ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 4, 2011

မဟာချိုင်ယာဉ်မတော်တဆသေဆုံးမှုတစ်လပြည့်ဆုတောင်းပွဲကျင်းပ

>

(မေလ ၄၊၂၀၁၁)
ဧပြီလ၄ရက်နေ့ က ဘန်ကောက်မြို့အနီး မဟာချိုင်ယာဉ်မတော်တဆမှုတွင်သေဆုံးခဲ့ကြသည့်မြန်မာအလုပ် သမားများအားမဟာချိုင်အခြေစိုက် ရွှေတွံတေးဆရာတော် ဦးဝါယမ ဦးဆောင်ပြီးပရိတ်တော်များရွတ်ဖတ်ပူဇေါ်
ပေးပြီးလက်ရှိဆေးဝါးကု သနေရသည့်လူနာ၁၈ဦးတို့အား မုန့်ပုံများပေးလှူခဲ့ကြောင်းသိရှိရသည်။
တလာကုန့် (ပုဇွန်ဈေး)အနီးတွင်ကျင်းပကြပြီး ဘ၀တပါးသို့ ပြောင်းသွားခဲ့လေသူများအား ဆရာတော်က
မေတ္တာပို့သအမျှပေးဝေသည်။“မကျွတ်မလွတ်မရှိကြရလေအောင် ဒီနေ့ ပြုသမျှ ကုသိုလ်ကောင်းမှုအဖို့ ပါက
တွေကို အမျှအတန်းပေးဝေပြီးတော့ကောင်းရာဘ၀ကိုလွတ်လွတ်ကျွတ်ကျွတ်ရောက်ရှိကြစေလိုတဲ့ စေတနာ
မေတာနဲ့ ဒီနေ့ ကျင်းပကြတာဖြစ်ပါတယ်၊ကျင်းပတဲ့နေရာကိုမလာနိုင်ကြသေးတဲ့လူနာတွေဆီကို ဥဇင်းကြွပြီး
တော့ပရိတ်တရားတော်ချီးမြှင့်ပေးခဲ့တယ်” ဟု ဆရာတော်ကမိန့်တော်မူသည်။
လက်ရှိဒဏ်ရာမကောင်းသေးပဲဆေးဝါးကုသနေသူများအပါအ၀င် ကျန်ရစ်သူမိသားစုဝင်များ စုစုပေါင်းလူ၅၀
ခန့်သီလဆောက်တည်ပြီးအမျှပေးဝေကြသည်။

ယာဘက်ခြေထောက်ကိုပတ်တီးစည်းထားရဆဲဖြစ်သော မကေသီဖြိုးက“ခုထိလမ်းမလျှောက်နိုင်သေး
ဘူး၊နောက်အပတ်မှပတ်တီးဖြေရမယ်ပြောတယ်၊၊ပိုက်ဆံလည်းတပြားမှသုံးစရာမရှိတော့ဘူး၊အရပ်ရပ်အလှူ
ငွေတွေတော့ ဘတ်၁၃၀၀၀ လောက်ရရှိခဲ့ပါတယ်၊အခက်အခဲတော့ဖြစ်နေပါတယ်”ဟုပြောသည်။
ဤယာဉ်မတော်တဆမှုအား မဟာချိုင်အခြေစိုက် အင်ဂျီအို၃ဖွဲ့ နှင့်မြန်မာသံရုံးတို့ လိုအပ်သောကူညီမှုများကို
ဝိုင်းဝန်းဆောင်ကျဉ်းနေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် အဖွဲ့ဝင်တစ်ဦးကပြော
သည်။ထိခိုက်ဒဏ်ရာရသူများအား ထိုင်းစာနှင့်ရေးထားသည်ကို ရှင်းရှင်းလင်းလင်းမသိရပဲ လက်မှတ်ထိုးခိုင်း
သဖြင့်ထိခိုက်နစ်နာသူများအားဘတ်၃သောင်းခွဲဖြင့်ကျေနပ်သယောင်ဖြစ်နေသဖြင့် အင်ဂျီအိုတို့ က ဂရုတ
စိုက်စီစစ်နေကြကြောင်းလည်း သူကရှင်းပြသည်။

လက်ရှိတွင်အလုပ်သမားများမှာလချီကြာသည့်တိုင်အောင်ဒဏ်ရာများမကောင်းသေးခြင်း၊၄ယောက်ခန့် မှာနံ
ရိုးကျိုး၊ခြေထောက်ကျိုး၊လက် အသားအစားထိုးမျက်နှာအသားအစားထိုး ကုသခြင်းစသည့် ဆေးဝါးကုသမှု
ခံနေရသူများတွင်လည်း အနီးအနားတွင် မိသားစုသို့ မဟုတ် မိတ်ဆွေတစ်ဦးဦးက ပြုစုနေရသဖြင့် အလုပ်
မလုပ်နိုင်ဖြစ်နေကြရသည်။ထို့ ကြောင့် လက်ရှိဆေးဝါးကုသနေရသည့်လူနာများတွင်အကြွေးများတင်နေ
ကြကြောင်း လူနာ ဦးလေး တစ်ဦးကပြောသည်။

ယာဉ်မတော်တဆဖြစ်သည့်နေ့တွင် မြန်မာ၇ဦးနှင့်ထိုင်းကားမောင်သူတစ်ဦးတို့ သေဆုံးခဲ့သည်။ မျက်မြင်သက်သေများ၏ထွက်ဆိုခဲ့ကြသည့်သေဆုံးသူစါရင်းမှာသဂြိုဟ်ရသည့်အလောင်ထက်များစွာကွဲ
လွဲနေသော်လည်း ပျောက်ဆုံးသေဆုံးမိသားစုဝင်များကတောင်းဆိုလာခြင်း၊စုံစမ်းလာခင်းမရှိသဖြင့် အထက်ဖေါ်ပြပါသဂြိုဟ်စါရင်းမြန်မာ၇ဦးအတွက်သာ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရန် မဟာချိုင်အခြေစိုက်အင်ဂျီအို၃ဖွဲ့ တို့ ပြင်ဆင်နေကြကြောင်းသိရှိရသည်။

သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)