(Angelina Jolie)
.......................................
**(Public Health)**
သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ အမြန်ကျစေပြီး သွယ်လျစေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းနဲ့ အမျှင်ဓာတ်ပါတာကို ပိုပြီးရွေးချယ်ပါ။ ဒါဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံး အတွက် အကျိုးရှိစေတဲ့ ဓာတ်နှစ်မျိုးပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ လေ့ကျင့်ခန်း ပြုလုပ်တဲ့သူတွေအတွက် စွမ်းအင်တွေကို စုပ်ယူနိုင်ဖို့ အကောင်းဆုံးပါပဲ။

ကျိုးခုန်တဲ့လေ့ကျင့်ခန်းကို တစ်ပတ်သုံးကြိမ် ပြုလုပ်ပါ။
ထိုင်ခုံ တစ်လုံးပေါ်မှာ ထိုင်နေပြီး လက်နှစ်ဖက်နဲ့ သင့်ဒူးခေါင်းတွေကို သင့်ရင်ဘတ်နေရာနား ရောက်အောင်ဆွဲတင်ပါ။ ပြီးရင် မတ်တတ်ရပ်ပြီးလည်း ဒူးတွေကို လက်နှစ်ဖက်နဲ့ ပုံပါအတိုင်း ဆွဲတင်ပါ။ ဒီအတိုင်း ၁၅ ကြိမ်လောက် ပြုလုပ်ပေးပါ။ ရေကူးတာ၊ လမ်းလျှောက်တာနဲ့ အပြေးလေ့ကျင့်ခန်းတွေက သင့်တင်ပါးနေရာက အဆီတွေကို ကျစေနိုင်ပါတယ်။ လမ်းလျှောက်စက်ပေါ်မှာ တစ်နေ့ကို မိနစ် ၃၀ လောက် အမြန်လမ်းလျှောက်ပြီး တစ်နေ့ကို စက္ကန့် ၃၀ လောက်တိုးကာ ပြုလုပ်ပေးပါ။ တင်ပါး၊ ပေါင်နဲ့ ခြေသလုံးနေရာက မလိုအပ်တဲ့ အဆီပိုတွေကို အမြန်ကျစေနိုင်ပါတယ်။
**လွယ်ကူတဲ့ နည်းလမ်းတစ်ချို့**
- ကျန်းမာရေးနဲ့ တချို့စာစောင်တွေကိုဖတ်ရင်း အဆီကျစေတဲ့ အစားအစာတချို့ကို တွေ့ရင် စိတ်ထဲက မှတ်ထား တာမျိုးထက် သင့်ဒိုင်ယာရီထဲမှာ ချရေးထားလိုက်ပါ။
- လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့အတွက် သင့်အတွက် လွယ်ကူမယ်လို့ထင်တဲ့ လေ့ကျင့်ခန်းလေးတွေကို အလွတ် မှတ်ထားကာ အချိန်ရရင်ရသလို လေ့ကျင့်ပေးပါ။

- သင့်မိသားစုနဲ့ စကားပြောနေရင်းပဲဖြစ်ဖြစ် သင့်တစ်နေ့တာတွေထဲ လေ့ကျင့်ခန်းဖြစ်စေမယ့် အချိန် မိနစ် ၃၀ လောက်တော့ ရအောင်ရှာပါ။
- အပြင်စာတွေထက် အိမ်မှာ စနစ်တကျ ချက်ပြုတ်တာကို စားနိုင်အောင်ကြိုးစားပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ များများစားပေးပါ။
**မေမွန်ကျော်**
--

No comments:
Post a Comment