ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 16, 2011

၉ဝ-၁ဝ နိယာမ

>

၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်)

၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ?
ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။

ဒါ ဘာအဓိပ္ပာယ်လဲ?
ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ%ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။
ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။
ဒါပေမယ့် ကျန်တဲ့ ၉ဝ%ကိုတော့ ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်။
ဘယ်လိုဆုံးဖြတ်မလဲ?
သင့်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။

ကားမီးနီသွားတာကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်မှုကို သင်ထိန်းချုပ်နိုင်ပါတယ်။
တခြားသူ အရူးလုပ်တာကို မခံပါနဲ့။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သင်ထိန်းချုပ်နိုင်ပါတယ်။

ဥပမာတစ်ခုပြရရင်....

သင်နဲ့ သင့်မိသားစု မနက်စာစားနေတယ်။ သင့် သမီးငယ်က ကော်ဖီခွက်ကို သင့်အင်္ကျီပေါ် မတော်တဆ လောင်းမိတယ်။
ဒါက သင်မထိန်းချုပ်နိုင်တဲ့ အဖြစ်တစ်ခုဖြစ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာက သင့်ရဲ့တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။

သင် စဆူပြီ.... သမီးကို သင်ဆူဆဲပစ်လိုက်တယ်။ သမီး ငိုယိုတော့တယ်။
အဲဒီနောက် သမီးကို ဆူဆဲနေရာက မြှားဦးကို ဇနီးဖက် သင်လှည့်လိုက်တယ်။
က်ာဖီခွက်ကို စားပွဲစွန်းမှာ တင်ထားတာကို ဆူဆဲတယ်။ တစ်ဆက်တည်းမှာ အပြန်အလှန် အဆူအဆဲစစ်ပွဲလေး စတင်တော့တယ်။ သင် ဒေါသထွက်ထွက်နဲ့ အပေါ်ထပ်တက် အဝတ်အစားလဲတယ်။
အောက်ထပ်ပြန်ရောက်တော့ သမီးက ငိုငိုယိုယိုနဲ့ မနက်စာဆက်စားပြီး ကျောင်းသွားဖို့ အမြန်ပြင်တယ်။
ဒါပေမဲ့ ဘတ်စ်ကားက ထွက်သွားခဲ့ပြီ...

သင့်ဇနီးကလည်း အလုပ်ကို အမြန်ထွက်သွားတယ်။ သင်လည်း သမီးကို ကျောင်းပြေးပို့ရတယ်။
သင်ရုံးနောက်ကျမှာစိုးလို့ တစ်နာရီ မိုင်၃ဝပဲ မောင်းရတဲ့လမ်းမှာ သင် ၄ဝနဲ့မောင်းတယ်။
ကားအမြန်မောင်းလို့ သင်ဒဏ်ငွေရိုက်ခံရတယ်။ အဲဒီလိုနဲ့ ကျောင်းရောက်တော့ ၁၅မိနစ်နောက်ကျနေခဲ့ပြီ။
သင့်သမီးက သင့်ကို နှုတ်တောင်မဆက်နိုင်ဘဲ အတန်းထဲပြေးဝင်သွားတယ်။ သင့်ရုံးရောက်တော့ ၉နာရီ မိနစ်၂ဝရှိနေပြီ။
ရုံးရောက်မှ သင့်လက်ဆွဲအိတ်မေ့ကျန်တာကို သတိရတယ်။ ဒါဟာ တကယ့်ဆိုးရွားတဲ့ နေ့တစ်နေ့ဖြစ်တယ်။
ဒီကနေ့ ကံမကောင်းပါလားဆိုပြီး အိမ်ကိုပဲ သင်ပြန်ချင်နေလိမ့်မယ်။
အိမ်ပြန်ရောက်တော့လဲ သင်နဲ့ ဇနီး၊ သမီးရဲ့ ဆက်ဆံရေးက အက်ကြောင်းလေးထနေလိမ့်မယ်။

ဒါ.. ဘာကြောင့်လဲ? အရာအားလုံးက မနက်ပိုင်းမှာ သင်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်ချက်တွေကြောင့်ဖြစ်တယ်။

ဒီလို ဆိုးရွားတဲ့နေ့တစ်နေ့ ဘာဖြစ်လို့ ဖြစ်ခဲ့ရသလဲ?
(၁) ကော်ဖီကြောင့်?
(၂) သင့်သမီးကြောင့်?
(၃) ယာဉ်ထိန်းရဲကြောင့်?
(၄) သင့်ကြောင့်?

အဖြေက နံပါတ် (၄)ဖြစ်ပါတယ်။

သမီး ကော်ဖီမှောက်လိုက်တဲ့ကိစ္စကို သင်မထိန်းချုပ်နိုင်ဘူး။
ဒါပေမဲ့ အဲဒီကိစ္စအတွက် ၅စက္ကန့်အတွင်း သင်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက သင့်ရဲ့ကံမကောင်းတဲ့နေ့ကို စတင်ခဲ့တာပါပဲ.....

အောက်ကစာက သင့်ကံကြမ္မာကို သင်ပြောင်းရေးတဲ့ရလဒ်ဖြစ်တယ်။

သင့်ကိုယ်ပေါ် ကော်ဖီမှောက်သွားတယ်။ သင့်သမီး ငိုမဲ့မဲ့ဖြစ်နေတယ်။
ဒါကို သင်က နူးနူးညံ့ညံ့နဲ့ "သမီး.. ဘာမှမဖြစ်ဘူး.. နောက်တစ်ခါဆိုရင် သတိထားပေါ့" လို့ ပြောပြီး တဘက်ယူပြီး အပေါ်ထပ်တက်သွားတယ်။ အဝတ်အစားလဲပြီး ရုံးသွားဖို့ သင်အောက်ထပ်ဆင်းလာတယ်။
ပြတင်းပေါက်အပြင်ဖက် သင်လှမ်းကြည့်တော့ သင့်သမီးက ဘတ်စကားပေါ်ရောက်နေပြီး သင့်ကို လက်ပြနှုတ်ဆက်နေတယ်။
ရုံးကို သင် ငါးမိနစ်စောရောက်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေကို သင် ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။
ပျော်ရွှင်ခြင်းနဲ့စတဲ့ သင့်ရဲ့နေ့သစ်တစ်နေ့တာကို သင့်အထက်လူကြီးက ကောင်းတဲ့မှတ်ချက်ပေးတယ်။

မတူတဲ့ခြားနားချက်ကို သင်သတိထားမိပြီလား?

အစတူပြီး အဆုံးမတူတဲ့ ခြားနားချက်နှစ်ခုက ဘာကြောင့်ဖြစ်ရသလဲ?
သင့်တုံ့ပြန်ချက်ကြောင့်ဖြစ်တယ်။

ကံကြမ္မာကြောင့်ဖြစ်တဲ့ ၁ဝ%ကို သင်ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ ၉ဝ%ကိုတော့ သင်တုံ့ပြန်မှုပေါ်အဆုံးအဖြတ်ပေးလိမ့်မယ်။

၉ဝ-၁ဝ နိယာမရဲ့ လက်တွေ့အသုံးပြုပုံတချို့ကို တင်ပြလိုက်ပါတယ်။

တကယ်လို့ လူတွေက သင်ကို မဟုတ်မမှန်ကြောင်းပြောရင် "ရေမြှုပ်တုံး"တစ်တုံးအဖြစ်မခံပါနဲ့။
သင့်ကို ထိခိုက်၊ တိုက်ခိုက်လာတဲ့စကားတွေကို ဖန်ထည်ပေါ်ကရေတွေလို စီးဆင်းသွားပါစေ။
အပျက်သဘောဆောင် ဝေဖန်ချက်တွေ သင့်ကို မရစ်နှောင်ပါစေနဲ့။

သင့်တင့်တဲ့တုံ့ပြန်မှုက သင့်နေ့ရက်တွေကို မပျက်စီးစေပါဘူး။
မှားယွင်းတဲ့တုံ့ပြန်မှုက သင့်ကို သူငယ်ချင်းမိတ်ဆွေ ဆုံးရှုံးစေတယ်၊ ဒေါသထွက်စေတယ်၊ စိတ်ဖိအားများပြီး အသက်ရှုမွန်းကျပ်စေပါတယ်။

တကယ်လို့ လမ်းမှာ မော်တော်ကား ပိတ်ဆို့မှုတွေဖြစ်ရင် သင်ဘယ်လို တုံ့ပြန်မလဲ?
စိတ်တိုဒေါသထွက်မလား?
စတီယာရင်ကို တဒုန်းဒုန်းထုမလား?
ကျွန်တော့်မိတ်ဆွေတစ်ဦးက စတီယာရင် ပြုတ်ကျတဲ့အထိဖြစ်ဖူးတယ်။
သင် ဆဲဆိုမလား?
သွေးတွေ ငယ်ထိပ်အထိ ထိုးတက်သွားမလား?
တခြားကားကို တိုက်ပစ်ဖို့ စိတ်ကူးလား?

ရုံးချိန် ၁ဝစက္ကန့်လေး နောက်ကျတာကို ဘယ်သူက သင့်ကိုဆူပူမှာလဲ?
ပိတ်နေတဲ့ကားတွေကြောင့် သင်ရဲ့ စနစ်တကျမောင်းနှင်မှုကို ဘာကြောင့် ပျက်စီးစေမလဲ?

စိတ်မပူပါနဲ့.... ၉ဝ-၁ဝ နိယာမကို သတိရလိုက်ပါ။

သင့်ကိုအလုပ်ဖြုတ်လိုက်ကြောင်း အကြောင်းကြားလိုက်ပြီ။
အိပ်မပျော်တာနဲ့ ဘာဖြစ်လို့ စိတ်တိုဒေါသထွက်ရမလဲ?
ဖြစ်ပြီးနေတဲ့အရာပေါ် စိတ်တိုဒေါသထွက်နေမယ့်အစား အဲဒီအရာပေါ် သုံးဖြုန်းမယ့်အင်အားနဲ့အချိန်ကို တခြားအလုပ်သစ် ရှာဖွေဖို့ဆီ
အာရုံလွှဲထားလိုက်ပါ!

လေယာဉ် နောက်ကျမှထွက်မယ်။ သင့်အစီအစဉ်ဆွဲထားတဲ့ ခရီးစဉ်တွေ ကမောက်ကမဖြစ်တော့မယ်။
ဘာဖြစ်လို့ သင့်ဒေါသ၊ သင့်မကျေနပ်ချက်တွေကို ဝန်ထမ်းတွေအပေါ် စုပြုံရမလဲ?
အဖြစ်အပျက် မဖြစ်ပျက်ဖို့ သူတို့ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။

အဲဒီဒေါသ၊ မကျေမနပ်ရေရွတ်နေမယ့်အစား စာဖတ်နေလိုက်မယ်၊ ဒါမှမဟုတ် ခရီးသွားအချင်းချင်း မိတ်ဖွဲ့မယ်။
ဒေါသထွက်၊ စိတ်တိုတာက သင်ရဲ့တနေ့တာကို ပိုဆိုးစေပါတယ်။

၉ဝ-၁ဝ နိယာမကို သင်နားလည်သွားပြီဆိုရင် အခုပဲ လက်တွေ့အသုံးပြုလိုက်ပါ။
ထူးဆန်းအံ့သြတဲ့ ရလဒ်ကို သင်ခံစားရပါလိမ့်မယ်။ အသုံးပြုလိုက်ခြင်းအားဖြင့် သင့်ကို ဘာမှ မဆုံးရှုံး၊ မနစ်နာစေပါဘူး။
၉ဝ-၁ဝ နိယာမက မယုံနိုင်အောင် အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ဒါကို လူနည်းစုလောက်ပဲ အသုံးပြုဖို့ နားလည်ကြတယ်။

သန်းပေါင်းများစွာသောလူတွေက နာကျင်ခြင်း၊ အစမ်းခံခြင်း၊ ပြဿနာနဲ့ ကြေကွဲခြင်းတွေထဲ နစ်ဝင်နေကြတယ်။
ဒါကြောင့် ၉ဝ-၁ဝ နိယာမကို ကျွန်တော်တို့ နားလည်ပြီး လက်တွေ့ကျကျ အသုံးပြုဖို့ လိုအပ်တယ်။

ဒီနိယာမက သင့်ဘဝတစ်သက်ကို ပြောင်းလဲနိုင်ပါတယ်။

လောကမှာ ၈ဝ%သော ဥစ္စာပစ္စည်းတွေကို ၂ဝ%သော လူရှာဖွေပိုင်ဆိုင်လိုက်ပြီ။
ကျန်တဲ့ ၂ဝ%သော ဥစ္စာပစ္စည်းတွေကို ၈ဝ%သော လူတွေက လုယှက်နေကြတယ်။
နေ့တိုင်း ၈ဝ%သောလူတွေက သူရ ငါရနဲ့ လုနေကြပေမယ့် မရောင့်ရဲ၊ မတင့်တိမ်နိုင်ကြဘူး။
သူတို့က ၂ဝ%သော ဥစ္စာပစ္စည်းထဲမှာပဲ တဝဲဝဲလည်နေလို့ဖြစ်တယ်။ သင် ဘယ်လောက် လုနိုင်လိမ့်မလဲ?

၉ဝ-၁ဝနိယာမကို စတင်အသုံးပြုလိုက်ပါ။
ဒီလိုမှမဟုတ်ရင် မပျော်ရွှင်တဲ့နေ့ရက်ထဲ သင်ထာဝရ နစ်မွန်းနေပါလိမ့်မယ်။

မူရင်းရေးသားသူ--- Stephen Covey (Discover The 90/10 Principle)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)