**မိုက်ကယ်ဂျယ်ဆင်ဝတ်ဆင်ခဲ့သည့်ဂျာကင်ဒေါ်လာနှစ်သိန်းဖြင့် လေလံတင်မည်**
(ကယ်လီဖိုးနီးယား၊ ဇွန် ၈)
ကမ္ဘာကျော် အဆိုတော်မိုက်ကယ်ဂျက်ဆင် ၀တ်ဆင်ခဲ့သည့် Thriller အမည်ရှိဂျာကင်အင်္ကျီ ကိုအမေရိကန်ဒေါ်လာ နှစ်သိန်းဖြင့် လေလံတင်ရောင်းချရန်အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘီဘာလီဟေးလ်ရှိဂျူလီယမ်လေလံတင်ရောင်းချရေးရုံးက ကြေညာသည်။ အဆိုပါဂျာကင်အင်္ကျီသည် မိုက်ကယ်ဂျက်ဆင် Thriller တေးအယ်လ်ဘမ်တွင် ၀တ်ဆင်ခဲ့သော အင်္ကျီဖြစ်ပြီး အနီနှင့် အမည်းရောက်စပ်ချုပ်ထားသည့် သားရေတည်အင်္ကျီဖြစ်ကြောင်း၊ ယင်းဂျာကင်အင်္ကျီသည် ပေါ့ပ်ဂီတကို လူသိများ ကျော်ကြားစေခဲ့ကြောင်း ၊ လာမည့် ဇွန် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အထက်ပါလေလံတင်ရုံးကရောင်းချမည်ဖြစ်ကြောင်း လေလံရုံး အုပ်ချုပ်သူ ဒါရင်ဂျူလီယမ်က ပြောကြားသည်။ (အင်တာနက်)

**ပေါ့ပ်အဆိုတော် လေဒီဂါဂါ ဖက်ရှင်ဆုဆွတ်ခူးရရှိ**
(နယူးယောက်၊ ဇွန် ၈)
ကမ္ဘာကျော် ပေါ့ပ်အဆိုတော်လေဒီဂါဂါသည် ယခုနှစ်အတွက် အမေရိကန်ဖက်ရှင် ဒီဇိုင်နာများကောင်စီ( စီအက်ဖ်ဒီအေ) က ချီးမြင့်သည့် ဖက်ရှင် အိုင်ကွန်ဆု (Fashion icon award) ဆွတ်ခူးရရှိသွားသည်။ အဆိုတော်လေဒီဂါဂါသည် ဂီတဖျော်ဖြေပွဲများတွင် ရံဖန်ရံခါ ၀တ်ဆင်ရသော အထူးဝတ်စုံများကြောင့် လူသိများကျော်ကြားစေခဲ့ကြောင်း၊ ဖက်ရှင် တစ်ခေတ်ကိုလည်း ဆန်းသစ်စေခဲ့ကြောင်း စီအက်ဖ်ဒီအေက ပြောကြားသည်။ တီထွင်ဆန်းသစ်ဝတ်ဆင်ခဲ့သည့် အထူးဖက်ရှင် ၀တ်စုံများ ကြောင့် မိမိအား အသိအမှတ်ပြုသည်ကို ၀မ်းသာမိကြောင်း လေဒီဂါဂါက နယူးယောက်မြို့ လင်ကွန်းစင်းတာ၌ ပြုလုပ်သော အဆိုပါဖက်ရှင်ဆုချီးမြင့်ပွဲတွင် ပရိသတ်အား ပြောကြားသည်။ (အင်တာနက်)

**ဂျာမနီခြေစစ်ပွဲအောင်ရန် သေချာနေပြီ**
(ဘာလင်၊ ဇွန် ၈)
ယူရို ၂၀၁၂ ခြေစစ်ပွဲများကို ဇွန် ၇ ရက်က ဆက်လက်ကစားရာ ဂျာမနီနှင့် အဇာဘိုင်ဂျန်တို့ ပွဲတွင် ဂျာမနီက သုံးဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမနီအတွက် ဂိုးများကို အိုဇေးလ်နှင့် ဂိုမက်ဇ်တို့က ပထမပိုင်းပွဲချိန်အတွင်း သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ ဂျာမနီအတွက် တတိယဂိုးကို ပွဲချိန်မိနစ် ၉၀ အပြီး လေလွင့်ချိန်အတွင်းအင်ဒရီချာလီက သွင်းယူပေးခဲ့သဖြင့် အုပ်စု(က) တွင် ဂျာမနီတို့ ခုနစ်ပွဲကစားခဲ့ပြီးပွဲအားလုံးအနိုင်ရရှိသဖြင့် ခြေစစ်ပွဲအောင်ရန် သေချာနေဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment