ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 30, 2011

လူထုကျန်းမာရေး(!!သင့်ရဲ့ ကျန်းမာရေး အပေါ် ထိခိုက်မှု ရှိတဲ့ နေရာ (၉)ခု)

>
**Public Health**

သင့်ရဲ့ နေရာဒေသနဲ့ ဆိုင်တဲ့ အမူအကျင့် တစ်ခုချင်းစီဟာ သင့်ရဲ့ ကျန်းမာရေးအပေါ် ရောင်ပြန်ဟပ် သက်ရောက်မှု ရှိတာ အသေအချာ မှန်ကန်ပါတယ်။ ဘာမှ အန္တရာယ် မရှိလောက်ပါဘူးလို့ ထင်ရတဲ့ အမူအကျင့် အသေးအဖွဲလေး တွေကနေ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တစ်ခါတစ်လေ ကြုံကြရတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး သုတေသီများ လေ့လာ စုစည်း ဖော်ပြထားတဲ့ ကျန်းမာရေးကို ထိခိုက်မှန်း မသိ ထိခိုက်စေသော အမူအကျင့် (၉)ချက်ကို မက်ဖန် ပရိသတ်များ ဆင်ခြင်ဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့ သွားပွတ်တံကို ထားရန် အဆိုးဆုံးနေရာ - ရေချိုးခန်းထဲက လက်ဆေးဇလုံ
လက်ဆေးဇလုံ တစ်ခုပေါ်မှာ ဘက်တီးရီးယားများဟာ တစ်လက်မ ပတ်လည် ဧရိယာလေး မှာတောင် ပျမ်းမျှ အကောင်ရေ ၃.၂သန်း လောက် အထိ ရှိနေနိုင်တာကို တွေ့ရပါတယ်။ ဒီပိုးမွှားတွေဟာ အချိန်နဲ့အမျှ ပေါက်ပွားနေကြတာ ဖြစ်ပြီး သင့်ရဲ့ သွားပွတ်တံကို သင်က ယူတိုက်လိုက်၊ လက်ဆေးဇလုံ မျက်နှာပြင်ပေါ် ပြီးစလွယ် ပြန်ထားလိုက် လုပ်နေသမျှ အကြိမ်တိုင်းမှာ သူတို့ဟာ သင့်ပါးစပ်ထဲကို ဗီဇာမပါဘဲ ၀င်ရောက်လာနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်သွားပွတ်တံကို ထားဖို့ အကောင်းဆုံး နေရာကတော့ အလုံပိတ် အဖုံးပါတဲ့ ဘူးတစ်မျိုးမျိုး ဖြစ်ပါတယ်။ (အဆင်သင့် ထည့်စရာ ဘူးပါတဲ့ သွားတိုက်တံမျိုးကို ဒါကြောင့် ထုတ်ကြတာ ဖြစ်ပါတယ်။ လူတွေက ထည့်ရမှာ ပျင်းတဲ့အတွက် ကြာရင် ဘူးက အလကား ဖြစ်သွားတာ များလို့ သွားတိုက်တံ တံဆိပ်တိုင်းက လိုက်မထုတ်ကြတာ ဖြစ်ပါတယ်)

(၂) ဖိနပ်များနှင့် ခြေနင်းပစ္စည်း များကို ထားရန် အဆိုးဆုံးနေရာ - အိပ်ခန်း
ဖိနပ်တွေနဲ့ မြေမှာ ထိတွေ့တဲ့ စကိတ် စတဲ့ပစ္စည်းတွေဟာ ညစ်ပတ်တဲ့ အရာတွေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ အရာ (allergens) တွေကို တွယ်ကပ် သယ်ဆောင် လာတတ်ကြောင်း သင်သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို အိပ်ခန်းထဲကို ယူလာရင် သင့်ရဲ့ အခန်းထဲကနေ သင့်ကိုယ်ထဲကို ၀င်ရောက်လာကာ ရေရှည်မှာ ကျန်းမာရေး ဆုတ်ယုတ် လာနိုင်တာမို့ ဖိနပ်များကို အခန်းဝမှာသာ ချွတ်ခဲ့ပါ လို့ အကြံပြုပါတယ်။

(၃) အိပ်မောကျရန် အဆိုးဆုံး နေရာ - စောင်ပုံအောက်
နွေးနွေးထွေးထွေး အိပ်စက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပေမယ့် စောင်ထူထူတွေနဲ့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ ဦးနှောက်တွင်း ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းမှုကို အားပေးလို့ ကြာလာရင် ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

ပိုဆိုးတာက အိပ်ရာထဲက စောင်တစ်ထည်ဆိုတာ ဘယ်လောက်ပဲ သန့်အောင် လျှော်ထားပါစေ၊ လျှော်ပြီး ရက်နည်းနည်း ကြာလာတာနဲ့ လေထုထဲက ဖုံမှုန့် အညစ်ကြေးမှုန့် မျိုးစုံကို စုစည်းလက်ခံထားလို့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်း ထဲကို ဒါတွေ အလွယ်တကူ ၀င်စေပါတယ်။
နောက်ထပ် ကျန်းမာရေးပညာရှင်တွေ ညွှန်ပြထားတဲ့ အချက်တစ်ချက်ကတော့ စောင်ခြုံအိပ်နေစဉ်မှာ ကိုယ်တွင်း အပူစီးဆင်းရွေ့လျားမှု ညီညွတ်စေဖို့ ခြေထောက်နှစ်ဖက်ကို ခြေကျင်းဝတ်လောက် ကနေ ဖော်အိပ်သင့်တယ်လို့ ဆိုပါတယ်။

(၄) ချက်ပြီးပြီးချင်း ဟင်းတွေ ထားဖို့ အဆိုးဆုံးနေရာ - ရေခဲသေတ္တာ
မီးဖိုပေါ်က ချချချင်း ဟင်းတွေကို ရေခဲသေတ္တာထဲ တန်းထည့်ပြီး သိမ်းဆည်းခြင်း (သို့) အအေးခံခြင်းဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရမ်းပူနေတဲ့ ဟင်းတွေ အရမ်းအေးတဲ့ လေထုနဲ့ ရုတ်တရက် ထိတွေ့ မိခြင်းဟာ ပုံမှန်အအေးခံသလို ညီညီညာညာ အေးမြသွားတာ မဟုတ်ဘဲနဲ့ ဟင်းထဲမှာ အပူအအေး မညီမျှတဲ့ အတွက် အစာအဆိပ်သင့် တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာ ၀မ်းဗိုက်ဥပဒ် ဖြစ်တတ်ပါတယ်။

ဒါကြောင့် မီးဖိုပေါ်က ချပြီး အနည်းဆုံး တစ်နာရီလောက် ကြာပြီးမှ ရေခဲသေတ္တာထဲ ထည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှမဟုတ် အလျင်စလို ရေခဲသေတ္တာထဲ ထည့်ချင်တယ် ဆိုလည်း ပန်းကန်တွေ အများကြီးထဲ ခွဲထည့်ပြီး အအေးခံတဲ့ နည်းကို အရင်သုံးပြီးမှ ထည့်သင့်ပါတယ်။

(၅) လေယာဉ်စီးလျှင် အဆိုးဆုံး ထိုင်ခုံနေရာ - လေယာဉ်နောက်ပိုင်း ထိုင်ခုံ
လေယာဉ်ရဲ့ အမြီးဟာ တုန်ခါဆုံး အပိုင်း ဖြစ်လို့ စီးနင်းသူအပေါ် (အထူးသဖြင့် သူများထက် ပိုပြီး မူးမော်တတ်တဲ့ သူဆိုရင်) ခေါင်းနောက်ခြင်း၊ လေယာဉ်တောက်ခြင်း၊ အကြောတက် ဇက်ထိုးခြင်းတွေ ခံစားရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒီဆောင်းပါးကို အခု ဖတ်လိုက်လို့ သင်သိသွားပြီ ဆိုတော့ လေယာဉ်လက်မှတ်ဝယ်ရင် အတောင်ပံနဲ့ အနီးဆုံး ခုံများကို ရွေးဝယ်ပါ။ အတောင်ပံနဲ့ အနီးဆုံး ခုံတွေဟာ စီးနင်းလိုက်ပါသူတွေ အပေါ် လေယာဉ်ရဲ့ သက်ရောက်မှု အနည်းဆုံး ဖြစ်ပါသတဲ့။

(၆) ခရီးဆောင်အိတ် ထဲက ပစ္စည်းတွေကို အထုတ်အသွင်း ပြုလုပ် ပြင်ဆင်ရန် အဆိုးဆုံးနေရာ - ထမင်းစား စားပွဲနှင့် မီးဖိုခန်းကြမ်းပြင်
အထက်ပါ နေရာတွေရဲ့ မျက်နှာပြင် တစ်စတုရန်း လက်မလောက်မှာတောင် ဘက်တီးရီးယား ကောင်ရေ တစ်သိန်းလောက် ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ ပစ္စည်းတွေကို အိတ်ထဲက ထုတ်ပြီး ပြင်ဆင် ထည့်သွင်း ချင်တယ်ဆိုရင် အစားအသောက်တွေ ပြင်ဆင် စားသုံးတဲ့ မီးဖိုချောင်နဲ့ ထမင်းစား စားပွဲပေါ်က လွဲလို့ တခြား နေရာတွေမှာ လုပ်ပါ။

(၇) အများသုံး ရေချိုးခန်း အိမ်သာ သုံးလျှင် အဆိုးဆုံးနေရာ - အလယ်ပိုင်းအခန်းများ
ခရီးတွေ ဘာတွေ ထွက်လို့ အများသုံး ရေချိုးခန်း၊ အိမ်သာ တွေကို မဖြစ်မနေသုံးရမယ် ဆိုရင် အစွန်ဆုံး အခန်း နှစ်ခန်းကိုပဲ သုံးသင့်ပါတယ်တဲ့။ ဘာလို့လဲ ဆိုတော့ အများသုံး အခန်းတွေ တန်းစီရှိနေရင် အလယ်ဘက်က အခန်းတွေက အစွန် နှစ်ခန်းထက် ရောဂါပိုး အရေအတွက် နှစ်ဆလောက် ပိုမိုပေါက်ပွား တည်ရှိ နေလို့ပါပဲ။

(၈) ဆေးများ သိမ်းဆည်းရန် အဆိုးဆုံးနေရာ - ဗီရို
ဆေးတော်တော်များများဟာ အပူချိန် မြင့်မြင့်မှာ အာနိသင် ပျက်တတ်တာ သဘာဝပါ။ မိမိတို့ အိမ်မှာ ရှိတဲ့ ဗီရိုဟာ အပူချိန် ထိန်းညှိတဲ့ စနစ်မပါတဲ့ အတွက် ပိတ်ထားရင် အထဲမှာ ဆေးတွေအတွက် သတ်မှတ်ထားတဲ့ အပူချိန်ထက် တော်တော်များ နေတတ်ပါတယ်။ မိသားစုသောက်ဖို့ ဆေးတွေကို ဒီလို သိုလှောင် သိမ်းဆည်းထားပြီး လိုတဲ့အချိန်မှာ ထုတ်သုံးချင်တယ် ဆိုရင် အေးမြပြီး ခြောက်သွေ့တဲ့ နေရာမှာ ရွေးချယ် သိမ်းဆည်း သင့်ပါတယ်။

(၉) နားကြပ်နှင့် သီချင်းနားထောင်ရန် အဆိုးဆုံးနေရာ - လေယာဉ်၊ ရထားနှင့် မြေအောက်ရထား
အကယ်၍ သင်ဟာ အထက်ပါ ယာဉ်တွေကို စီးနင်းသွားရင် ဆူညံသံတွေကြား ရောက်နေတဲ့ အတွက် နားကြပ် အသံ (volume) ကို ကျယ်ကျယ်မြှင့်ပြီး နားထောင်မိမှာ သေချာပါတယ်။ ခါတိုင်းပုံမှန် နားထောင်ရင် သင်နားမခံသာနိုင်တဲ့ အသံအနေအထားကို အဲအချိန်မျိုးမှာ နားထောင်မိနေတာကို သတိမထားမိတဲ့အတွက် နားနဲ့ အာရုံကြောများ ထိခိုက်နိုင်တာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

(နည်းပညာမြင့် ဆူညံသံဖယ်ရှားပေးနိုင်သော နားကြပ် (noise-canceling headphones) များ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်)

http://mutdfan.com/index.php/readmore/post/227

မှ တဆင့်ဖော်ပြပေးခြင်းဖြစ်ပါသည် ။ ရေးသားသူ သီဟသစ်(ဆေး-၂) နှင့် တဆင့်ဖော်ပြခွင့်ရရှိရန်ဆောင်ရွက်ပေးသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ မူရင်းဆိုဒ်မှ ပုံများပါသော်လည်း ပြန်လည်ဖော်ပြရာတွင် ကောက်နက်ရှင် အဆင်မပြေပါသဖြင့် စာသီးသန့်ပဲ တင်ပေးခြင်းဖြစ်ပါသည်။ ပှုံနှင့်တကွ ဖတ်ချင်လျင်တော့ မူရင်းဆိုဒ်သို့ သွားရောက် ဖတ်ရှုနိုင်ပါသည်။

ကျန်းမာ ချမ်းသာသော အနာဂတ်နေ့ရက်များတွင် ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံကြပါစေ
Koannawa(လွန်ပါစေအလွမ်းညများ)

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)