**Public Health**
(ရန်ကုန်၊ မေ ၄)
သည်းခြေ၌ ကျောက်တည်သောရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ၀မ်းဗိုက်ပြည့်အင့်ဖောင်းကားလာကာအစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုင်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက်ဖယ်ရှားနည်းမှာ ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး၊ ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး၊ မိမိနှစ်သက်ရာ စားသောက်နိုင်သည်) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကိုပျော့စေနိုင်သည်။ ထိုငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန်ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့်သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေအိတ်ပြွန်များကို ပွင့်စေပါသည်။
ည ၁၀ နာရီတွင် သံလွင်ဆီ သို့မဟုတ် နှမ်းဆီ ပန်းကန်လုံးတစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့်ရော၍သောက်ပါ။ သေချာစွာမွှေပြီးမှသောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ၀မ်းသွားသောအခါတွင် ၀မ်းထဲ၌အစိမ်းရောင်ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေဖက်ဝင် သဘာဝဓာတ်စားဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်း မဖြစ်ပေါ် စေနိုင်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:
Post a Comment