ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 4, 2011

4 June, 2011// ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ဂျပန်ဝန်ကြီချုပ် နာအိုတိုခန်အယုံအကြည်မရှိအဆို အနိုင်ရ**
(တိုကျို၊ ဇွန် ၂)
ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန်းသည် ဇွန် ၁ ရက်က ပါလီမန်တွင် ၄င်းအား အယုံအကြည်မရှိ အဆိုတင်သွင်းမှုနှင့်တွေ့ကြုံခဲ့ရသော်လည်း အဆိုရှုံးနိမ့်သွားခဲ့ကြောင်းသတင်းဌာနများက ဇွန် ၂ ရက်တွင် ရေးသားဖော်ပြသည်။ ၀န်ကြီးချုပ်ခန်းသည် ၄င်း၏ နိုင်ငံရေးပါတီအတွင်းမှ ပုန်ကန်မှုတစ်ရပ်ကို ကျော်လွှားလွန်မြောက်နိုင်ရန်ကြိုးပမ်းလျက်ရှိသည်။ ၀န်ကြီးချုပ်ခန်းသည် အဆိုပါရာထူး၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ပင်မပြည့်သေးပေ။ ၄င်းသည် မတ်လကဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်မှ ပြန်လည်နာလန်ထူလာစေရန် ကြိုးပမ်းနေရသလို စီးပွားရေးဆိုင်ရာပြဿနာများကိုလည်း အားသွန်ခွန်စိုက် ဖြေရှင်းနေရသည်။ အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)သည် ဇွန် ၁ ရက်နှောင်းပိုင်းက အယုံအကြည်မရှိ အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။ ယင်းအဆိုကို ပါတီငယ်နှစ်ခုက ထောက်ခံခဲ့သည်။ (အင်တာနက်)

**၂ နှစ်အတွင်း အီရန်ကိုတိုက်ခိုက်မည့် အစီအစဉ်မရှိဟု အစ္စရေးထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်း ပြောကြား**
(ဂျေရုဆလင်၊ ဇွန် ၂)
နောင်လာမည့် ၂ နှစ်တာ ကာလအတွင်း အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံကို တိုက်ခိုက်မည့်အစီအစဉ် မရှိသေးကြောင်း မကြာသေးမီကာလက တာဝန်မှ အငြိမ်းစားယူသွားသောအစ္စရေးမော့ဆက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်း မီရာဒါဂင်က ဇွန် ၁ ရက်က ပြောကြားသည်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံ၏ အဆိုပြုချက်ကို အစ္စရေးအစိုးရအဖွဲ့က လက်ခံသင့်ကြောင်း မီရာဒါဂင်၏တိုက်တွန်းပြောကြားမှုကို ကိုးကား၍သတင်းများတွင်ဖော်ပြသည်။ အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီယားအဆောက်အအုံများကို အစ္စရေးစစ်ဘက်က တိုက်ခိုက်မည်ဆိုလျှင်ယင်းအဆောက်အအုံများအားမဖျက်ဆီးနိုင်ပါက အရှေ့အလယ်ပိုင်းဒေသ၌ စစ်မီးတောက်လောင်မည်ဖြစ်ကြောင်း မော့ဆက်အကြီးအကဲဟောင်း မီရာဒါဂင်က အီရန်နိုင်ငံအားတိုက်ခိုက်မှုကို ဆန့်ကျင်သည့် ၄င်း၏ အမြင်အား ထင်ဟပ်ဖော်ပြသည်။ အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီယားအစီအစဉ်များကို ဟန့်တားရန်အတွက် အဘက်ဘက်မှ ဆင်ခြင်သုံးသပ်ရန် လိုအပ်ပြီး စစ်ပွဲနွှဲရေးအတွက်သာ ဇောင်းပေးစဉ်းစားရန်အလိုအပ်ကြောင်း မီရာဒါဂင်က ၄င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်၏ နျူကလီယားအစီအစဉ်များသည် လက်နက်ထုတ်လုပ်ရန်ဖြစ်ကြောင်း အခြားသော အနောက်အုပ်စုဝင်နိုင်ငံများကဲ့သို့ပင် အစ္စရေးကရှုမြင်ထားသည်။ ယင်းနိုင်ငံ၏ နျူကလီးယားအစီအစဉ်များကို တားဆီးနိုင်ရန် စစ်ရေးအရ တိုက်ခိုက်မှုသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြီခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ပြောကြားသည်။ (အင်တာနက်)

**နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည်**
တတိယအကြိမ်မြောက် နိုင်ငံတကာမှတ်တမ်း ရုပ်ရှင်ပွဲတော်ကို ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းတွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိလည်းကောင်း၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တွင် ဇွန် ၆ ရက်မှ ၁၃ ရက်အထိလည်းကောင်း ကျင်းပမည်ဖြစ်ရာ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်ရှင်ဒါရိုက်တာများ၊ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အထူးဆွဲဆောင်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေးတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကြေညာသည်။ ဤရုပ်ရှင်ပွဲတော်သည် ဗီယက်နမ်ရုပ်ရှင်ဒါရိုက်တာများကို ပြည်ပရုပ်ရှင်ဒါရိုက်တာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အတွေ့အကြုံများ ဖလှယ်ခွင့်ရရှိမည့်အခွင့်အရေးတစ်ခုဖြစ်သကဲ့သို့ ဗီယက်နမ်ရုပ်ရှင်ချစ်ပရိတ်သတ်များ ခြားနားသည့် အသွင်ဏ္ဌာန်ကို လေ့လာကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်မှတ်တမ်းရုပ်ရှင်ဗဟိုဌာနဥက္ကဌငုယင်သီတူရက်က ပြောကြားသည်။ (အင်တာနက်)

**တရုတ်နိုင်ငံ ယန်စီမြစ်တစ်ကြောရှိ ဒေသများ၌ မိုးခေါင်မှုကြောင့် ပြည်သူ ၃၄ သန်းကျော်ထိခိုက်**
(ပေကျင်း၊ ဇွန် ၂)
တရုတ်နိုင်ငံ ယန်စီမြစ်တစ်ကြောရှိဒေသများ၌ မိုးခေါင်မှု ဖြစ်ပွားခြင်းကြောင့် ပြည်သူ ၃၄ သန်းကျော် ထိခိုက်ရကြောင်းစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ၌ ရေရှားပါးပြတ်လပ်မှုနှင့် တွေ့ကြုံနေရကြောင်း တရုတ်မြို့ပြရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ ယန်စီမြစ်တစ်ကြောရှိ ဒေသများ၌ နေထိုင်သူ ၄ ဒသမ ၂၃ သန်းကျော်သည် သောက်သုံးရေအလုံအလောက် မရရှိကြောင်း၊ ပြည်သူငါးသန်းကျော်မှာမှု မိုးခေါင်းမှုဘေးဒုက္ခမျာမှ ကျော်လွှားလွန်မြောက်နိုင်ရန် အစိုးရ၏အကူအညီ လိုအပ်နေကြောင်း မြို့ပြရေးရာဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ မိုးခေါင်မှုသဘာဝကပ်ဘေး၏ ထူးခြားသောသွင်ပြင်လက္ခဏာမှာ ကာလရှည်ကြာ မိုးခေါင်ခြင်းပင်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၌ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေရပြီး ပြည်သူတွေအတွက် သောက်သုံးရေအခတ်အခဲရှိသကဲ့သို့ပင် မွေးမြူရေးတိရစ္ဆာန်များအတွက်လည်းရေရှားပါးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန်- အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)