**စပါးမှ လူကာမိုဒရစ်အား ချယ်လ်ဆီးခေါ်ယူမည်**
(လန်ဒန်၊ ဇွန် ၁၅)
စပါးအသင်းမှ လူကာမိုဒရစ်အား ချယ်လ်ဆီးက ခေါ်ယူရန် ဆွေးနွေးလျက်ရှိရာ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့် သဘောတူညီမှု ရရှိတော့မည်ဖြစ်ကြောင်း ချယ်လ်ဆီးကလပ်က ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ ခရိုအေးရှားနိုင်ငံသား လူကာမိုဒရစ်သည် ညာနောက်ခံကစားသမားဖြစ်သော်လည်း တောင်ပံတိုက်စစ်အထိ လိုက်ပါနိုင်သူဖြစ်သည်။ ချယ်လ်ဆီးက ၄င်းအားတစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ ပေးမည်ဟု ကမ်းလှမ်းထားသည်။ (အင်တာနက်)

**ကမ္ဘာကျော်ရော့ခ်အဆိုတော်ကင်း အမှတ်တရတေးသီချင်းစာအုပ်ထုတ်ဝေမည်**
(နယူးယောက် ၊ ဇွန် ၁၅)
ရော့ခ်အင်န်ရိုးလ် (Rock n’ Roll) တေးရေး၊ တေးဆို အဆိုတော် ကာရိုးလ်ကင်း (Carole King) သည် ၄င်းသီဆိုခဲ့သော သီချင်းများကို စုစည်းပြီး အမှတ်တရ တေးစာအုပ်အဖြစ်ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာသည်။ အသက် ၆၉ နှစ်ရှိပြီဖြစ်သော နာမည်ကြီးရော့ခ်အင်န်ရိုးလ် သီချင်းများကို ရေးသားသီဆိုခဲ့သူ ကာရိုးလ်ကင်းသည် ယင်းစာအုပ်ကို ၂၀၁၂ ခုနှစ် ဧပြီလတွင် ထုတ်ဝေဖြင့်ချိမည်ဟု ဆိုသည်။ စာအုပ်ထွက်ရှိရေးအတွက် ဂရင်းစင်ထရယ် စာအုပ်ထုတ်ဝေရေးနှင့် စာချုပ်ချုပ်ဆိုထားကြောင်း၊ ၄င်းသီချင်း စာအုပ်တွင် Natural Woman အမည်ရှိ ၄င်းကိုယ်တိုင်ရေးသားခဲ့သောနာမည်ကြီး သီချင်းများ ပါဝင်ကြောင်း ကာရိုးလ်ကင်းက ပြောကြားသည်။ (အင်တာနက်)
**၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်မည်**
(ကရာချိ၊ ဇွန် ၁၅)
၂၀၁၄ ခုနစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲ ပထမအကျော့အဖြစ်လာမည့် ဇွန် ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့၌ ပါကစ္စတန်နှုင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ထို့အတူ ဒုတိယအကျော့ပွဲစဉ်အဖြစ် ဇူလိုင် ၃ ရက်တွင် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ ၄င်းနှစ်သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါ ဘောလုံးပွဲစဉ် နှစ်ပွဲအတွက် လုံခြုံရေး အထူးကြပ်မတ်ထားမည်ဖြစ်ကြောင်း ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ ပါကစ္စတန်ဘောလုံးအသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဆင့်သတ်မှတ်ချက် ၁၆၈ နေရာ၌ရှိသော အသင်းဖြစ်သည်။ (အင်တာနက်)
**အကောင်းဆုံး တိုနီတေးဂီတဆု ဆတ်တန်ဖော်စတာ ဆွတ်ခူးရရှိ**
(နယူးယောက်၊ ဇွန် ၁၅)
နာမည်ကြီး အမေရိကန်အဆိုတော် တရုပ်ဆောင် ဆတ်တန်ဖော်စတာ (Sutton Foster) သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇွန် ၁၂ ရက်က ကျင်းပသော တိုနီတေးဂီတဆု (Tony Musical Award) ပေးပွဲတွင် အကောင်းဆုံးအမျိုးသမီး တေးအယ်လ်ဘမ် တရုပ်ဆောင်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ သူမသည် Anything Goes တေးအယ်လ်ဘမ်တွင် အကောင်းဆုံး တရုပ်ဆောင်ထားသည်။ ယင်းအတွက် တိုနီတေးဂီတဆုချီးမြှင့်ရေးအဖွဲ့က ၄င်းအား အကောင်းဆုံး တေအယ်လ်ဘမ် သရုပ်ဆောင်ဆု ချီးမြှင့်ခဲ့သည်။ ၄င်းသည် ၂၀၀၂ ခုနစ်ကလည်း Throughly Modern Millie တေးအယ်လ်ဘမ်ဖြင့် အကောင်းဆုံးတိုနီတေးဂီတဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး၊
t

No comments:
Post a Comment