**ကုလသမဂ္ဂမတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်း… ဘန်ကီမွန်း ထပ်မံရွေးချယ်တင်မြှောက်ခံရ**
(နယူးယောက်၊ ဇွန် ၂၂)
ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းသည် အဆိုပါရာထူး၌ ဒုတိယမြောက် သက်တမ်းအတွက် ဇွန် ၂၁ ရက်တွင် ထပ်မံရွေးချယ်တင်မြှောက်ခံရကြောင်း ကုလသမဂ္ဂ၏ ဇွန် ၂၂ ရက်သတင်းကြေညာချက်တွင် ဖော်ပြသည်။ အသက် (၆၇) နှစ်အရွယ်ရှိ တောင်ကိုရီးယားနိုင်ငံသား၊ သံသမန်ဟောင်း ဘန်ကီမွန်အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး၌ ငါးနှစ်ထပ်မံ တာဝန်ထမ်းဆောင်ရန် အဖွဲ့ဝင် ၁၉၂ နိုင်ငံပါဝင်သော ကုလသမဂ္ဂအထွေထွေ ညီလာခံက တစ်ခဲနက်ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ ဘန်ကီမွန်းသည် ၂၀၁၂ ခုနစ် ဇွန်န၀ါရီ ၁ ရက်မှ စတင်မည့် ဒုတိယမြောက် ရာထူးသက်တမ်းတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေအထွေ ညီလာခံဥက္ကဌ ဂျိုးဇက်ဒစ်က ထုတ်ပြန်ကြေညာသည်။ (အမ်အင်အေ၊ ဆင်ဟွာ)
(Obama may cut 10,000 troops from Afghanistan ..)
**အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀၀၀ အာဖဂန်နစ္စတန်မှ ရုပ်သိမ်းဖွယ်ရှိ **
(၀ါရှင်တန်၊ ဇွန် ၂၂)
သမ္မတအိုဘာရတ်အိုဘားမားသည် ယခုနှစ်ကုန်ထက်နောက်မကျဘဲ အာဖဂန်နစ္စတန်နိုင်ငံ မှ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့်ကို ရုပ်သိမ်းဖွယ်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဌာနမှ အထက်တန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက်တွင် ပြောကြားသည်။ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀၀ ကို ၂၀၁၂ ခုနစ်ကုန်တက်နောက်မကျဘဲ ရုပ်သိမ်း ရန် သမ္မတ အိုဘားမားက ယခင်က ညွှန်ကြားခဲ့ပြီးဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ပွဲအရှိန်မြင့်တက်နေမှုကို ရှောင်လွှဲနိုင်ရန် ၂၀၀၉ ခုနစ် ဒီဇင်ဘာလတွင်တပ်ဖွဲ့ဝင် ၃၀၀၀၀ ထပ်မံ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ အိုဘားမားသည် စစ်ကူအဖြစ် တပ်ဖွဲ့ဝင်များကို ထက်မံစေလွှတ်ပေးခဲ့စဉ်က ယခုနှစ်ဇူလိုင်လမှ စ၍ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်နိုင်ငံရှိ အမေရိုကန်တပ်ဖွဲ့ဝင်အင်အားကို တဖြည်းဖြည်းချင်း ရုပ်သိမ်းပေးသွားရန် ကတိပြုခဲ့သည်။ (အင်တာနက်)
**အင်တိုနော့ဗ်အမျိုးအစားခရီးသည် တင်လေယာဉ်များ အီရန်နှင့် ယူကရိန်းပူးတွဲထုတ်လုပ်ရန် လက်မှတ်ရေးထိုး**
(ကိယက်ဗ်၊(ယူကရိန်း)၊ ဇွန် ၂၂)
အီရန်နှင့် ယူကရိန်းနိုင်ငံတို့သည် အင်တိုနော့ဗ် - ၁၄၈ အမျိုးအစား ခရီးသည်တင်လေယာဉ်၇၈ စင်း ပူတွဲလုပ်ထုတ်လုပ်ရန်သဘောတူညီချက်ရရှိထားကြောင်း ယူကရိန်းနိုင်ငံတို့သည်။ ယူကရိန်းနိုင်ငံ မြို့တောင် ကိယက်ဗ် အခြေစိုက် အင်တိုနော့ဗ် လေကြောင်း အာကာသ ကုမ္ပဥက္ကဌက ပြောကြားကြောင်း ဒီပီအေသတင်းဌာနက ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ အင်တိုနော့ဗ်-၁၄၈ အမျိုးအစား လေယာဉ်များ အားလုံးကို ၂၀၁၁ ခုနစ် နှစ်ကုန်ထက်နောက်မကျဘဲထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရကြောင်း ၄င်းကပြောကြားသည်။ အင်တိုနော့ဗ်- ၁၄၈ အမျိုးအစား လေယာဉ်တစ်စင်းအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ဒေါ်လာ ၁၈ သန်းမှ ၂၂ သန်းအထိရှိသည်။ ယင်းအမျိုးအစားလေယာဉ်သည် ခရီးသည် ၆၈ ဦးမှ ၉၉ ဦးအထိ သယ်ဆောင်နိုင်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ဟန်သစ်

No comments:
Post a Comment