ဟုတ်ကဲ့ပါခင်ဗျာ…။ ၂၀၁၁ ခုနှစ် မေလ ၂၇ ရက် (သောကြာနေ့) ည (၁၀း၂၀)နာရီမှာ ဘ၀တစ်ပါးကိုကူးပြောင်းသွားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းဇေယျ ရဲ့ မိခင်ကြီး “မိချစ်ဖွား(၇၆) နှစ် အတွက်ရည်စူးပြီး ရက်လည်ဆွမ်းသွတ်တရားတော်နာ ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
**သံဃာတော်များထံမှ တရားတော်နာကြား၊ ရေစက်ချနေကြစဉ်**
**သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းနေကြစဉ်**
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းဇေယျဟာ အခုအခါမှာ မြန်မာပြည်လားရှိုးအကျဉ်းထောင်မှာ ရှိနေဆဲဖြစ်ပြီး မိခင်ရဲ့ ဈာပနပွဲကို သွားရောက်ခွင့်မရရှိခဲ့ပါဘူး။ အဲသလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေ လင့်ကစား ကိုမင်းဇေယျအပေါ်ချစ်ခင်လေးစားတဲ့ ၈၈ မျိုးဆက်ရဲဘော်ရဲဘက်တွေ၊ မြန်မာ့ဒီမိုကရေစီရေးအတူတကွ ကြိုးပမ်းလှုပ်ရှားနေကြသူတွေက ဒီကနေ့မှာ ရက်လည်ဆွမ်းသွတ်တရားနာပွဲကို စုပေါင်းကျင်းပကြတာဖြစ်ပါတယ်။
မိခင်ကြီး “မိချစ်ဖွား” ကောင်းရာသုဂတိလားပါစေလို့…။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment