ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 5, 2011

ဂျက်ဆီကာ ကို ဘယ်သူမှ မသတ်ဘူး/ "No One Killed Jessica"

>

၁၉၉၉ ခုနှစ်၊ အိန္ဒိယ နယူးဒေလီ။

အထက်တန်းလွှာတွေရဲ့ ပါတီတခုက ဘားကောင်တာမှာ အလုပ်လုပ်နေတဲ့ မော်ဒယ်မလေး ဂျက်ဆီကာ ပစ်သတ်ခံရတယ်။ အသတ်ခံလိုက်ရတဲ့ အဓိကအကြောင်းက ညနက်ပိုင်း ဘားပိတ်ချိန်မှာ အရက်မရောင်း တော့ဘူးလို့ ငမူးတသိုက်ကို ငြင်း...မိတာတခုပဲ။ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့သား မန်းနစ်ရှ် (မာနု) က အဲဒီပါတီပွဲမှာ အတော်မူးရူးနေတယ်။ အရက်မရောင်းဘူးလို့ငြင်းပါယ်ခံတဲ့အပေါ် လူပေါ်လူဇော် စိတ်ကို မထိန်းနှိုင်ပဲ ပစ်သတ်မိတယ်။ အဲဒီပါတီမှာ ဒေလီမြို့ရဲ့ ရေပေါ်ဆီလူတန်းစား လူ၃၀၀လောက် ရှိနေတယ်။ မျက်မြင်သက်သေတွေက အထင်အရှားရှိတယ်။ ဒါပေမယ့် တရားရုံးက ဆုံးဖြတ်တယ်။ ဂျက်ဆီကာ့ ကို ဘယ်သူမှ မသတ်ဘူး။ “No one killed Jessica” သတင်းစာတွေ မျက်နှာဖုံး စာလုံးမဲတွေ ပလုံစီသွားတယ်။ တရားခံကတော့ ကွင်းလုံးကျွတ်၊ အမှုပိတ်။ အစိုးရတခုလုံးနဲ့ ဆွေတော်မျိုးတော်တွေ စီးပွားဘက်တွေအားလုံး ဥပဒေအထက်မှာရောက်နေပီး အချိန်မရွေး ထောင်ထဲရောက်သွားနှိုင်၊ ညှင်းပန်းနှိပ်စက်ခံရနိုင်တဲ့ မြန်မာပြည်သားတယောက်အနေနဲ့ ဒီဇာတ်ကားတနေရာရာ ရိုက်ကွင်းတခုမှာ ကိုယ့်ကိုယ်ကို ပြန်မြင်ရနှိုင်တယ်။ မှောင်အတိပြီးနေတဲ့ နိုင်ငံကို ပိုးစုန်းကြူးအလင်းအားလေးနဲ့ မီးထိုးပြရ၊ မှောင်ထဲက ငိုရှိုက်သံတွေကို သေချာရှာမကြည့်နှိုင် မဖေါ်ထုတ်နှိုင် သေးတဲ့ အာဏာရှင်လက်ထက် သတင်းမီဒီယာသမားတွေလည်း မိမိလိပ်ပြာခုံရုံးရှေ့မှာ အစစ်ခံဝံ့မခံဝံ့ မေးခွန်းထုတ်နေမယ့် ဘောလိဝုဒ် ဇာတ်ကားကောင်းတခုလို့ ဆိုနှိုင်မယ်။

အိန္ဒိယမီဒီယာတွေမှာ ဆယ်နှစ်ကျော် ခေါင်းကြီးသတင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုကို အခြေခံထားတယ်။ တကယ့်အဖြစ်အပျက်နဲ့ ဇာတ်အိမ်ဖွဲ့ပြီး ရောသမမွှေထားတယ်။ ဆန့်ကျင်ဘက်စရိုက်၂ခု ကို သရုပ်ဆောင် ထားတဲ့ အမျိုးသမီး၂ယောက်က ဒီဇာတ်အိမ်တခုလုံးမှာ တပိုင်းစီ ရုန်းကန်သယ်ဆောင်ထားတယ်။ ဇာတ်ရဲ့ ပထမပိုင်းမှာ လူသတ်မှုရဲ့ တကယ့်ဖြစ်စဉ်တွေကို ဆင့်ကာဆင့်ကာ ပြနေပုံက ပကတိ ရုပ်သံမှတ်တမ်းဆန်ပေမယ့် လည်မျိုကို အေးစက်စက် ကြိုးစ တချောင်း တရစ်ခြင်းရစ်ပတ်လာပုံမျိုး ။ မတရားမှုကို သရုပ်ဖေါ်နေတာက အေးတိအေးစက် ပုံတုံးတုံး မတုန်မလှုပ်နဲ့ နုနုငယ်ငယ်တဲ့ မိန်းကလေးငယ်တယောက်။ ပရိသတ်ကို မချင့်မရဲဖြစ်အောင် လုပ်ထားတယ်။ ညီမငယ်အတွက် အမှန်တရားအတွက် ဂျက်ဆီကာရဲ့ အမ ဆာဘရီနာ ရုန်းကန်တိုက်ခိုက်တယ်။ ကမ္ဘာ့ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယရဲ့ ဥပဒေစိုးမိုးမှုကင်းမဲ့တာ၊ အကျင့်ပျက် ခြစားတာတွေကို ဆလိုက်ထိုးပြနေတယ်။ မြေနိမ့်ရာလှံစိုက်ပုံပြကွက်တွေ၊ အာဏာပါဝါ တွေဟာ ဇာတ်တူသားတွေရဲ့ ကိုယ်ကျင့် သိက္ခာကို တစစီ ဖြိုချ ဖျက်စီး ပြနေတဲ့အခါ မြန်မာပြည်သား တွေရဲ့ အာခေါင်ထဲမှာ လက်သည်းရှည်နဲ့ ကုတ်ခြစ်နေသလိုလို ခံစားရနှိုင်တယ်။ ၁၉၉၉ခုနှစ်က လူသတ်မှု အမှုမှန်ပေါ်ဖို့အတွက် ဂျက်ဆီကာရဲ့ အမ ဆာဘရီနာက ၇နှစ်လောက် ရုန်းကန်ခဲ့ရရှာတယ်။ ၇နှစ်တာ အမှုစစ်ချိန်အတွင်းမှာ ဆာဘရီနာ တထစ်ချင်း တလှမ်းချင်းနောက်ကျန်ခဲ့ရ။ တောင်ကုန်းတခုချင်း စစ်ရှုံးခဲ့ရ။ သေမှုသေခင်း ရဲစစ်ချက်မှာ အမှန်အတိုင်းဖြေထားခဲ့တဲ့ အဓိကမျက်မြင် သက်သေတွေက ကြောက်လန့်တကြား ယုတ္တိတန်တန် သစ္စာဖေါက်ကြပြန်တယ်။ ၂၀၀၆ခုနှစ်မှာတော့ ဆာဘရီနာတို့ မိသားစု အမှုရှုံးတယ်။ ဂျက်ဆီကာအတွက် ပရိဝေဒစိတ်နဲ့ အမေဆုံးတယ်။ သူထပ်ရှုံးတယ်။ ဒီစိတ်တွေနဲ့ပဲ အဖေ အိပ်ယာထဲလဲ သွားတယ်။ သူထပ်ရှုံးတယ်။ “No One Killed Jessica” ဂျက်ဆီကာ့ကို ဘယ်သူမှ မသတ်ဘူး။ တရားခံအတွက် ဘာသက်သေမှ မရှိဘူး။ တရားစီရင်ရေးစနစ်တခုလုံး ဂျက်ဆီကာနဲ့အတူ သေပွဲဝင်တယ်။ ဇာတ်လမ်းတ၀က်ကျော် အလယ်ပိုင်းကျမှ ဇာတ်ရှိန်ပိုမြင့်လာတယ်။ လူအများကြိုက် သတင်းအကြီးစားတွေမှ ကိုင်တွယ်ချင်တဲ့ မချော မီရာ၊ ဂျက်ဆီကာရဲ့ လူသတ်မှုကို စိတ်မ၀င်စားခဲ့တဲ့ ရုပ်သံသတင်းထောက်မမ မီရာတယောက်က ဒီလူသတ်မှုရဲ့ ဟာကွက်တွေကို ပြန်ဖွတယ်၊ မေ့လျော့ပေါ့ဆနေမိခဲ့တဲ့ သတင်းထောက် တယောက်ဟာ ကမ္ဘာမီးလောင်နေတဲ့မြေမှာ သစ္စာဖေါက်တယောက်လို ခံစားရတာမျိုး အချိန်မရွေးဖြစ်နှိုင်တာကို မီရာရဲ့ အပြစ်မကင်းစိတ်က ပုံဖေါ်နေတယ်။ ဂျက်ဆီကာရဲ့ အမှုကို သာမန်လူသတ်မှု တခုလောက်ပဲလို့ ပေါ့ဆ မှတ်ယူခဲ့မိတဲ့ တီဗီသတင်းထောက် မီရာ အမြင်မှန်ရသွားတဲ့အခါ ဒီတိုက်ပွဲက အသစ်တဖန် ပြန်ဖြစ်လာတယ်။ မီဒီယာက ပြန်တူးဆွတဲ့နောက် အမှန်တရားအတွက် တိုက်ပွဲဟာ တဆင့်ပီးတဆင့် ဇာတ်ရှိန်မြင့်လာစေတယ်။ တရားလက်လွတ် သတ်ဖြတ်ခံရပီး ဥပဒေက နိုင်ငံသားတွေကို အကာအကွယ်မပေးတဲ့အခါ ဥပဒေ ဘက်တော်သားတွေကိုယ်တိုင်က အကျင့်ပျက်ခြစား နေတဲ့အခါ လူတိုင်းဟာ ဂျက်ဆီကာလို လက်လွတ်စပါယ် သေသွားနိုင်တယ်။ အနှစ်လေးငါးဆယ် မြန်မာပြည် အနှံ့မှာလဲ အသေမလှခဲ့တဲ့ ဂျက်ဆီကာလေးတွေ ရှိခဲ့တယ်။ မတရားမှုကိုအာခံအန်တုချင်ပေမယ့် ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတဲ့ ဆာဘရီနာလေးတွေရှိခဲ့တယ်။ ရှိနေသေးတယ်။ ရှိလာအုံးမယ်။ ဘယ်သူသေသေ ဘယ်သူကြေကြေ အခွင့်ထူးခံ လူတန်းစားက ဘာမှမဖြစ်ဘူး။ အေးဆေး။ သစ်ရွက်မလှုပ်ဘူး။ ဖုန်မထဘူး။ မီဒီယာအသက်မွေးဝမ်းကျောင်းဟာ လူ့အခွင့်အရေးတိုက်ပွဲဝင်သူ တက်ကြွလှုပ်ရှားသူ အက်တစ်ဗစ်စ် အလုပ်နဲ့ အမြဲသီးခြား ကင်းလွတ်မှု ရှိမရှိ ဦးနှောက်မုန်တိုင်းဆင်မိစေမယ့် ဇာတ်ကားတခုလို့လဲ ဆိုနှိုင်တယ်။ လမ်းတိုင်းဟာ ရောမကို ဦးတည် နေတယ်လို့ ဆိုကြတယ်ဆိုရင် အမှန်တရား သစ္စာတရားအတွက် ရုန်းကန်ကြရတဲ့အခါ လမ်းတူရင် လူချင်းသိပ် မဝေးကြ။ မီဒီယာက လူထုအကျိုးစီးပွားအတွက် ရပ်တည် လာတဲ့အခါ လူ့ကျင့်ဝတ်နဲ့ တာဝန်သိစိတ်တွေကို နှိုးဆွလာနှိုင်တဲ့အခါ လူထုအုံကြွ တောင်းဆိုလာတဲ့အထိ ဦးတည်သွားစေတဲ့အခါမှာတော့ ဘားတန်ဒါ မော်ဒယ်မိန်းကလေး တယောက်ရဲ့ ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်ဟာ တော်လှန်ရေးတခု ဖြစ်လာတယ်။ လိမ္မော်ရောင်တော်လှန်ရေးမဟုတ်။ ရွှေဝါရောင်တော်လှန်ရေးလဲမဟုတ်။ စပါယ်တော်လှန်ရေးလဲမဟုတ်။ ဂျက်ဆီကာတော်လှန်ရေး။ သန်းဝင်းထွဋ်၊ ဧပြီ ၃၀။ ၂၀၁၁ (ဒီဇာတ်ကားကို ကြည့်ပီးပီးချင်းမှာ ဆရာကြီး လူထုဦးစိန်ဝင်းကိုသတိရတယ်။ ရုပ်ရှင်ကောင်းကောင်းကြည့်ရရင် အိမ်လည် ခေါ်ပီး ပြချင်တတ်တဲ့ ကိုချိုတူးဇော်ကို အမှတ်ရတယ်။ ရိုက်ချင်တဲ့ ဇာတ်လမ်းတွေအကြောင်း ပြောပြောပြနေတတ်တဲ့ ကိုရဲမိုးကို မြင်ယောင်တယ်။ ဒီရုပ်ရှင်ကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းတဲ့ ဒီဗီဘီရဲ့ အမာခံပရိသတ် နီကိုးလ် ကို ကျေးဇူးတင်ရတယ်။ ပြီးတော့ သူငယ်ချင်းတွေ ကြည့်ဖြစ်စေချင်တယ်။)
No One Killed Jessica: 2011 released: 7 January 2011: USA Genres: Drama and Thriller MPAA Rating: None U.S. Box Office: $439,801 (as of end of April 2011) Cast: Vidya Balan, Rani Mukherji, Myra, Rajesh Sharma, Mohammed Zeeshan Ayyub Direction: Rajkumar Gupta Duration: 2 hours 20 minutes Production Co.:UTV Motion Pictures See more

by: Than Win Htut

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)