(Angelina Jolie)
............................................
… ဘာအကြောင်းလဲဆိုတော့ ..
… ခင်ဗျားတို့ ဘယ်လို ချစ်သူလေးမျိုးနဲ့ တွေ့နိုင်မလဲဆိုတာ …
စိတ်ဝင်စားကြမှာဘဲနော်
… အိုကေ … ဒါဆိုရင် … ကျွန်တော် … မေးခွန်းလေးတွေမေးမယ် …
multiple choice … ပေါ့ . . . စိတ်ရှည်ရှည်လေးဖြေကြည့် နော် ..

.. အကျိုးရှိတယ်ဆိုတာ နောက်တော့ သိပြီး သဘောကျသွားမယ်နော်…အဲဒါတော့
… one … two … three … ရွေးရုံလေးပါ … ပြီးရင် … အမှတ်ပေးမယ်
… ပြီးရင် အားလုံးကို ပြန်ပေါင်း …
… မေးခွန်းက ခြောက်ခုပေါ့ … အမှတ်တွေပေါင်းပြီးရင် …
ကိုယ်ကဘယ်လိုချစ်သူမျိုး … ရနိုင်မလဲဆိုတာ … သိကြရမယ်
… ကဲ … စလိုက်ကြရအောင် …
… ၁ … သင်လိုချင်တဲ့ ချစ်သူရဲ့ ရုပ်ရည်သွင်ပြင် …
… one … သိပ်ချော သိပ်လှရမယ် …
… two … ကြည့်ကောင်းရင်ပြီးတာပါဘဲ
… three … ဒါတွေက အရေးမကြီးပါဘူး
… ၂ … သင်လိုချင်တဲ့ ချစ်သူရဲ့အရည်အချင်း …
… one … ဘာမဆိုစွမ်းဆောင်နိုင်ရမယ်
… two … အေးချမ်းတဲ့ ဘ၀လေး ဖန်တီးနိုင်ရမယ်
… three … ကိုယ့် အတွက် အမြဲတမ်း HERO ပေါ့

၃ … ဒီလိုဖြစ်နေစေချင်တယ်
… one … အမြဲတမ်း ကိုယ့်အတွက် အဆင်သင့်
… two … ဘာဘဲဖြစ်ဖြစ် နားလည်ပေးရမှာပေါ့
… three … စိတ်ချင်းဆက်နေတယ်
… ၄ … သူ့ရဲ့မိသားစု နဲ့ ယှဉ်ရင်
… one … ကိုယ်က နံပါတ်စဉ် တစ်ပေါ့
… two … ဟိုဘက် ဒီဘက် ညီညီမျှမျှပေါ့
… three … နားလည်ပေးရမှာပေါ့လေ
… ၅ … သူနဲ့လက်ထပ်ဖြစ်ပြီးရင်တော့
… one … တိုက်ကြီးကြီး ကားအကောင်းစားကြီးနဲ့နေချင်တယ်
… two … သီးသီးသန့်သန့် အေးအေးချမ်းချမ်းလေး နေချင်တယ်
… three … မိဘတွေနဲ့အတူတူပေါ့
… ၆ … လက်ထပ်ပြီး ရေရှည်မှာ
… one … အရင်လိုဘဲ ကိုယ့်ကို ဦးစားပေးရမှာပေါ့
… two … သူ့ဦးဆောင်မူ့ အောက်မှာဘဲနေတော့မယ်လေ
… three … ညှိညှိနိုင်းနိုင်းနဲ့ နေကြရမှာပေါ့
….. ကဲ အားလုံးရွေးပြီးသွားရင် .. ကျွန်တော်ပြောတဲ့အတိုင်း
အမှတ်တွေပေါင်းလိုက်ရအောင်နော် . . .
… one … ကိုရွေးရင် … တစ်မှတ်
… two … ကိုရွေးရင် … နှစ်မှတ်
… three … ကိုရွေးရင် … သုံးမှတ်ပေါ့
… မေးခွန်း ၆ ခု စလုံး က အမှတ်တွေကို ပေါင်းပြီးရင် …
ဘယ်နှစ်မှတ် ရသလဲ ဆိုတာ ကိုယ့်ဘာသာ အဖြေရှာကြည့်လိုက်ရအောင်နော် .
အဖြေတွေက ( ၃ ) မျိုးပါ
… ၈ မှတ် အောက်
… ၈ မှတ်နဲ့ ၁၂ မှတ်ကြား
… ၁၄ မှတ်နဲ့ အထက် … တွေပါ …
၈ မှတ်အောက်ရသူတွေ
… သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး နဲနဲလောဘ ကြီးတတ်တဲ့ ချစ်သူမျိုးနဲ့
ဆုံရတတ်ပါတယ်တဲ့
… အတ္တလဲကြီးတတ်ကြတယ် … မိမိသာ ပထမ ချစ်သူက ဒုတိယလို့
သဘောထားတတ်ကြသူတွေ လိုမျိုးပေါ့
… ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုသာ ရှေ့တန်းတင်တတ်ကြပါသတဲ့
.. လက်တွေ့ဆန်သူများလို့လဲ ပြောရင်ရမလားပေါ့ … … ကိုယ်ရမယ့်ချစ်သူရဲ့ ပုံစံကို
ပြောတာ
၈မှတ် နဲ့ ၁၂မှတ် ကြား
… သူတို့တွေကတော့ မှန်လိုချစ်သူမျိုး ရတတ်ကြပါတယ်တဲ့
… ကိုယ်ပြုံးရင်ပြန်ပြုံးပြမယ် … ကိုယ်မဲ့ရင်ပြန်မဲ့ပြမယ်ပေါ့ …
အရမ်းလဲ ကိုယ့်အပေါ်မဆိုးသလို … သိတ်ပြီးတော့လဲ
… မကောင်းပြန်ဘူး … အဓိက ကတော့ ကိုယ်ပေးနိုင်သလောက်ဘဲ … ပြန်ရမယ့်
ချစ်သူမျိုးပေါ့
…အရမ်းတော့လဲ မျှော်လင့်ချက်ထားလို့ မရတတ်ဘူး …
၁၄မှတ် နဲ့ အထက်
… မိတ်ဆွေ ခင်ဗျား အရမ်းကို ပျော်လိုက်ပါတော့ … ကံကောင်းခြင်းတွေနဲ့
အတူ … ချစ်သူတစ်ယောက် ခင်ဗျားဆီကို
… ရောက်လာပါလိမ့်မယ် … မိတ်ဆွေ … အစစ အရာရာ သည်းခံတတ် …
အနစ်နာခံတတ်တဲ့ချစ်သူ … ခပ်သိမ်းသော
… အရာအားလုံးထက် … ပိုပြီး … ကိုယ့်ကို ချစ်မယ့် သူ တစ်ယောက် …
မိတ်ဆွေ … ရနိုင်ပါလိမ့်မယ် …
… နေရောင်ခြည်ကဲ့သို့ … ကိုယ်ဘ၀ကို … နွေးထွေးစေမယ့်
ချစ်သူမျိုးပေါ့ … ခင်ဗျားရဲ့ ဘ၀တစ်လျှောက်လုံးမှာ
… ဂရုတစိုက်နဲ့ … စွဲစွဲနစ်နစ် … နဲ့ … သူက … ခင်ဗျားကို
ချစ်သွားပါလိမ့်မယ် …
ကဲ .. သင်ကဘယ်လိုချစ်သူမျိုးတွေ့နိုင်
တယ်ဆိုတာ ခန့်မှန်းလို့ရပြီထင်ပါတယ်
အားလုံး … ချစ်တိုင်းလဲညား … ညားတိုင်းလဲ ချစ်နိုင်ကြပါစေ …
**လွမ်းနေ သူ**

No comments:
Post a Comment