(In this photo released by the Guinness World Records organization and taken on March 11, 2011, Brazilian Maria Gomes Valentim, 114, poses for a photo in Carangola, in Brazil's Minas Gerais state. Gomes Valentim is the world's oldest living human, Guinness World Records said Wednesday. (AP Photo/Guinness World Records)
**အသက် ၁၁၄ နှစ်ကျော် ဘရာဇီးအဘွားအို ဂင်းနက်စ်မှတ်တမ်း၌ ကမ္ဘာ့အသက်အရှည်ဆုံးအဖြစ်ဖော်ပြခံရ**
(ဆောပေါလို၊ မေ ၁၉)
ဘရာဇီးအဘွားအိုတစ်ဦး ကမ္ဘာ့အသက်အရှည်ဆုံးအဖြစ် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ကြောင်း မေ ၁၈ ရက်က အင်တာနက် သတင်းတွင် ဖော်ပြထားသည်။ ဘရာဇီးအဘွားအိုတစ်ဦး ကမ္ဘာ့အသက်ရှည်ဆုံးအဖြစ် ဂင်းနက်စ်ကမ္ဘာ့အသက်ရှည်ဆုံးလူအဖြစ် သတ်မှတ်ခံထားရသည့် ဂျော်ဂျီယာနိုင်ငံမှ အဘိုးအို ဘီစီကူးပါးထက် အသက် ၄၈ ရက် ပိုကြီးနေသူဖြစ်သည်။ အဘွား ဗယ်လန်တမ်ည် ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနာဂျီရိုပြည်နယ် ကာရန်ဂိုလာမြို့သူဖြစ်ပြီး မေသက္ကရာဇ်မှာ ၁၈၉၆ ခုနှစ် ဇူလိုင်းလ ၉ ရက်ဖြစ်ကြောင်း ဂင်းနက်စ်အဖွဲ့က အတည်ပြုစစ်ဆေးခဲ့သည်။ (အင်တာနက်)

(Obama plane needs two attempts to land; no danger)
**သမ္မတ အိုဘာမား၏လေယာဉ် ရာသီဥတုဆိုးရွား၍ ခက်ခဲစွာဆင်းသက်ခံရ**
(ကွန်နက်တီကတ်၊ မေ ၁၉)
အမေရိကန်သမ္မတ ဘားရက်အိုဘားမား စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် မေ ၁၈ ရက်က ရာသီဥတုဆိုးရွားလာသဖြင့် ကွန်နက်တီကတ် ပြည်နယ်လေဆိပ်သို့ ခက်ခဲစွာ ဆင်းသက်ခဲ့ရကြောင်း လေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါလေယာဉ်ကို မောင်းသည့် လေယာဉ်မှူးသည် နံနက် ၉ နာရီ မိနစ် ၅၀ တွင် မြေပြင်သို့ ဆင်းသက်ရန်ဖြစ်သော်လည်း ရာသီဥတုဆိုးရွာနေ၍ ကောင်းစွာမြင်နိုင်စွမ်းအား မရှိတော့သဖြင့် လေယာဉ်ကို ဝေဟင်၌ ၀ဲပျံနေပြီးနောက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် မှ ကွန်နက်တီကတ်ပြည်နယ် ဘလက်ဒလေ နိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်နိုင်ခဲ့ကြောင်း ဖက်ဒရယ်လေကြောင်း အုပ်ချုပ်မှုအဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦး ဖြစ်သည့် တော်မီဂျုံးစ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ (အမ်အင်န်အေ၊ အေအက်ဖ်ပီ)
**သြစတြေးလျနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မြောင်းဖော်စဉ် ရှေ့ခေတ်ရွှေဒင်္ဂါးပြားများတွေ့ရှိ ပိုင်ရှင်ထံပြန်ပေးရန် ရဲများစုံစမ်းလျက်ရှိ**
(ပါ့သ်၊ မေ ၁၉)
သြစတြေးလျနိုင်ငံ အနောက်တောင်ပိုင်းကမ်းခြေတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်း ရွှေဒင်္ဂါးပြားများတူဖော်ရရှိခဲ့ရာ ပိုင်ရှင်အမှန်ကို သြစတြေးလျရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း အင်တာနက်သတင်းတွင် မေ ၁၈ ရက်က ဖော်ပြသည်။
အဲလ်သာနေဆိပ်ကမ်းမြို့ရှိ ဆောက်လုပ်ရေုးလုပ်ငန်းခွင်အတွင်း ပြီခဲ့သည့်သီတင်ပတ်က အလုပ်သမားများ မြောင်းတူးစဉ် ရှေ့ခေတ်ဗြိတိသျှရွှေဒင်္ဂါးပြား ၄၀၀ ကျော်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ပိုင်ရှင်ထံသို့ပြန်ရောက်ရှိစေရန် ထိုရွှေဒင်္ဂါးပြားများကို ရဲလက်သို့ လာအပ်ခဲ့ကြောင်း သြစတြေးလျအနောက်ပိုင်း ပြည်နယ်ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျာရီကာဆစ်ဒီက ပြောကြားသည်။ ရာဖြတ်တစ်ဦး၏ တန်းကြေးဖြတ်မှုအရ ရွှေဒင်္ဂါးတစ်ပြားမှာ သြစတြေးလျ ဒေါ်လာ ၁၆၀၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော်) တန်းဖိုးရှိကြောင်း ကာဆစ်ဒီက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**အီရန်ရေတပ် ဆိုမာလီပင်လယ်ဓားပြရန် ဖယ်ရှားပေး**
အာဖရိကတိုက် အရှေ့မြောက်ပိုင်း ဆိုမာလီနိုင်ငံ အရှေ့တောင်ကမ်းလွန်ဒေသ အိန္ဒိယ သမုဒ္ဒရာအတွင်း မေ ၁၇ ရက်က အမြန်ရေယာဉ်ငယ်ဖြင့် ချဉ်ကပ်လာသာ ပင်လယ်ဓားများ၏ တိုက်ခိုက်မှုကိုခံရကြောင်း၊ ထိုစဉ်ရေပြင်တွင် ကင်းလှည့်နေသည့် အီရန်ရေတပ်သင်္ဘောများက သိလျှင်သိချင်း သွားရောက်ကူညီခဲ့ရာ ဆိုမာလီပင်လယ်ဓားပြများရန်မှ အီရန်ကုန်တင်သင်္ဘောအက်တာ လွတ်မြောက်သွားရသည်ဟုဆိုသည်။ အီရန်ရေတပ် မရိန်းတပ်သားများနှင့် ပင်လယ်ဓားပြများ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။(အင်တာနက်)
**တာလီဘန်တို့၏ ချုံခိုတိုက်ခိုက်မှု အာဖဂန်လမ်းလုပ်သား ၃၅ ဦးသေဆုံး**
(ကဘူးလ်၊ မေ ၁၉)
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း၌ မေ ၁၈ ရက်က တာလီဘန်တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် လမ်းဆောက်လုပ်ရေးလုပ်သား အနည်းဆုံး ၃၅ ဦးသေဆုံးပြီး လူ ၂၀ ဒဏ်ရာရခဲ့ရကြောင်း တာဝန်ရှိသူများကပြောကြားသည်။ မေ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ယင်း တိုက်ခိုက်မှုတွင် အစောင့်တပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံပစ်ခတ်မှုကြောင့် တာလီဘန်ရှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ပတ္တီကာပြည်နယ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြာသည်။
ယင်းတိုက်ခိုက်မှုမှာ ပတ္တီကာပြည်နယ်နှင့် ခို့စ်ပြည်နယ်တို့အကြား ဆက်သွယ်ထားသော တောင်ကုန်းတောင်တန်းများ ထူထပ်ရာဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ အေအက်ဖ်ပီ)
**အာဂျင်တီးနားတောင်ပိုင်းတွင် လေယာဉ်ပျက်ကျလိုက်ပါခဲ့သူ ၂၂ ဦးစလုံးသေဆုံး**
(ဗျူနိုအေရိစ်၊ မေ ၁၉)
အာဂျင်တီးနားနိုင်ငံတောင်ပိုင်းရှိ ရီရိုနီဂရိုးပြည်နယ်တွင် မေ ၁၈ ရက်က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ ယာဉ်ပေါ်လိုက်ခဲ့သူ ၂၂ ဦးစလုံးသေဆုံးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းတာဝန်ရှိသူများက ပြောကြားသည်။ ပျက်ကျမှုဖြစ်ခဲ့သည့် လေယာဉ် ဆော့ဘ်- ၃၄၀ တွင် ကလေးငယ်တစ်ဦး အပါအ၀င် ခရီးသည် ၁၉ ဦးနှင့် လေယာဉ်အမှုထမ်း သုံးဦးလိုက်ပါခဲ့သည်။ မေ ၁၈ ရက်က ညပိုင်းက ကွန်တိုမြို့မှ ကိုမိုဒိုရိုမြို့သို့ ပျံသန်းသည့် ခရီးစဉ်တွင် ဒေသစံတော်ချိန် ၉ နာရီ မိနစ် ၅၀ ၌ပျက်ကျခဲ့ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ အေအက်ဖ်ပီ)
စုစည်းဘာသာပြန်-မိုးမြင့်လင်းလက်၊ ဇော်ဦးခိုင်

No comments:
Post a Comment