင်း စာတွင်ရေးသားဖေါ်ပြထားသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်နမြို့နယ် မနိုလုတ်မြို့ ဆီလတန်ကျေးရွာ နယ်မြေ၅ အိမ်အမှတ်၅၄/၄ တွင်
နေထိုင်သည့် ထိုင်းအမျိုးသမီး နန်းစ၀ိုင်း ထံတွင် ဘဲထိန်းကျောင်းသည့်အလုပ် ကိုလုပ်ကိုင်နေကြသည့် ကိုနိုင်ထူးနှင့်မနန်းအေးတို့ ကပြီးခဲ့သည့်မေလ၂၂ရက်နေ့ ကညနေဘဲများကိုခြံထဲသို့ မောင်းသွင်းပြီး
လုပ်ငန်းပြီးစီးခဲ့ပြီးဖြစ်သည်။
ညနေ၈နာရီခန့် ထမင်းစားရန်လာခဲ့ကြသည်။
ပိုင်ရှင်ထိုင်းအမျိုးသမီးကြီးထံတွင် ထမင်းချက်စားရန် ငွေတောင်းခဲ့ရာ သေဆုံးသူက ထမင်းလည်းမကျွေး
ဝယ်စားရန်ငွေလည်းမပေးသည့်အပြင် ပြင်းပြင်းထန်ထန်ဆဲဆိုခြင်းကြောင့် နီးစပ်ရာတွင်ရှိနေသည့် သံ
ချောင်းဖြင့် ရိုက်သတ်မိကြောင်း ရဲစခန်းတွင် ကိုနိုင်ထူးကထွက်ဆိုသည်။
ဘဲပိုင်ရှင်အမျိုးသမီးကြီးအား ရိုက်သတ်ခဲ့ပြီး ဇနီးမောင်နှံ ၂ဦးတို့ ခြေဦးတည့်ရာလမ်းလျှောက်လာကြစဉ်
ည၁၀နာရီခန့်အချိန်တွင် အာရှလမ်းမ မိုင်တိုင်အမှတ်၁၄၅/၁၄၆ အရောက်တွင် ပတ္တရောင်လှည့်နေသည့်
ထိုင်းရဲများက ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်။
မည်သည့်အဖိုးတန်ပစ္စည်းများကိုမှ ယူဆောင်လာခြင်းမရှိပဲ မည်သည့်အတွက်ကြောင့်အသေသတ်ရသ
နည်းဟု ထိုင်းရဲများ၏ စစ်ဆေးချက်အားကိုနိုင်ထူးက“အလုပ်ပင်ပန်းပြီးထမင်းစားချိန်မှာ ထမင်းမကျွေးပဲ
ဆဲနေတော့ စိတ်တိုပြီးသတ်မိပါတယ်” ဟုထွက်ဆိုသည်။ကိုနိုင်ထူးတို့အား ချိုင်နမြို့နယ်ရဲစခန်း တွင် ချုပ်နှောင်ထားကြောင်း၊၄င်းတို့၂ဦးမှာ သေဆုံးသူအိမ်တွင်တစ်ပတ်သာအလုပ်လုပ်သေးသူများဖြစ်ကြောင်း သတင်းစာတွင်ရေးသားဖေါ်ပြထားသည်။
ယခုကဲ့သို့ဘဲထိန်းကျောင်းသည့်တရားမ၀င်အလုပ်သမားများအား ထိုင်းလုပ်ငန်းရှင်များက လုပ်အားခများ
မပေးပဲနယ်မြေခံရဲများအားဖမ်းဆီးစေပြီး နယ်စပ်ပြန်ပို့ သည့်ကိစ္စများမကြာခဏကြားသိရသည်။ထိုင်းနိုင်ငံ
တနံတလျှားရှိ လုပ်ငန်းခွင်ပေါင်းစုံတို့ တွင်မြန်မာအလုပ်သမားများအခွင့်အရေးချိုးဖေါက်ခံရမှုမျိုးစုံရှိနေ မြဲ ဖြစ်သည်။
ယခုကဲ့သို့ထိုင်းလုပ်ငန်းပိုင်ရှင်အချို့အား မြန်မာအလုပ်သမားများသတ်ဖြတ်မှုများရှိသကဲ့သို့ မြန်မာအိမ်ဖေါ်အလုပ်သမ
များအား မတရားပြုကျင့်ခြင်းနှင့်သတ်ဖြတ်မီးရှို့အလောင်းဖျောက်သည့် ပြစ်မှုများလည်းထိုင်နိုင်ငံတွင်ဖြစ်ပေါ်ဖူးသည်။

No comments:
Post a Comment