ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 6, 2011

အိမ်ထောင်ရေး တိုးကိန်းသီအိုရီ

>
သင်တန်းကျောင်းတစ်ခုရဲ့ နောက်ဆုံးသင်တန်းချိန်က "အိမ်ထောင်ရေး၏ လုပ်ဆောင်မှုနှင့် ထီထွင်မှု" အကြောင်းဖြစ်တယ်။ ဟောပြောမယ့်ဆရာက အတန်းထဲဝင်လာပြီး အသင့်ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ် ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာက "အောင်မြင်တဲ့ အိမ်ထောင်ရေး အချက်နှစ်ချက်" ဆိုပြီး

၁) လူကောင်းတစ်ယောက်ကို ရှာပါ။
၂) ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင် လုပ်ပါ... လို့ ရေးထားတယ်။

ဆရာက "အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ပဲ လွယ်ကူပါတယ်။ တစ်ခြားအောင်မြင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း သက်ကြီးရွယ်အိုတွေဆီက အမြဲကြားဖူးကြလိမ့်မယ် ထင်ပါတယ်" လို့ စကားစလိုက်တာနဲ့ သင်တန်းသားတွေဆီက တွတ်ထိုးသံတစ်ချို့ ထွက်လာတယ်။ သင်တန်းသားအများစုက အိမ်ထောင်ရှိသူတွေ ဖြစ်ကြတယ်။

တအောင့်ကြာတော့ အသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦးက ထရပ်ပြီး "တကယ်လို့ ဒီအချက် နှစ်ချက်စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော? " လို့ ဆရာ့ကိုမေးတယ်။

ဆရာက "မလုပ်နိုင်ခဲ့ရင် အချက်(၄)ချက် ဖြစ်သွားလိမ့်မယ်" လို့ ပြောပြီး နောက်ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။

၁) သည်းခံပါ၊ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
၂) သည်းခံတာကို အကျင့်ဖြစ်အောင် လုပ်ပါ။
၃) တုံးအတဲ့ စရိုက်လေးပါအောင် ကျင့်ပါ။
၎) တုံးအအ စရိုက်ကို တစ်သက်လုံး ကျင့်သွားပါ။

အချက် (၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ တီးတိုးသံတစ်ချို့ လွှင့်လာတယ်။ အားလုံး ငြိမ်သက်သွားချိန်ရောက်မှ ဆရာက "တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း မလုပ်နိုင်ဘူးဆိုရင် အောက်က အချက် (၁၆) ချက်ကို လုပ်နိုင်ရမယ်" လို့ ပြောလိုက်တယ်။

ဆရာက နောက်ကားချပ်တစ်ချပ်ကို ချိတ်ဆွဲလိုက်ပြန်တယ်။
၁) မတူတဲ့အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။
၂) ရေးကြီးခွင်ကျယ် မဟုတ်ခဲ့ရင် စကားပြောတဲ့အချိန် အော်မပြောပါနဲ့။
၃) ရန်ဖြစ် အငြင်းပွါးတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။
၎) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မသွားပါနဲ့။

(၅) ငြင်းခုံရန်ဖြစ်ပြီး အမေအိမ်ပြန်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် ၈နာရီထက် မကျော်ပါစေနဲ့။
၆) ဝေဖန်တဲ့စကားမှာ မေတ္တာပါပါစေ။
၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။
၈) ကိုယ့်အကြောင်း သွားပုပ်လေလွှင့် အတင်းကြားတဲ့အခါ ဟာသလို သဘောထားပြီး ရီပစ်ပါ။
၉) တစ်လကို တစ်ညလောက် သူ (သူမ) အတွက် လွတ်လပ်တဲ့အချိန်ပေးလိုက်ပါ။
၁ဝ) ဒေါသစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။
၁၁) သူ (သူမ) အိမ်ပြန်ချိန်မှာ ကိုယ်အိမ်မှာ ရှိနိုင်ဖို့ကြိုးစားပါ။
၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင် ကြိုးစားပါ။
၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။
၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ် ဆိုတာကို အမြဲစာရင်းပေးပါ။
၁၅) ငွေမရှိတဲ့နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။
၁၆) ကိုယ့်မိဘကို ပေးတဲ့ငွေက တစ်ဖက်မိဘကို ပေးတဲ့ငွေထက် နည်းပါစေ။

(၁၆) ချက်ကို ဆရာရွတ်ပြီးနောက် သင်တန်းသား တစ်ချို့ကရီကြတယ်။ တစ်ချို့က သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး "တကယ်လို့ ဒီ(၁၆)ချက်ကို မလုပ်နိုင်သေးဆိုရင် အောက်က အချက် (၂၅၆) ချက်ကို လုပ်ရလိမ့်မယ်။ လူနှစ်ယောက် ပေါင်းသင်းတဲ့သီအိုရီက တိုးကိန်းသီအိုရီဖြစ်တယ်။ ရှေ့က အခြေခံအချက်တွေပေါ်မှာ နှစ်ထပ်တိုးသွားတာဖြစ်တယ်"

အဲဒီနောက် ဆရာက အချက်(၂၅၆)ချက်ကို ရေးလိုက်တယ်။

" ဒီအခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်နဲ့ အရမ်းနီးနေပြီ" လို့ ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး လက်ခုပ်သံတွေ ဟိန်းသွားခဲ့တယ်။ ဟောပြောပွဲပြီးကြောင်း ကြေညာခဲ့ပေမယ့် တစ်ချို့သင်တန်းသားတွေက မလှုပ်မယှက် ထိုင်နေခဲ့ကြတယ်။ သူတို့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးဆင်းနေခဲ့တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

original from : http://www.ntuee78.org/essay

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)