ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 11, 2011

လျို့ဝှက်ချက် (The Secret)

>
တစ်ခါတုန်းကပေါ့ ။မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး ပျော်ရွှင်စွာနဲ့နေထိုင်ကြသတဲ့။ တစ်နေ့မှာဖားတစ်ကောင်က မြင့်မားတဲ့မျှော်စင်အိုကြီး ကိုကြည့်ပြီး စိတ်ကူးတစ်ခုရလာပါတယ်။ အဲဒီနောက် “အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက အစွမ်းအစအရှိဆုံးလဲသိရအောင်ပြိုင်ပွဲတစ်ခုလုပ်ကြရအောင်” လို့အကြံပြုတော့ အစွမ်းပြလိုတဲ့ အခြားဖားတွေကပြိုင်ကြရအောင်ဆိုပြီးထောက်ခံကြတာပေါ့။ အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့ ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို ရောက်အောင်တက်နိုင်မလဲဆိုတာပါပဲ။ အဲဒီပြိုင်ပွဲသတင်းကိုကြားတဲ့ အခြားဖား အမြောက်အများဟာလဲ ဘယ်ဖားတွေဘယ်လိုပြိုင်ကြမလဲ သိချင်ကြတာနဲ့ ပြိုင်ပွဲကို ဖားပျံမကျ လာရောက်အားပေးကြတာပေါ့။

မကြာခင်မှာပဲ ပြိုင်ပွဲကြီးစတင်ပါတော့တယ်။ ပြိုင်ပွဲဝင်ဖားတွေက ပြိုင်ပွဲစတင်တာနဲ့တပြိုင်နက် အားကြိုးမာန်တက် မျှော်စင်အိုကြီးပေါ်ကို အပြိုင်အဆိုင် ခုန်တက်ကြပါတယ်။

အရိုးသားဆုံးပြောရရင် လာရောက်အားပေးတဲ့ ဖားပရိသတ်တွေအားလုံးဟာ လာပြီးသာ အားပေးရတယ် ဒီလိုပြိုင်ပွဲမျိုးကို ဘယ်လိုဖားတွေမှ မယှဉ်ပြိုင်နိုင်တဲ့အပြင် ဘယ်ပြိုင်ပွဲဝင်ဖားတစ်ကောင်ကောင်မှ မျှော်စင်ထိပ်အထိတက်နိုင်ပြီး အနိုင်ရမယ်လို့ကို မထင်ကြပါဘူး။ အားလုံးသော ပရိသတ်များက “အိုး… ဒါမဖြစ်နိုင်ပါဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ ဒီလောက်မြင့်တဲ့မျှော်စင်ကြီးရဲ့ထိပ်ပေါ်ဘယ်သူမှတက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါ အရမ်း အရမ်းးးးးးးကိုမြင့်တာ” လို့အောက်ကနေပြီး စိတ်လှုပ်ရှားစွာနဲ့ တစ်ယောက်တစ်ပေါက် အော်ဟစ်ပြီး ဝေဖန်ပြောဆိုနေကြတာပေါ့။

မကြာခင်မှာပဲ အချို့သော ကျားကုတ်ကျားခဲနဲ့ ရည်မှန်းချက်ကြီးတဲ့ဖားတွေကလွဲလို့ ကျန်ပြိုင်ပွဲဝင်ဖား တော်တော်များများက မျှော်စင်အိုအပေါ် ကိုတက်ရင်းတက်ရင်းနဲ့ ခြေကုန်လက်ပမ်းကျပြီး အောက်ကိုတစ်ဖုတ်ဖုတ်နဲ့ပြုတ်ကျ လာကြပါတယ်။

အဲဒီမှာပဲ ပရိသတ်တွေက တစ်ယောက်တစ်ပေါက်နဲ့ ပြိုင်ပွဲဝင်တွေကို လှမ်းပြီး “ဒီပြိုင်ပွဲက အရမ်းခက်ခဲလွန်းတယ် ဘယ်သူမှနိုင်မှာမဟုတ်ဘူး မပြုတ်ကျခင် အမြန်ပြန်ဆင်းလာကြတော့လို့’’ အားမလိုအားမရစွာနဲ့ အော်ဟစ်ပြောဆိုကြပါတယ်။ မကြာခင်မှာပဲ ကျန်တဲ့ပြိုင်ပွဲဝင်ဖားတွေက တစ်ဖုတ်ဖုတ်နဲ့ အောက်ကို ဖားကျဖားပြုပ်ကျ ပြုတ်ကျလာကြပါတော့တယ်။

အဲဒီလိုနဲ့ဖားတွေတစ်ဖုတ်ဖုတ် ပြုတ်ကျလာလိုက်တာ နောက်ဆုံးကျန်တဲ့ဖားငယ်လေးတစ်ကောင်က တစ်ခုန်ချင်းတစ်ခုန် အပေါ်ကို ဆက်လှမ်းနေပါတယ်။ အဲဒီဖားကလေးဟာ လုံးဝအရှုံးမပေးပဲ ဆက်လက်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးမှာတော့ မျှော်စင်အိုကြီးထိပ်ကို ရောက်သွားတဲ့ “ကိုရွှေဖားသည်ဂရိတ်” ဖားစွမ်းကောင်းကလေး ကလွဲလို့ကျန်တဲ့ဖားတွေအကုန်လုံး အောက်ကိုပြုတ်ကျပြီးအရှုံးနဲ့ ရင်ဆိုင်သွားကြရပါတယ်။

ဖားအားလုံးဟာ အနိုင်ရသွားတဲ့ ဖားစွမ်းကောင်းလေးရဲ့ အကြောင်းနဲ့ ဘယ်လိုကြောင့် အခြားဖားတွေမလုပ်နိုင်တဲ့ အလုပ်ကိုလုပ်နိုင်တာလဲဆိုတာကို သိချင်စိတ်ပြင်းပြနေကြတာပေါ့။ အဲဒါနဲ့ အဲဒီဖားကလေးကို “သင် အဘယ်လိုစွမ်းအားတွေ ခွန်အားတွေသုံးပြီး ဒီလောက်မြင့်တဲ့ မျှော်စင်အိုကြီးပေါ်ကို တက်သလဲ” လို့ဝိုင်းမေးကြပါတယ်။ အဲဒီမှာသူတို့ဟာ ဖားကလေးရဲ့လျို့ဝှက်ချက်ကို သိသွားကြပါတယ်။ အဲဒါကဘာလဲဆိုတော့ ဖားကလေးဟာနားမကြားဘူးဆိုတာပါပဲ။

ဒီပုံပြင်လေးထဲက သင်ဘယ်လိုသင်ခန်းစာရသလဲ?

သင့်ကို စိတ်ပျက်၊ အားလျော့စေမယ့် ဘယ်လိုစကားတွေမှနားမယောင်ပါနဲ့။

အဲဒါက အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီစကားမျိုးတွေက သင့်ရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ အိမ်မက်တွေ မျှော်လင့်ချက်တွေအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်လို့ပါပဲ။

ဒါကြောင့် သင့်ကိုခွန်အားပေးနိုင်တဲ့ စကားစုများ၊ အကြောင်းအရာများကို သာအမြဲစဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ သင်တွေးတော၊ ဖတ်ရှု၊ နားထောင် တဲ့အကြောင်းအရာအားလုံးဟာ သင့်ရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေမှာဖြစ်လို့ပါ။

ထို့ကြောင့် အမြဲတမ်း အကောင်းမြင်ပါ။ ဒီထက်ပိုပြီးလုပ်သင့်တာတစ်ခုကတော့ နားထိုင်းနေပါ။ ဘယ်လိုအချိန်မျိုးမှာ နားထိုင်းနေရမလဲဆိုတော့ သင့်ကိုတစ်စုံတစ်ဦးက သင်၏ရည်မှန်းချက် ကိုမဖြစ်နိုင်ဘူးလို့ပြောလာတဲ့အခါမှာပါ။

ငါလုပ်နိုင်တယ်လို့ အမြဲတမ်းကိုယ့်ကိုယ်ကိုသတိပေးနေပါစေ။

“Those whose are reluctant to climb the mountains will live in the holes forever” Abo Al Qasim Al Shabi

“You should do things that you think you cannot do them” Roosevelt.

Forward mail မှရရှိသည့် “The Secret” အား ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

ကြိုးစားနေဦးမည့်

**စောဒေးဗစ် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)