ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 24, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
**တရုတ်နိုင်ငံ၌ ကျားဖြူ လေးကောင်မွေး၊ ခွေးမကြီးကနို့တိုက်ကျွေး**

(ရှန်ဒေါင်း၊ မေ ၂၂)
တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်အရှေ့ပိုင်း ၀ီဟိုင်းမြို့ရှိ စီစီယာကူ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၌ ကျားဖြူ လေးကောင် မွေးဖွားခဲ့ကြောင်း မေ ၂၁ ရက်က ဆင်ဟွာသတင်း၌ ဖော်ပြသည်။ အဆိုပါ ကျားဖြူလေးကောင်ကို ရှစ်နှစ်အရွယ်ရှိ လီလီဟုခေါ်သော ကျားဖြူမကြီးက မေ ၂၀ ရက်တွင် မွေးဖွားပေးခဲ့ကြောင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောကြားသည်။ မွေးဖွားသည့် ကျားဖြူလေးကောင်မှာ ရိုးရိုးကျားဖြူအမနှစ်ကောင်နှင့် ဖြူကျားအမနှစ်ကောင်ဖြစ်ကြောင်း၊ ၄င်းကျားပေါက်လေးကောင်၏ မိခင်ကျားမကြီးသည် ပြီးခဲ့သည့်စက်တင်ဘာလက ကျားဖြူလေးကောင်မွေးထား၍ နို့မတိုက်သေးသဖြင့် ယခုမွေးဖွားခဲ့သည့်ကျားငယ်လေးကောင်ကို ခွေးကကြီးက နို့တိုက်ထားရကြောင်းသိရသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**အိုက်စလန်နိုင်ငံ၌ မီးတောင်ပေါက်ကွဲ၊ အနီးဝန်းကျင်မှ ဒေသခံများအားရွှေ့ ပြောင်းပေးရ**

(စတော့ဟုမ်း၊ မေ ၂၂)
အိုက်စလန်နိုင်ငံ ဂရမ်စဗို့မီးတောင်သည် မေ ၂၁ ရက်မှ စတင်ကာ ပေါက်ကွဲလျက်ရှိကြောင်း အိုက်စလန်အရာရှိများက မေ ၂၂ ရက်၌ ပြောကြားသည်။ ယင်းမီးတောင်သည် အိုက်စလန်နိုင်ငံတောင်ပိုင်း တွင်ရှိပြီး မီးတောင်မှပြာမှုန်းများ၊ မီးခိုးများဝေဟင်သို့ ထွက်ပေါ်လျက်ရှိကြောင်း အိုက်စလန်မိုးလေ၀သဌာနက သတင်ထုတ်ပြန်သည်။ မီးတောင်အနီးဝန်းကျင်တွင် နေထိုင်ကြသည် ဒေသခံ များအား ဘေးကင်းရာသို့ အမြန်ရွှေ့ပြောင်းပေးနေရကြောင်း၊ ၄င်းမီးတောင်သည် အိုက်စလန်နိုင်ငံတွင် ပေါက်ကွဲမှုအကြိမ်အများဆုံးဖြစ်ကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။ ယင်းမီးတောင်သည် ၁၉၂၁၊ ၁၉၃၃၊ ၁၉၃၄၊ ၁၉၃၈၊ ၁၉၄၅၊ ၁၉၈၃၊ ၁၉၉၈ နှင့် ၂၀၀၄ ခုနှစ်များကလည်း ပေါက်ကွဲခဲ့သော မီးတောင်ဖြစ်သည်။ (အင်တာနက်)

**ဂျပန်နိုင်ငံ၌ အသစ်ဆောက်မည့် နေအိမ်အားလုံး ဆိုလာပြားများ တစ်ဆင်ရန် စီစဉ်နေ**
(တိုကျို၊ မေ ၂၂ )
ဂျပန်နိုင်ငံ၌ ၂၀၃၀ ခုနှစ်တွင် အသစ်ဆောက်လုပ်မည့် အဆောက်အအုံများနှင့် နေအိမ်တိုင်းကို ဆိုလာပြားများတပ်ဆင်သွားရန် စီစဉ်နေပြီးဖြစ်ကြောင်း မေ ၂၂ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံက ထိုအစီအစဉ်ကို ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ဂျီ- ၈ ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားရန် စီစဉ်ထားကြောင်း၊ ယင်းအစီအစဉ်သည် ဂျပန်နိုင်ငံက ပြန်လည်ပြည့်ဖြို့မြဲ စွမ်းအင်ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုကို ပြသရာလည်းရောက်ကြောင်း နစ်ကိုင်းနေ့စဉ် သတင်းစာက ရေးသား ဖော်ပြသည်။ ဂျပန်နိုင်ငံသည် မတ် ၁၁ ရက်က လှုပ်ခဲ့သော ငလျင်နှင့် ဆူနာမီကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နျူကလီးယားစက်ရုံသည် ပြန်လည်ပတ်ပတ်ရန် အကျပ်အတည်း များဖြင့်ကြုံတွေ့နေရကြောင်း၊ ထို့ကဲ့သို့ နျူကလီးယားအကျပ်အတည်းများကိုကျော်လွှားနိုင်ရန်အတွက် ဆိုလာပြားများ တပ်ဆင်ပြီးစွမ်းအင်အသုံးပြုရေး အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်နာအိုတိုခမ်းက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနျူကလီးယား သတိပေးစနစ်ထူထောင်မည်**
(တိုကျို၊ မေ ၂၂)
ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နျူကလီးယားဆိုင်ရာ စောစီးစွာ ကြိုတင် သတင်းပေးရေးအရေပေါ်ဌာနများ ထူထောင်ပြီးအပြန်အလှန် သတိပေးနှိုးဆော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း မေ ၂၂ ရက်တွင် အင်တာနက် သတင်း၌ ရေးသားဖော်ပြသည်။ ဂျပန်ဝန်ကြီးချုပ် နာအိုတိုခမ်းသည် တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်၊ တောင်ကိုရီးယာသမ္မ အီမြောင်ဘတ်တို့နှင့်အတူ တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် အထက်ဖော်ပြပါအစီအမံကို သဘောတူညီလိုက်ခြင်းဖြစ်သည်။ နျူကလီးယား ကျွမ်းကျင်သူမားသည် အနာဂတ်တွင် သတင်းအချက်အလက်များ ပိုမိုဖလှယ်သွားကုန်ရန်လည်း အဆိုပါ ခေါင်းဆောင်များက ပြောကြားသည်။ (အင်တာနက်)

**မူးယစ်ဂိုဏ်းပိုင် ကျည်ကာ ကားတစ်စီးမက္ကဆီကိုနိုင်ငံတွင် သိမ်းဆည်းရမိ**
(မက္ကဆီကိုစီးတီး၊ မေ ၂၂)
မက္ကဆီကိုနိုင်ငံတွင် မူးယစ်ဆေးဝါးဂိုဏ်းက အသုံးပြုနေ သည့် ကျည်ကာ ပစ်ကပ်ထရပ်ကားတစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲဝန်ထမ်းများက မေ ၂၂ ရက်တွင် ပြောကြားသည်။ ထိုကားကို ဂျာလီစကိုပြည်နယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကားမှာ ပြည်တွင်း၌ပင် အထူးပြုလုပ်ထားသည့် ကျည်ကာကားတစ်စီးဖြစ်သည်။ ကားအရှေ့ပိုင်းကို သတ္တုများဖြင့် ကာရံထားပြီး နောက်ပိုင်းကိုလည်း အကာအကွယ် ဖန်တီးထားသခြင့် ကားအတွင်း လိုက်ပါလာသူကို သေနတ်ကျည်မှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ဂျာလီစကိုပြည်နယ် တောနက်ပိုင်းတွင် မူးယစ်ဂိုဏ်းများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စွန့်ပစ်ထားခဲ့သည့် ၄င်းကားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန်- ဇော်ဦးခိုင်၊ မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)