(မေလ ၂၁၊ထိုင်းဘာသာပြန် -ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်း ရေလယ်ကျွန်းတစ်ခုဖြစ်သော ကော့စမီကျွန်းလှေဆိပ်မှ ကိုကက နာဝီအမှတ်(၂) ငါးဖမ်း လှေမှ မြန်မာအလုပ်သမား၂ဦး ငါးအပုပ်နံ့ ကြောင့်ရုတ်တရက်သေဆုံးသွားပြီးတစ်ဦးကိုကော့စမီဆေးရုံသို့
အရေးပေါ်ပို့ ဆောင်ပေးခဲ့ရကြောင်းယနေ့ ထုတ် ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။
ပုံမှန်ကမ်းကပ်နေကျနေ့ ရက်ဖြစ်သော မေလ ၁၉ ရက်နေ့ ညနေတွင် မှောင်နေသဖြင့် ၂၀ ရက်နေ့ မှ ဆိပ်ကမ်း
သို့ ငါးများချရန်ဆိုက်ကပ်ခဲ့သည်။ အသက် ၁၉နှစ်အရွယ်မြန်မာအလုပ်သမား ကိုအငယ်က ငါးပါကင် အဖုံးအား
ဖွင့်လိုက်စဉ် ငါးအပုဒ်နံ့ ပြင်းပြင်းအားရှုရိုက်ရသဖြင့် မူးလဲသေဆုံးသွားခဲသည်။ကိုအငယ် ဆိုသူက ယခုကဲ့သို့ လဲကျသွားသည်ကိုမြင့်တွေ့ ရသော အသက်၁၈ နှစ်အရွယ် မောင်မိုး ဆိုသူက သွားရောက်ဆွဲယူရာ မောင်မိုးပါ ချက်ခြင်းသေဆုံးသွားခဲ့ ရသည်။တပြိုင်တည်းတွင် အသက် ၁၈ နှစ်အရွယ် မောင်ဇေါ်ဆိုသူမှာ အသက်ဆုံးရှုံးမှု
မရှိသော်လည်း အရေးပေါ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရသည်။

အဆိုပါ ၀ါးတန်းလှေများတွင် ရက်ပေါင်းရှည်ကြာ ဖမ်းမိသောငါးများအား ငါးဖမ်းလှေဝမ်းဗိုက်အအေးခန်းတွင်
သိုလှောင်ထားသည်။ဖမ်းဆီးရမိသော ငါးမျိုးစုံတို့ အားရေခဲများဖြင့်သိုလှောင်ထားသည့် အအေးခန်းစံနစ်ဖြစ်
သည်။ထို့ ကြောင့် ရေခဲများကုန်ဆုံးသွားလျှင်ဖြစ်စေ၊ ရေခဲနည်းလျှင်ဖြစ်စေ အောက်စီဂျင်ကုန်ဆုံးသွားပြီး အပုပ် နံ့ပြင်းပြင်း(ဂက်စ်)များဖြစ်၍အအေးခန်းအဖုံးများကိုဖွင့်သည့်အလုပ်သမားများမကြာခဏသေဆုံးလေ့ရှိသည်။
လှေပိုင်ရှင်နှင့်လှေပေါ်ကြီးကြပ်သူတို့ အား ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းစာတွင်
ရေးသားဖေါ်ပြထားသည်။အဆိုပါလှေပေါ်တွင် မြန်မာလှေအလုပ်သမားပေါင်း ၃၄ ဦးရှိသည်။
/span>

No comments:
Post a Comment