(Mark Twain in his gown (scarlet with grey sleeves and facings) for his D.Litt. degree, awarded to him by Oxford University)
.....................................................
တစ်ခါတုန်းက နာမည်ကျော်အမေရိကန်စာရေးဆရာကြီးမတ်တွိန်း
ဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို သွားရောက်လုပ်ကိုင်ရာ
ရှိသမျှဥစ္စာဆုံးရှုံးပြီး အကြွေးအများအပြားနဲ့ ကျန်ရစ်ပါတယ်။
သူဟာ တင်သမျှ ကြွေးကိုကျေအောင်ဆပ်မယ်ဆိုတဲ့ စိတ်နဲ့
အလုပ်လုပ်ပေမယ့် သုံးနှစ်ကြာသွားတယ်။
အကြွေးကမကျေနိုင်သေးဘဲ ဖြစ်နေပါတယ်။
သူဟာ နာမည်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ပြီး၊
စာဖတ်သူတို့ အလွန်ချစ်ခင် နှစ်သက်သူ၊
တိုင်းပြည်က လေးစားကြည်ညိုသူတစ်ဦးဖြစ်ရာ
လူသိထင်ရှားဖြစ်နေတဲ့ သူ့အခက်အခဲကို
ကူညီဖြေရှင်းပေးဖို့အတွက် သတင်းစာတစ်စောင်က
ဦးဆောင်ပြီးရန်ပုံငွေ ကောက်ခံကြတယ်။
လူအများအပြားအပါအဝင်
ချမ်းသာသူရော၊
အရေးပါအရာရောက်သူရော လူအများအပြားတို့က
ငွေကြေး အမြောက်အများထည့်ဝင်လှူဒါန်းကြပါတယ်။
အဲဒီရန်ပုံငွေကရတဲ့ငွေကြေးဟာ
အကြွေးပေးဆပ်ဖို့ လုံလောက်တဲ့ ငွေကြေးဖြစ်နေပါတယ်။
အဲဒီရန်ပုံငွေကို လက်ခံလိုက်ရင် အကြွေးကို
ဆပ်ပြီးသားဖြစ်နိုင်ပါတယ်။
ဒါပေမယ့် မတ်တွိန်းက လက်မခံပါ။
စေတနာရှင်တို့ရဲ့ကူညီငွေ အားလုံးကို
ပြန်လည် ပေးလိုက်ပါတယ်။
မိမိကိစ္စကို မိမိဘာသာဖြေရှင်းမယ်ဆိုတဲ့စိတ်ဓါတ်ကြောင့်
ပြန်လည်ပေးလိုက်ခြင်းဖြစ်တယ်။
နောက် ခုနစ်လအကြာမှာတော့
သူရဲ့စာအုပ်သစ်တစ်အုပ် အကြီးအကျယ်
အောင်မြင်သွားတဲ့အတွက်
သူ့ရဲ့ကြွေးများကို အားလုံး ပြီးပြေအောင်
သူပေးဆပ်နိုင်ခဲ့ပါတယ်။
အဓိက ကတော့
ကိုယ့်ရဲ့ဂုဏ်သိက္ခာကို
ကိုယ် လေးစားခြင်းဖြစ်သလို
ကိုယ် တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။
ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားလေးစားခြင်းဆိုတာ
လူတိုင်းနဲ့သက်ဆိုင်သောကိစ္စဖြစ်တယ်။
Posted by A.W. Hein
မေမွန်ကျော်

No comments:
Post a Comment