**ဘရာဇီးမြောက်ပိုင်း၌ ရေလွှမ်း၊အိမ်နှင့်စာသင်ကျောင်းများ ရေနစ်မြုပ်နေ**
(ရီရိုဒီဂျနေရိုး၊ ဇွန် ၇)
ဘရာဇီးနိုင်ငံမြောက်ပိုင်း ဒေသများတွင်မိုးသည်းထန်မှုကြောင့် ရေလွှမ်းမှုများဖြစ်ပေါ်လျက်ရှိရာ ၁၉၇၆ ခုနစ်နောက်ပိုင်း အဆိုးရွားဆုံး ရေဘေးဒုက္ခနှင့် ပြည်သူများကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဘရာဇီးအရာရှိများက ဇွန် ၇ ရက်၌ ပြောကြားသည်။ ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ ဘရန်ကိုမြစ်ရေသည် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ၁၀ ဒသမ ၀၂ မီတာအထိမြင့်တက်ခဲ့ရာ ၁၉၇၆ ခုနစ်က ၉ ဒသမ ၈ မီတာ အမြင့်ထက် ပိုမိုကျော်လွန်ခဲ့သည်။ ရိုးရေးမားပြည်နယ် မြို့တော် ဘိုရာဗစ်စတာမြို့တွင် နေအိမ်အများအပြား ရေလွှမ်းခဲ့ပြီး အနီးဝန်းကျင်ဒေသ၏ ၈၀ ရာခိုင်နှုန်းမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွာလျက်ရှိသည်။ အဝေးပြေးလမ်းမများလည်း ရေလွှမ်းနေသဖြင့် မော်တော်ယာဉ်သွားလာမှု ပြတ်တောက်နေဆဲဖြစ်သည်။ နေအိမ်နှင့် စာသင်းကျောင်းများ ရေလွှမ်းနေသဖြင့် ကျောင်းများပိတ်ထားရပြီး ကလေးငယ်အများအပြား ကျောင်းမတက်ရဘဲ ရှိနေသည်။ (အင်တာနက်)
**မီးတောင်ပြာမှုန်များကြောင့် အာဂျင်တီးနား၌ လေဆိပ်ပိတ်ထားရ**
(ဗျူနို့စ်အေရီ၊ ဇွန် ၇)
ချီလီနိုင်ငံရှိ ပူယီဟွေမီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးခိုးနှင့်ပြာမှုန်များ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံ ဝေဟင်အတွင်း ၀င်ရောက်လာမှုကြောင့် ဗျူနို့စ်အေရီလေဆိပ်ပိတ်ထားခဲ့ရပြီး လေယာဉ်ခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်းထားရကြောင်း အာဂျင်တီးနားအရာရှိများက ဇွန် ရက်၌ ပြောကြားသည်။ အမြင့် မီတာ ၂၂၄၀ ရှိသော ပူယီဟွေမီးတောင်သည် ချီလီနှင့် အာဂျင်တီးနားနယ်စပ်တွင် တည်ရှိနေရာ ပြီးခဲ့သည့် ဇွန် ၄ ရက်က မီးတောင်စတင်ပေါက်ကွဲနေရာမှ မီးခိုးပြာမှုန်များ အာဂျင်တီးနားနိုင်ငံ တောင်ပိုင်းဝေဟင်သို့ လွင့်မျောဝင်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဗျူနို့စ်အေရီမြို့တောင်ပိုင်း အဓိကမြို့ဖြစ်သော ဘာဟီရာဘလန်ကာမြို့လေဆိပ်ကို ဇွန် ၆ ရက်မှ စတင်ပိတ်ထားခဲ့ရသည်။ ၄င်းလေဆိပ်မှာ ဇွန် ၈ ရက်အထိပြန်လည်ဖွင့်လှစ်နိုင်ဖွယ်မရှိကြောင်း လေဆိပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
**အင်ဒိုနီးရှားနိုင်ငံ၌ ကူးတို့သင်္ဘောနစ်မြုပ် ၁၈ ဦး သေဆုံး၊ ၁၈ ဦးပျောက်ဆုံး**
(ဂျကာတာ၊ ဇွန် ၇)
အင်ဒိုနီးရှားနိုင်ငံ ဘော်နီရိုကျွန်းကမ်းလွန်တွင် ဇွန် ၆ ရက်က လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကူတို့သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ၁၈ ဦးသေဆုံး ၁၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း အင်ဒိုနီးရားအရာရှိများက ဇွန် ၇ ရက်၌ ပြောကြားသည်။ ၄င်းကူတို့သင်္ဘောသည် ဘော်နီရိုကျွန်မှာ ဂီရွန်ဂန်ဆိပ်ကမ်းသို့ ထွက်ခွာလာပြီးနောက် တစ်နာရီခန့်အကြာတွင် မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါကူတို့သင်္ဘောပေါ်တွင် ခရီးသည် ၁၀၁ ဦးနှင့် သင်္ဘောဝန်ထမ်းလေးဦးတို့ကို တင်ဆောင်မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသည်အများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပျောက်ဆုံးနေသော ခရီးသည် ၁၈ ဦးကို ရှာဖွေလျက်ရှိကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**တူရကီနည်းပြ ဂူဟစ်ဒင့် ချယ်လ်ဆီးနည်းပြဖြစ်လာဖွယ်ရှိ**
(လန်ဒန်၊ ဇွန် ၇)
တူရကီဘောလုံးအသင်းနည်းပြ ဂူဟစ်ဒင့်အား ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တူရကီဘောလုံးအဖွဲ့ချုပ်က ၄င်းအားအသင်းနည်းပြအဖြစ်မှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ နယ်သာလန်နိုင်ငံသား ဟစ်ဒင့်သည် ချယ်လ်ဆီးသို့ ပြောင်းမည်ဟုပြောကြားခြင်းမရှိကြောင်း၊ သို့သော် ချယ်လ်ဆီးနည်းပြဖြစ်လာလိမ်မည့်စုမိမိတို့ယုံကြည်မိကြောင်း တူရကီဘောလုံးအဖွဲ့ချုပ်က ပြောကြားသည်။ အသက် ၆၄ နှစ်ရှိ ဟစ်ဒင့်သည် ၂၀၀၉ ခုနစ်က ချယ်လ်ဆီးအသင်းကိုအက်စ်အေဖလားရအောင် ဦးဆောင်နိုင်ခဲ့သည်။ ဟစ်ဒင့်သည် ပီအက်စ်ဗွီအိုင့်ဟိုဗင်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ည်။ ဟစ်ဒင့်သည် လာမည့်သီတင်းပတ်၌ ချယ်လ်ဆီိးကလပ်သို့ နည်းပြအဖြစ် တာဝန်ယူရန် ရောက်ရှိလာမည်ဟု ချယ်လ်ဆီးကလပ်တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်၊ ကောင်းမြတ်သူ

No comments:
Post a Comment