(လန်ဒန်၊ မေ ၂ )
စပါးအသင်း၏နည်းပြ ဟယ်ရီရက်နက်ပ်က အသင်း၏ကွင်းလယ်ကစားသမားများဖြစ်သည့် ဂါရတ်ဘေးလ်နှင့် မော့ဒရစ်တို့ကို လုံးဝရောင်းချမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ယခုနှစ် ဘောလုံးရာသီတွင် စပါးအသင်း၏ ကွင်းလယ်၌ ခြေစွမ်းပြနေသည့် မောဒရစ်ကို မန်ယူအသင်းက ခေါ်ယူရန် အဓီကပစ်မှတ်ထားနေသကဲ့သို့ ဘယ်တောင်ပံတွင် ခြေစွမ်းပြနေသည့် ဝေလသားလေး ဂါရတ်ဘေးလ်ကို ချယ်ဆီးကခေါ်ယူရန် ကြံရွယ်နေကြသည်။ ထိုသတင်းများ ထွက်ပေါ်လာအပြီးတွင် နည်းပြရက်နက်ပ်က မိမိ၏ ကစားသမားများကို ရောင်းချလိမ့်မည်အဟုတ်ဟု ပြောဆိုလာခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**မန်ယူကို အနိုင်ယူမည်ဟု ဂျွန်တယ်ရီပြောကြား**
(လန်ဒန်၊ မေ ၂ )
လက်ရှိ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရက်တည်နေ့သည့် ချယ်လ်ဆီးအသင်း၏ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက အိုးထရက်ဖို့ဒ်တွင်မန်ယူကို အနိုင်ကစား၍ အမှတ်ပေးဇယားပထမနေရာကို ရယူသွားမည်ဟုပြောကြားလိုက်သည်။
ပွဲစဉ် (၃၅) အပြီးတွင် အမှတ်ပေးဇယာထိပ်မှ မန်ယူသည် ဒုတိယနေရာမှ ချယ်လ်ဆီးနှင့် သုံးမှတ်သာကွာပြီး ဂိုးကွာခြားချက်တူညီနေသည်။ ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ချယ်လ်ဆီးကို ၁၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ရာမှ ယခုကဲ့သို့ သုံးမှတ်အကွာသို့ ရောက်ရှိခဲ့ခြင်းမှာ မန်ယူအတွက် နစ်နာလှသလို ချယ်လ်ဆီးကစားသမားများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်ကိုလည်း ချီးကျူးရမည်ဖြစ်သည်။ (အင်တာနက်)

**အမေရိကန်နိုင်ငံ၏ အရောင်းရဆုံးဇာတ်ကားစာရင်းတွင်ဟယ်ရီပေါ်တာဇာတ်ကား ထိပ်ဆုံးမှရပ်တည်**
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းအမေရိကန်နိုင်ငံ ဒီဗွီဒီဈေးကွက် အရောင်းရဆုံး ဇာတ်ကားများစာရင်းတွင် Harry potter and the Deathly Hallows: Part I ဇာတ်ကားက ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်းသိရသည်။ (အင်တာနက်)
**Rock Ages ဇာတ်ကားတွင် ဘရိုင်ယန်ကရန်စတွန် ပါဝင်သရုပ်ဆောင်မည်**
ဒါရိုက်တာ အဒမ်ရှန်ခ်မင်းရိုက်ကူးမည့် Rock Ages ဇာတ်ကား၊ Breaking Bad ဇာတ်ကား၌ ပါဝင်ခဲ့ပြီး Emmy ဆုသုံးကြိမ်ရရှိခဲ့သည့် မင်းသားကြီးဘရိုင်ယန်ကရန်စတွန် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း စနေနေ့တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါဇာတ်ကား၌ မင်းသားကြီး ဘရိုင်ယန်ကရန်ကတွန်နှင့် အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်သည့် ဒီယေဂို ဂွန်ဇာလက်ဘိုနက်တာ၊ တွမ်ခရုစ်၊ အဲလ်လက်ဘော်ဒွင်၊ မာရီဂျေ ဘလစ်ဂ်၊ ပေါလ်ဂီယာမာတီ၊ ဂျူလီယံဟုဂ်နှင့် ကက်သရင်းဇီတာဂျုံးတို့ ပါဝင်ကြမည်ဖြစ်သည်။ (အင်တာနက်)
**ရော့ခ်ဂီတပဒေသာကပွဲ ပေကျင်းငှက်သိုက်အားကစားကွင်း၌ ကျင်းပ**
တရုတ်နိုင်ငံ၏ နာမည်ကြီး ထိပ်တန်း Rock Records တေးဂီတအဖွဲ့တည်ထောင်မှု နှစ် (၃၀) ပြည့် နှစ်ပတ်လည်အထိပ်းအမှတ် အခမ်းအနားအဖြစ်ရော့ခ်ဂီတတေးသံရှင်များ၏ စုပေါင်းပဒေသာကပွဲကို တရုတ်နိုင်ငံ ပေကျင်းမြိုကတော် ငှက်သိုက် အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါတေးဂီတအဖွဲ့ကို၁၉၈၀ ခုနှစ်က တရုတ် (တိုင်ပေ) ညီနောင်နှစ်ဦးဖြစ်သည့် ဆမ်နှင့်ဂျော်နီဒူယမ်တို့ တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင် တေးဂီတအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ နှစ် (၃၀) ပြည့် နှစ်ပတ်လည်ဂီတပဒေသာကပွဲကို လွန်ခဲ့သည့် နိုဝင်ဘာလ နှစ်ကြိမ်ကျင်းပခဲ့ပြီး ရော့ခ်ဂီတပညာရှင်များ၏ ထပ်မံတောင်းဆိုမှုကြောင့် မေလ ၁ နေ့က တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းတွင် တတိယအကြိမ်မြောက် ကျင်းပ ခြင်းဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဟန်သစ် **
t
**ဂါရတ်ဘေးလ်နှင့် မော့ဒရစ်တို့ကို ရောင်းမည်မဟုတ်ဟု စပါးနည်းပြ ဟယ်ရီရက်နက်ပ် ထုတ်ဖော်ပြောကြား**

No comments:
Post a Comment