အသံများ
ကြားမှာပ ။
အင်တာနက်ဖန်သားမှာ
အမှန်တရားရှာသူ
အကြံစကားနဲ့  “ဝါ”သူ
စံထားစရာ “ငါ”တစ်ဆူ
“ဆိုသူ” တို့ ရှိရဲ့ ။
တစ်ချို့ …..
ခံစားလို့ 
ရန်ပွားကြ
အသံများလည်း
ကြားမှာပ ။
လူ
သူ့ သဘာဝ
“ဆူ” ရ မှလေ
ဆူကြစေပါ့
ခံစားမှုအထွေထွေနဲ့ ဘဝ
နားလည်ကြရပေလိမ့်မယ် ။
ဒါပေမယ့်
မိတ်ဆွေတို့ 
ဇာတ်ထဲက စကား
အရပ်သား အသုံး
နှလုံး မူကြစေချင်ရဲ့ ။
ပြည်တည်တော့ “ စည်” ဆူ
“မျောက်” အူတော့ပြည်ပျက် တဲ့ ။
ဆူတာအန္တရာယ်မရှိ
“အူသံ” ထွက်ရင် ပြည်ပျက်မယ်သတိ ။
** THAN SWE**
အသံများ
ကြားမှာပ ။
အင်တာနက်ဖန်သားမှာ
အမှန်တရားရှာသူ
အကြံစကားနဲ့  “ဝါ”သူ
စံထားစရာ “ငါ”တစ်ဆူ
“ဆိုသူ” တို့ ရှိရဲ့ ။
တစ်ချို့ …..
ခံစားလို့ 
ရန်ပွားကြ
အသံများလည်း
ကြားမှာပ ။
လူ
သူ့ သဘာဝ
“ဆူ” ရ မှလေ
ဆူကြစေပါ့
ခံစားမှုအထွေထွေနဲ့ ဘဝ
နားလည်ကြရပေလိမ့်မယ် ။
ဒါပေမယ့်
မိတ်ဆွေတို့ 
ဇာတ်ထဲက စကား
အရပ်သား အသုံး
နှလုံး မူကြစေချင်ရဲ့ ။
ပြည်တည်တော့ “ စည်” ဆူ
“မျောက်” အူတော့ပြည်ပျက် တဲ့ ။
ဆူတာအန္တရာယ်မရှိ
“အူသံ” ထွက်ရင် ပြည်ပျက်မယ်သတိ ။
** THAN SWE**
No comments:
Post a Comment