တနေ့တွင်.....
ကျနော်သည် မြို့ထဲသို့ အလုပ်ကိစ္စလေး ရှိလို့ အသွား
လမ်းတွင် မော်တော်ပီကယ် တစ်စုက လမ်းပိတ်ပြီး
ကျနော့ ဆိုင်ကယ်လေး ရပ်ခိုင်းလေသတည်းးးးး
ထို့နောက် မေးခွန်းများစတင်မေးမြန်း၏
ညီလေး စည်ပင် အခွန်ကဒ်ပါလား (ပါပါတယ် ဆရာ)
ဆိုင်ကယ်လိုင်စင်ပါလား (ပါပါတယ် ဆရာ)
နောက်ကြည့်မှန်ပါလား (ပါပါတယ် ဆရာ)
ဆိုင်ကယ်ဟွန်းအသံမြည်လား (မြည်ပါတယ် ဆရာ)
အပြစ်တခုတော့ တွေပြီဟေ့
ညီလေး ဒဏ်ငွေ ငါးထောင်ကျပါတယ်
အဲလိုပြောတော့ ကျနော်လည်း ကြောက်အားလန့်အားနဲ့ပေးလိုက်မိတယ်
စိတ်ထဲမှာတော့ မတင်မကျပဲ
နောက်ဆုံး မနေနိုင်တော့ပဲ ဘာကြောင့် ဒဏ်ငွေဆောင်ရသလဲ မေးလိုက်ရာ
အဖြေက.............
ငါ့ ညီ မင်း က ရုပ် ဆိုး တာ ကိုး .....တဲ့
(မော်တော်ပီကယ် လုပ်စားနေတဲ့ သူတွေ ကြည့်မရ၍ ရေးခြင်းဖြစ်၏)
**စိုးမိုး ကျော်**

No comments:
Post a Comment