**အေစီမီလန် အသင်းအီတလီစီးရီးအေ ချန်ပီယံ ဖြစ်ပြီ**
(ရောမ၊ မေ ၈)
အီတလီစီးရီးအေ ပွဲစဉ် (၃၆) ပြိုင်ပွဲများကို မေ ၇ ရက် ညပိုင်းယှဉ်ပြိုင်ကစားခဲ့ကြသည်။ အေစီမီလန်အသင်းက ရိုးမာအသင်းနှင့် ကစားရာတွင် ဂိုးမရှိ သရေကျပြီး စီးရီးအေချန်ပီယံဆုဖလား ဆွတ်ခူးသွားသည်။
အေစီမီလန်အသင်းအနေဖြင့် ၂၀၀၄ ခုနစ်နောက်ပိုင်း ပထမ ဆုံးသော ကစားသမားများနှင့် မန်နေဂျာများ အောင်ပွဲခံခဲ့ကြသည်။
အေစီမီလန်တို့ လက်ကျန်ပွဲနှစ်ပွဲကစားရန် ကျန်ရှိသေးသော်လည်း ပွဲစဉ် (၃၆) အပြီး ရမှတ် ၇၈ မှတ်ဖြင့် ချန်ပီယံဆုဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက်အင်တာမီလန်အသင်းမှာ လက်ကျန်ပွဲ သုံးပွဲကစားရန် ရှိသေးသည်။
သို့သော် ရမှတ် ၆၉ မှတ်ရထားသည်။ အေစီမီလန်က ကိုးမှတ်အသာရထားသဖြင့် ပွဲမကုန်မီ ဖလားဆွတ်ခူးသွားခဲ့ဖြင်းဖြစ်သည်။ (အင်တာနက်)
**နာမည်ကျော်ရုပ်ရှင်မင်းသား တွမ်ခရုဇ်၊လူသားချင်းစာနာထောက်ထားမှုဆုရရှိ**
(လော့စ်အိန်ဂျလိစ်၊ မေ ၈)
ဟောလိဝုဒ်ရုပ်ရှင်မင်းသား တွမ်ခရုဇ်သည် တိုရီရန်အမျိုးသားပြတိုက်နှင့် စီရွန်ပီဆင်တယ်ဌာနမှ ချီးမြင့်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုကို လော့စ်အိန်ဂျလ်စ်မြို့၌ မေ ၆ ရက်ကတက်ရောက်ရယူခဲ့သည်။
ရုပ်ရှင်မင်းသား တွမ်ခရုဇ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို စိတ်ဝင်စားစွာ လုပ်ဆောင်ခဲ့၍ဖြစ်ကြောင်း ဆုချီးမြှင့်ရေးအဖွဲ့က ပြောကြားသည်။ အသက် ၄၉ နှစ်အရွယ်ရှိ တွမ်ခရုဇ်သည် အသက် ၁၉ နှစ်အရွယ်ကပင် ရုပ်ရှင်လောကသို့ Risky Business ဇာတ်ကားဖြင့်စတင် ရောက်ရှိခဲ့သူဖြစ်သည်။ (အင်တာနက်)
**စီရိုနယ်ဒို လေးဂိုးသွင်းပြီး ရီး ရဲမက်ဒရစ်နိုင်ပွဲရ**
(မက်ဒရစ်၊ မေ၈)
စပိန်လာလီဂါပွဲစဉ် (၃၅) ကို မေ ၈ ရက် နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဆီဗီလာနှင့် ရီးရဲမက်ဒရစ်တို့ပွဲတွင် ရီးရဲမက်ဒရစ်က ခြောက်ဂိုးနှစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
အဝေးကွင်း၌ ကစားရသော်လည်း ရီးရဲမက်ဒရစ်တို့ ခြေစွမ်းပြပြီး ဂိုးမိုးရွာနိုင်ခဲ့သည်။ ရီးရဲမက်ဒရစ်အတွက် ဂိုးများကို ပွဲချိန် ၂၁ မိနစ်၌ ရာမို့စ်က တစ်ဂိုးသွင်းခဲ့သည်။ ထို့နောက် စီရိုနယ်ဒိုက ၃၁ မိနစ်၊ ၆၅ မိနစ်၊ ၇၀ မိနစ်နှင့် ၇၅ မိနစ်တို့၌ တစ်ဦးတည်း လေးဂိုးသွင်းယူပေးခဲ့သည်။ ကာကာက ၄၂ မိနစ်၌ တစ်ဂိုးသွင်းယူပေးခဲ့သဖြင့် ရီးရဲမက်ဒရစ်တို့ ခြောက်ဂိုး ရရှိခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)
**ချန်ပီယံခါးပတ် ပက်ကွိုင်းအော ထိုးသတ်ကာကွယ်**
(လက်စ်ဗီးဂတ်စ်၊ မေ ၈)
ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွိုင်အောနှင့် အမေရိကန် လက်ဝှေ့သမားရှိန်းမော့စ်လေတို့သည် မေ ၇ ရက်က အမေရိကန်နိုင်ငံလက်စ်ဗီးဂတ်စ်မြို့၌ ဒဗလျူဘီအို ၀ယ်တာဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
ပကကွိုင်အောက ရှိန်းမောစ်လေအား တစ်ချိန်လုံး ဖိထိုးခဲ့ပြီး ဒိုင်လူကြီး သုံးဦးစလုံးက ပက်ကွိုင်းအောအား အမှတ်ဖြင့် အနိုင်ပေးလိုက်သည်။ ပွဲမတိုင်မီက အလဲထိုးမည်ဟု ကြွေးကြော်ခဲ့သော မော့စ်လေသည် တတိယအချီတွင် ပက်ကွိုင်အော၏ အလဲထိုးမှုကို ခ့လိုက်ရသည်။ ပက်ကွိုင်အောသည် အမေရိကန် လက်ဝှေ့သမားအား ပထမဆုံး အလဲထိုးနိုင်သူဖြစ်လာသည်။ သို့သော် ပွဲချီအပြည့် ထိုးခဲ့ကြသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ကောင်းမြတ်သူ၊ မောင်ချစ်ကြည်၊ မြင့်မောင်စိုး၊ မိုးမြင့်လင်းလက်

No comments:
Post a Comment