ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 3, 2011

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (အောင်ငြိမ်း)

>
(ဆရာနိုင်ဝင်းဆွေ)
.............................

(တစ်)

ကိုနိုင်ဝင်းဘဝစာမျက်နှာများရဲ့ နောက်ဆုံးခရီးကို ပြည့်ပြည့်စုံစုံသိမှ ကိုနိုင်ဝင်းကို မှန်မှန်ကန်ကန် နားလည်နိုင်မှာ ဖြစ် တဲ့အတွက် နိုင်ဝင်းဆွေ ရုပ်ပုံလွှာကို အလွမ်းဓာတ်ခံနဲ့ ရေးပါတယ်။

ကိုနိုင်ဝင်းဟာ တကယ်တော့ အနုပညာမှော်ဝင်စားသူပါ။ သူ့ရုပ်ပုံလွှာ တစိတ်တပိုင်းကို ပြည်ပမှာ ထုတ်ဝေတဲ့ နိုင်ဝင်း ဆွေ အမှတ်တရ စာအုပ်မှာ ‘မိုင်းယန်းတိုက်ပွဲကြားက ကိုနိုင်ဝင်းဆွေ’ ဆိုတဲ့ ခေါင်းစည်းနဲ့ ကျွန်တော် ဆောင်းပါးတပုဒ် ရေးခဲ့တယ်။

‘၈’ လေးလုံးကာလ စစ်ပွဲကြားမှာ ပျော်ရွှင်တက်ကြွလန်းဆန်းနေတဲ့ သူ့ရဲ့ပုံရိပ်ပါ။ စစ်ရဲ့အနိဋ္ဌာရုံတွေကြား ဖြတ်သန်း နေရသော်လည်း သူ့ရဲ့ဇာတိစိတ်က လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးပါ။

သူဟာ ရိုးသားတယ်
အနုပညာကို ချစ်တယ်
စိတ်ခံစား လွယ်တယ်
မကောက်ကျစ်ဘူး။

ဒါတွေက ကိုနိုင်ဝင်းကို ချစ်ခင်နှစ်လို့ဖွယ် လူတယောက်ဖြစ်လာစေခဲ့တယ်လို့ ကျွန်တော် ထင်တယ်။

၁၉၇၂ မြောက်ဥက္ကလာ ကျောက်ရေတွင်း ကိုနိုင်ဝင်းရဲ့ နှင်းဆီခြံမှာ သူ့ကို ကျွန်တော် စတင် သိကျွမ်းပါတယ်။

ဆရာဒဂုန်တာရာ ထိန်းကြောင်းပေးတဲ့ ‘ဆည်းဆာ’ စာပေဝိုင်းမှာ ဖြစ်တယ်။ ထိုအချိန်က သူဟာ ‘မဟူရာမေတ္တာ’ ‘မသိန်းရှင်’ ‘နွေတည’ ‘မြစံပယ်ရုံ’ စတဲ့ ဝတ္ထုများနဲ့ ထင်ရှားနေသူပါ။ တောင်ငူ ကျေးလက်သားဖြစ်သော်လည်း အညာ သားလို ညိုမှောင်တဲ့အသားအရေနဲ့ နှစ်လိုဖွယ်ပြုံးတတ်သူပါ။

ကျွန်တော်တို့ လူငယ်စိတ်နဲ့ ရဲဘော်လိုဆက်ဆံရင်း စာပေ၊ အနုပညာ၊ နိုင်ငံရေး မမောနိုင်မပန်းနိုင် ဆွေးနွေးခဲ့ကြ တယ်။ တယောက်နဲ့တယောက် ဘဝဖြတ်သန်းမှုများကိုလည်း ရိုးသားမှုအရင်းခံစိတ်နဲ့ ဖလှယ်ခဲ့ကြတယ်။

ဒီနောက် ကိုနိုင်ဝင်းတယောက် မော်စီတုန်း လက်ရွေးစင်ကျမ်း မြန်မာဘာသာပြန် လေးတွဲရှစ်အုပ်ကို သယ်ဆောင်ပြီး ရွာပြန်သွားတယ် ကြားရတယ်။ ပြန်တွေ့တဲ့အခါ ကျွန်တော့ဘဝဟာ အခုမှ အဓိပ္ပာယ်ရှိရှိနဲ့ စတင်တယ်လို့ ကိုနိုင်ဝင်း တယောက် တွေ့တဲ့ရဲဘော်တိုင်းကို ပြောနေတော့တယ်။

ကိုနိုင်ဝင်းတယောက် အနုပညာတင်မက နိုင်ငံရေးကိုပါ ဝင်စားသွားပါပြီ။ ၇၄-၇၅-၇၆ အုံကြွမှုများကို ဖြတ်သန်းလိုက် ရတဲ့အခါ ကိုနိုင်ဝင်းဟာ ခေတ်ပြိုင်လူငယ်တိုင်းလိုပဲ လူတန်းစားတိုက်ပွဲနဲ့ တော်လှန်ရေးကို စိတ်အားထက်သန်လာ ပါတယ်။

ဒီနောက် ကိုနိုင်ဝင်းတယောက် ‘မိုးကြိုမုန်တိုင်း’ ထဲမှာ လွင့်မျောသွားရင်း ကျွန်တော်တို့ အဆက်ပြတ်သွားတယ်။ ၁၉၈ဝ နှစ်ကုန်ပိုင်းမှာ ကျွန်တော်တို့ ‘ပန်ဆန်း’ မှာ ပြန်ဆုံကြတယ်။ တခရီးထဲသွားနေကြရင် ဘယ်လမ်းကသွားသွား တနေရာမှာ ပြန်ဆုံကြတာပဲ မဟုတ်လား။

(နှစ်)

ကိုနိုင်ဝင်းတယောက် ရဲဘော်ကျော်ဆိုင် အဖြစ် ပြည်သူ့အသံဆောင်းပါးရှင်၊ စစ်သတင်းထောက်၊ အမြောက်တပ်သား၊ သုံ့ပန်းပညာပေး နိုင်ငံရေးကေဒါ၊ ပြဇာတ် ဒါရိုက်တာ မင်းသား၊ ကျေးလက်လူထုဘဝ လေ့လာရေး စတဲ့ အလုပ်တာ ဝန်မျိုးစုံ ထမ်းဆောင်နေပါပြီ။ စစ်အာဏာရှင်စနစ်အောက် မတော်မတရားမှုများနဲ့ အဓမ္မမှုများကို ကြုံတွေ့ဖြတ်သန်း လာခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်ဟာ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို လက်ဖြန့်ခံတောင်းနေလို့မရ တိုက်ယူမှရမယ် ဆို တာကို ဘဝအရ သိမြင်လာကြတယ်။

ကိုနိုင်ဝင်းဟာ ၁၉၈ဝ ဇူလိုင် မိုင်းယောင်းတိုက်ပွဲမှာ စစ်သတင်းထောက်အဖြစ် ပါခဲ့တယ်။ မိုင်းယောင်းကို ဗကပ အ ရှေ့မြောက်တပ်က ခဏခဏ တိုက်ခဲ့ဖူးတဲ့အနက် ယခုတိုက်ပွဲဟာ ‘မင်းရန်အောင် ထိုးစစ်’ ကာလ တိုက်ပွဲကြီးတပွဲ ဖြစ်ပါတယ်။

မိုင်းယောင်း ၈၈၁ ဗျူဟာကုန်းကိုသိမ်းပြီး စစ်အစိုးရ စစ်စခန်းများနဲ့ စစ်လက်နက်ယန္တယားများကို မီးတင်ရှို့ခဲ့တဲ့အ တွက် မိုင်းယောင်းတမြို့လုံး မီးဟုန်းဟုန်းတောက်သွားတာကို သူဟာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။ သုံ့ပန်းအ မြောက်အမြား ဖမ်းမိတယ်။ လက်နက်တွေ သယ်နိုင်သမျှ သယ်ခဲ့တယ်။ ထိုစဉ်က ၈၈ တပ်မမှူးက ဗိုလ်သန်းရွှေ (ယ ခု တပ်ချုပ်ကြီး) ဖြစ်ပြီး ၈၈၁ ဗျူဟာမှူးက ဗိုလ်ထွန်းကြည် (အလယ်ပိုင်းတိုင်းမှူး- ငြိမ်း) ဖြစ်တယ်။

၁၉၈၂ လွယ်ပန်လုံတိုက်ပွဲမှာ ကိုနိုင်ဝင်း ဟာ ၁၂ဝ မမ အမြောက်တပ်ဖွဲ့ဝင်အဖြစ် ၁၂ဝ ကို ကိုယ်တိုင်ပစ်ခဲ့သူပါ။ လူ တယောက် အမြောက်ကျည်တတောင့်သာ သယ်နိုင်အောင်လေးတဲ့ ၁၂ဝ ကျည်များကို သူကိုယ်တိုင် ပြည်သူ့စစ်များ နဲ့အတူ ရှေ့တန်းသို့ထမ်းပိုးပြီး ကိုယ်တိုင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

တခြားတိုက်ပွဲတွေလည်း ရှိပါသေးတယ်။ မမှတ်မိတော့ပါ။ စစ်ရဲ့အနိဋ္ဌာရုံကို စစ်သားတယောက်က ပိုသိပါတယ်။ စစ် နင်းခံရတဲ့ လူထုတွေရဲ့ဘဝကို အစာနာနိုင်ဆုံးနဲ့ မတရားမှုကိုအမုန်းတီးဆုံးလူဟာ ကိုနိုင်ဝင်း လို တော်လှန်ရေးစစ် သည်တဦး ဖြစ်နေတာ မထူးဆန်းပေဘူးလား။

ကိုနိုင်ဝင်းဟာ တော်လှန်ရေးထဲမှာ ပြဇာတ်တွေအများကြီး ကခဲ့တယ်။ သူကိုယ်တိုင်ရေး သူကိုယ်တိုင် ဒါရိုက်တာ မင်း သား လုပ်ပြီး ကခဲ့တာတွေလည်း အများကြီးပါ။ သူ့ရဲ့အနုပညာစိတ် ကြီးမားမှုကို ဒီနေရာမှာ တွေ့ရတယ်။ သူဟာ ဒါနဲ့ တင် အားမရသေးဘူး။ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းနေတဲ့ ခေတ်ပြိုင် ဂန္ထဝင်ဝတ္ထုကြီးမျိုးကိုလည်း ရေးလိုတယ်။ ဟဲမင်းဝေးရဲ့ ‘ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ’ ဆိုတဲ့ ဝတ္ထုမျိုး ဖြစ်ပါတယ်။

သူ့ရဲ့ညီညာတဲ့ လက်ရေးနဲ့ ရေးလက်စ စာမူတချို့ကို ကျွန်တော့ကိုဖတ်ဖို့ လာပေးတယ်။ သူနဲ့ကျွန်တော် ဖြတ်သန်း ခဲ့တဲ့ လူငယ်ဘဝ စာပေလှုပ်ရှားမှု ပုံရိပ်များကိုလည်းရေးဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် ကျွန်တော် မရေးဖြစ်ပါဘူး။ သူ့လောက် ကျွန်တော်အနုပညာမှော် မဝင်စားဘူး။

၁၉၈၄ ထဲမှာ ကိုနိုင်ဝင်းဟာ ဝတောင် ပန်မလန်းရွာသူ ဝအမျိုးသမီး မဂျုံနဲ့ အိမ်ထောင်ကျတယ်။ သူတို့လင်မယား စပယ်တောစခန်းက ရဲဘော်တွေ ရှင်းလင်းပေးထားတဲ့ ရိက္ခာဂိုဒေါင်ဟောင်းမှာ လာနေကြတယ်။ မဂျုံဟာ အရပ်သူ တယောက်ဖြစ်သော်လည်း အဖွဲ့အစည်းက ကိုနိုင်ဝင်းကို ထောက်ထားပြီး ရဲဘော်တယောက်ရသင့်တဲ့ ပုံစံအတိုင်း ရိက္ခာထုတ်ပေးပါတယ်။

ကျွန်တော်က သူ့အိမ်နဲ့တွဲလျက် အဖီချထားတဲ့ အခန်းလေးမှာ နေနေတယ်။ ‘ကြား သုံးကြား’ မဝင်နဲ့ လို့ မြန်မာစကား ရှိသော်လည်း ကိုနိုင်ဝင်းဟာ သူတို့လင်မယားကြား ကျွန်တော့်ကို ဆွဲထည့်လေ့ရှိတယ်။ မဂျုံစိတ်ကောက်ရင် ကျွန်တော့်ဆီလာ အပူကပ်တယ်။

“လုပ်ပါဦးဗျ ပြောပေးစမ်းပါဦး”

“ကျုပ်က ဘာပြောပေးရမှာလဲ၊ ခင်ဗျားမိန်းမ ခင်ဗျားချော့ပေါ့ဗျ”

“ကျုပ်ကလည်း မချော့တတ်ဘူးဗျ၊ ခင်ဗျား ဝင်ပြောပေးစမ်းပါ”

“ကျုပ်က ဘာဝင်ပြောပေးရမှာလဲ”

“ဒီလိုဗျာ စခန်းထဲမှာ ရဲဘော်ချင်း ရန်မဖြစ်ရဘူး၊ ရန်ဖြစ်ရင် အရေးယူခံရမယ်ပေါ့၊ ခင်ဗျားဟာ ဒီစခန်းမှာ ဗိုလ်လုံ (ဗိုလ်ကြီး) ဖြစ်တယ်လို့ ကျွန်တော်ပြောထားတယ်၊ ဗိုလ်လုံကပြောရင် သူ ကြောက်တယ်ဗျ၊ ကျွန်တော့ကိုတော့ သူ မကြောက်ဘူး”

“ခင်ဗျားဟာက မဟုတ်သေးပါဘူး”

“ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ဗျာ လုပ်စမ်းပါ”

ဒီလိုနဲ့ သူတို့လင်မယားကြား ကျွန်တော် အရပ်လူကြီး မကြာခဏဝင် လုပ်ခဲ့ရတယ်။ ‘ကြား’ ဝင်မိတဲ့ ကျွန်တော်ဟာ မကြာခင် ဒုက္ခတွေ့တော့တာပဲ။

ကျွန်တော့်အခန်းထဲမှာ စာဖတ်ရင် (အထူးသဖြင့် အင်္ဂလိပ်စာဖတ်ရင်) အသံတိုးတိုး ထွက်ပြီး ဖတ်လေ့ရှိတယ်။ တနေ့ တော့ မဂျုံဟာ ကျွန်တော့ကို ကြည့်ကွက် ကြည့်ကွက်နဲ့ ရယ်ရယ်နေတယ်။ ကိုနိုင်ဝင်းကလည်း ပြုံးဖြီးဖြီးလုပ်နေတယ်။ ဒီလင်မယား မူမမှန်ဘူး ဘာဖြစ်နေပါလိမ့်၊ ကိုနိုင်ဝင်းကို မေးတော့ …

“ခင်ဗျားဟာ စိတ်ကောင်းရှိပေမယ့် စိတ်သိပ်မမှန်ဘူး၊ ကြည့်ပါလား တယောက်တည်း စကားပြောပြောနေတာ၊ ဒါ ကြောင့် ခဏခဏ စိတ်ကောက်ပြီး ရန်မဖြစ်နဲ့၊ ကြောက်စရာကောင်းတယ်လို့ ကျွန်တော်ပြောထားတာ”

“လုပ်ပြီ ခင်ဗျားကတော့၊ နောက် မဂျုံ စိတ်ကောက်ရင် ကျွန်တော့်လာမခေါ်နဲ့တော့”။

မဂျုံကလည်း ကြောက်တဲ့ အမူအယာ လုပ်ပြတယ်။ ကိုယ့်ဆရာ သဘောကျပြီး မျက်နှာကြီးပြဲနေအောင် ရယ်နေပါ တော့တယ်။

(သုံး)

မဂျုံက ကိုနိုင်ဝင်းအပေါ်သာ စိတ်ကောက်တတ်တာဖြစ်ပြီး တခြားရဲဘော်များပေါ်မှာ စိတ်ကောက်တာ မရှိဘူး။ ခင်ခင် မင်မင် ရှိတယ်၊ ရိုးသားတယ်။ ရဲဘော်တိုင်းက ခင်ကြတယ်။ မဂျုံဟာ ဗမာ ရဲဘော်တွေကြား အနေကြာတော့ ဗမာ စကား ကောင်းကောင်းတတ်လာတယ်။

ကိုနိုင်ဝင်းလည်း မဂျုံကို ချော့ရ (ဖြီးရ) ဖို့ ရှမ်းစကား တော်တော်ပြောတတ် လာတယ်။ ဒါပေမယ့် ကိုနိုင်ဝင်းလည်း စိတ်ကောက်တတ်တာပဲ။ သူ့စိတ်နဲ့ မတွေ့တဲ့အခါ သုန်သုန်မှုန်နဲ့ ဖြစ်တတ်တယ်။ ကျွန်တော် နှစ်ကြိမ်လောက် ကြုံဖူး တယ်။

တကြိမ်က သူ့ကို ကျွန်တော်က ဆရာကြီးလို့ ခေါ်မိတာကို မကျေနပ်လို့ ကလာပ်စည်းဆွေးနွေးပွဲမှာ …

“ဒါဟာ သဘောထား ပြဿနာ ဖြစ်တယ်”

ဆိုပြီး စွဲချက်တင်တော့တာပဲ။ သူ ဘာအခံနဲ့ ဒီလိုပြောသလဲ ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကို ဆရာကြီး လို့ ခေါ်လိုက် ဗိုလ်လုံ လို့ခေါ်လိုက် စိတ်ရွှင်ရင်ရွှင်သလို ခေါ်နေတာပါ။ ကျွန်တော်ကလည်း တခါတလေ ခင်မင်သမှုနဲ့ ခေါ်နေတာပဲ။

ကလာပ်စည်းအတွင်းရေးမှူးက ကျွန်တော့်ကို တောင်းပန်ဖို့ ပြောလာတော့ ကျွန်တော်လည်း ဒေါပွပြီး မတောင်းပန်နိုင် ကြောင်း၊ ဘာသဘောထားမှ မရှိဘူး၊ ခါတိုင်းလည်း သူကော ကိုယ်ကော ဒီလိုပဲ တခါတလေ ခင်မင်သမှုနဲ့ ခေါ်နေကြ တာဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။

နောက်တကြိမ်ကတော့ ကျွန်တော် ကောင်းကောင်းတောင် မမှတ်မိတော့ဘူး။ စကားထိုင်ပြောနေရင်းကနေ ကျွန်တော်က သူ့အနုပညာကို စော်ကားတယ်ဆိုပြီး ကျွန်တော့ကို ဒေါပွတော့တာပဲ။ ပြောနေကြတာတွေက အနုပညာ အကြောင်းလည်း မဟုတ်ဘူး။ ရောက်တတ်ရာရာပြောနေကြတာပါ။ ကျွန်တော်လည်း တော်တော် အံ့အားသင့်သွား တယ်။ ဒီလူ ဘာအခံတွေရှိနေသလဲ မသိဘူးလို့ စဉ်းစားမိပြီး ဒေါသကိုထိန်းလိုက်ရတယ်။

သူဟာ ထိုစဉ်က အနုပညာ မှော်ပေါက်နေတယ်လို့ ထင်ပါတယ်။ ‘သူ့ရဲ့အနုပညာဖြတ်သန်းမှု အနှစ်နှစ်ဆယ်’ မြောက် အထိမ်းအမှတ် သူ့အိမ်မှာ လုပ်တာကို ကျွန်တော့ကို မဖိတ်ဘူး။ သူ့စိတ်ထဲမှာ ကြည်နေသူတချို့ကိုပဲ ဖိတ်တယ်။

သူဟာ နိုင်ငံရေးဆန်ဆန် စာတမ်းတွေလည်း ရေးတယ်။ သူ ကြည်တဲ့လူကိုပဲ ပြတယ်။ အဆန်းတော့ မဟုတ်ပါဘူး။ ထိုစဉ်က ပါတီကိုယ်၌ကလည်း စစ်အေးခေတ် ကုန်ဆုံးခါနီး အပြောင်းအလဲတရပ်အတွက် တာစူနေတာပါ။

ဒါပေမယ့် သူကော ကျွန်တော်ကော နောက်ဆုံးအချိန်အထိ ဘာအခုအခံမှမရှိဘဲ ကျွန်တော်တို့ချင်းရဲ့ ရဲဘော်ရဲဘက် သံယောဇဉ်ဟာ ခိုင်မာနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားမှုနဲ့ အခါအားလျော်စွာရေးထားတဲ့ ကဗျာတချို့ကို ဘယ်ကနေ သတင်းကြားသလဲ မသိဘူး၊ လာတောင်းဖတ်တယ်။ ပြီးတော့ …

“ခုမှပဲ ခင်ဗျားရဲ့ အရင်တုန်းကပုံကို ပြန်တွေ့ရတော့တယ်”

ကိုနိုင်ဝင်းရဲ့ လှိုက်လှဲတဲ့အပြောကို ကျွန်တော် ဖြုံသွားတယ်။ အရင်တုန်းက အောင်ငြိမ်းဟာ အခုလည်း ဒီ အောင်ငြိမ်း ပါပဲ မပြောင်းလဲပါဘူး ကိုနိုင်ဝင်းရေ။

ကျွန်တော် သူ့ကို လက်ဆောင်ပေးထားတဲ့ ကုတ်အင်္ကျီကို စုတ်ချာသွားတဲ့အထိ ဝတ်တယ်။

“ကျေးဇူးပဲဗျို့၊ အင်္ကျီက ကိုယ်နဲ့ အမိပဲ”

လို့ ပြောတယ်။ ၁၉၈၇ ထဲမှာပါ။ ဆောင်းတွင်းကြီး သံလွင်မြစ်ကူးပြီးတိုက်တဲ့ တိုက်ပွဲတပွဲမှာ သူ့မှာ အနွေးထည်ပါမ လာလို့ ကျွန်တော့မှာပါတဲ့ ဆွယ်တာချိုင်းပြတ် နက်ပြာလေးတထည် ပေးလိုက်တယ်။ ပြန်တွေ့တော့ အင်္ကျီကောလို့ မေးတော့၊ လေးလာတာနဲ့ လမ်းမှာ လွှင့်ပစ်လိုက်ကြောင်း ပြောတယ်။

“ကျွန်တော့်အဖေ အင်္ကျီပဲ၊ အမေကိုယ်တိုင် ထိုးပေးထားတာ၊ ကျွန်တော် အမှတ်တရ ယူလာတာ”

လို့ ပြောတော့ ကိုနိုင်ဝင်းဟာ ငိုင်သွားပြီး တော်တော်စိတ် မကောင်းဖြစ်ကာ ဝမ်းနည်းကြောင်းပြောပါတယ်။

၁၉၈၉ ဧပြီ ၁၇၊ ပါတီတွင်းအရေးအခင်း ပေါ်လာတော့ ပါတီဗဟိုဟာ နမ့်ခချောင်းတဖက်ကိုကူးပြီး ဆုတ်ခွာသွားရ တယ်။ နောက်တနေ့မှာ ချောင်းကူးပြီး ပါတီနောက်ကိုလိုက်လာတဲ့ ရဲဘော်တွေထဲမှာ ကိုနိုင်ဝင်းနဲ့ မဂျုံလည်း ကျွန်တော်တို့နဲ့ အတူပါပါတယ်။ ဒီအချိန်ဟာ အတွေးအခေါ် အရှုပ်ထွေးဆုံးကာလပဲ။

ရက်တချို့ကြာတဲ့တနေ့ ကိုနိုင်ဝင်းက သူ တဖက်ကို ပြန်တော့မယ့်အကြောင်း ကျွန်တော့်ကို ပြောလာတယ်။ ကျွန်တော်လည်း ဘာမှ ပြန်မပြောတတ်ဘူး။ မရေရာတဲ့အနာဂတ်မှာ တယောက်နဲ့တယောက် ရိုင်းပင်းကူညီတာမှ အပ အဆုံးအဖြတ် မပေးနိုင်ဘူး။ မဂျုံက မပြန်ချင်ဘူး။ ကျွန်တော်တို့နဲ့ မခွဲချင်ဘူး။ မဂျုံ ငိုပါတယ်။ ကိုနိုင်ဝင်းလည်း မျက်နှာမကောင်းဘူး။

“ပါတီက ကျွန်တော့်ကို ငွေနဲ့ဆန် ထောက်ပံ့ကူညီခဲ့တာကို ကျေးဇူးတင်ပါတယ်” တဲ့။

သူ ကျွန်တော့ကို ပြောသွားတဲ့ စကားပါ။ ဒီဘက်ကမ်းရောက်နေတဲ့ ရဲဘော်တိုင်းကို လောလောဆယ် စားရေးသောက် ရေးအတွက် ယွမ်ငွေတချို့နဲ့ ဆန် ထောက်ပံ့ပေးထားတာကို ရည်ညွှန်းပြောတာပါ။

ဆန်ကတော့ ခွဲတမ်းရယ်လို့တောင် မရှိပါဘူး။ အိမ်ထောင် လေးငါးစုအတွက် အိတ်လိုက် ချပေးထားတာပါ။ ပိုတဲ့ဆန် ကို ပြန်မအပ်တော့ဘဲ သူတည်းခိုနေထိုင်ခဲ့တဲ့ ရှမ်းရွာကအိမ်ရှင်ကို ပေးခဲ့ချင်တဲ့အကြောင်းလည်း ပြောပါတယ်။

အရေးထဲ ကျွန်တော့ကို လူကြီးလူကောင်း လာဆန်ပြနေသေးတယ်။ ကိုနိုင်ဝင်းနဲ့အတူ မဂျုံဟာ မျက်ရည်စက်လက် တဖက်ကမ်း ပြန်ကူးသွားခဲ့ပါတယ်။

နောက်ပိုင်းမှ ပြန်ကြားရတာက တဖက်မှာကျန်ခဲ့တဲ့ ပုဂ္ဂိုလ်များက အနုပညာရှင် စာရေးဆရာ နိုင်ဝင်းဆွေကို စာရေး ဖိတ်ခေါ် ကြိုဆိုတဲ့အကြောင်း၊ ရဲဘော်ကျော်ဆိုင်မှ ပါတီဗဟိုသို့ နုတ်ထွက်ခွင့်ပြုရန် စာရေးခဲ့ကြောင်းတို့ပဲ ဖြစ်ပါတယ်။

(လေး)

၁၉၉ဝ ဒီဇင်ဘာ ၁၈၊ ၁၉ မာနယ်ပလောမှာ ကိုနိုင်ဝင်းနဲ့ကျွန်တော် ပြန်လည်ဆုံတွေ့ကြတယ်။ ဒါဟာ ကျွန်တော်တို့ ချင်း နောက်ဆုံး ဆုံတွေ့မှုလည်းဖြစ်သလို ကျွန်တော်ဟာ ကိုနိုင်ဝင်းနဲ့ နောက်ဆုံးဆုံတွေ့ခဲ့ရတဲ့ ရဲဘော်ဟောင်းတ ယောက်လည်း ဖြစ်မယ် ထင်ပါတယ်။

ပါတီဗဟို ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မာနယ်ပလောသို့ရောက်ရှိပြီး ABSDF ရုံးမှာ ကျွန်တော်တို့ တည်းခိုနေတဲ့ သ တင်းကြားလို့ ကိုနိုင်ဝင်း ပေါက်ချလာတယ်။ နောက်တနေ့မှာ လျှိုလေးတခုခြားတဲ့ တောင်ကုန်းလေးတကုန်းပေါ်က သူ့တဲအိမ်လေးကို ကျွန်တော်တို့ သွားလည်ကြတယ်။ ကျောင်းသားရဲဘော်တချို့ လိုက်ပို့တယ်။

မဂျုံဟာ ကျွန်တော့်ကိုတွေ့တာနဲ့ ဝမ်းသာဝမ်းနည်းဖြစ်ပြီး ငိုပါတယ်။ ကိုနိုင်ဝင်းလည်း မျက်နှာမကောင်းဘူး။ နွမ်းလျ အားငယ်မှုကြောင့် စကားတောင် မထွက်ဘူး။ မဂျုံကပဲ တွေ့တွေ့ချင်း …

“ကိုအေးသန်း ဘာနဲ့လာသလဲ၊ ဘယ်တော့ပြန်မလဲ၊ ကျမလည်း လိုက်မယ်”။

ကျွန်တော့်ဇနီးကော နေကောင်းလား။ ဘယ်သူဘယ်ဝါ နေကောင်းလား စသဖြင့်မေးတယ်။ ကျွန်တော် ဘာ ဖြေရမယ် မသိဘူး။

“လေယဉ်ပျံနဲ့လာတာ၊ အဝေးကြီးပဲ၊ ဘယ်တော့ပြန်မယ် မသိသေးဘူး”။

ကျွန်တော်က စိတ်မကောင်းတဲ့ကြားက ရယ်ရွှန်း ဖတ်ရွှန်းလုပ်ကာ စကားဝိုင်းကို ဟာသနှောပြီး ဖန်တီးလိုက်တယ်။ ကိုနိုင်ဝင်းပြောတာတွေ မေးတာတွေအများကြီးပဲ။ သူပြောတာက ဒီလိုပါ။

“ဥက္ကဋ္ဌ (သခင် ဗသိန်းတင်) နဲ့ တွေ့ချင်တယ်။ ဖုန်းနံပါတ် ပါသလား။ ဥက္ကဋ္ဌ မှန်တယ်။ လက်နက်ကိုင်တော်လှန်ရေး မစွန့်လွှတ်တာ မှန်တယ်။ ကျွန်တော် အလယ်ပိုင်း (ပါတီရဲ့ အလယ်ပိုင်းဗျူရိုဒေသကို ပြောတာပါ) ကို ပြန်လာချင် တယ်။ ရဲဘော်တွေ နေကောင်းကြရဲ့လား”။

နောက်ပြီး သူသိချင်တဲ့ လူတယောက်အကြောင်းကို မေးပါတယ်။

ကျွန်တော် ပြန်ပြောတာက “ဖုန်းနံပါတ်တော့ မပါဘူး။ ဘာတီးလစ်နာ (အရှေ့မြောက်ကို ရောက်ဖူးတဲ့ ဆွီဒင် သတင်း ထောက်၊ ထိုစဉ်က သူ မာနယ်ပလော ရောက်နေတယ်) ထံမှာ တောင်းကြည့်ပါ။ ခင်ဗျား ဒီမှာ မပျော်ရင် အလယ်ပိုင်း ကို အချိန်မရွေး ပြန်လာခဲ့။ မာနယ်ပလော ရောက်နေတဲ့ ‘ရလလဖ’ ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော် ပြောထားမယ်။ ခင်ဗျားလည်း သူတို့နဲ့ ရင်းနှီးတာပဲ။ ကျွန်တော်က ဘယ်တော့ပြန်ဖြစ်မယ် မသိသေးဘူး။”

သူ သိချင်တဲ့လူအကြောင်းလည်း ကျွန်တော်သိသလောက် ပြောပြလိုက်တယ်။ သူတို့တသိုက် လက်နက်ချပြီး ဗမာ ပြည်ထဲဝင်သွားပြီ ဖြစ်ကြောင်း။ ကိုနိုင်ဝင်း ငိုင်သွားတယ်။ မယုံနိုင်အောင် ဖြစ်နေတယ်၊ နောက်မှ သူက ပြောတယ်။

“ကျွန်တော့်ကို ထိုင်းနယ်စပ်သွားပြီး ကျောင်းသားတွေကို စည်းရုံးဖို့ သူလွှတ်တာပဲ”။

သူ့ကို ကျွန်တော် လောလောဆယ် အကူအညီပေးနိုင်တာ ဒါလောက်ပဲ။ ကျွန်တော်ကိုယ်၌ကလည်း ရှေ့မှာ ဘာတွေ ကြုံတွေ့ရဦးမလဲ မရေရာဘူး။ ရဲဘော်တွေပြောပြလို့ သူ့သတင်းတချို့ကို ကျွန်တော် ကြားခဲ့ပြီးဖြစ်တယ်။ ဝ နယ်မှာ သူ အတော်လန့်သွားတယ်။ အိမ်ထဲက အိမ်ပြင် နောက်ဖေးနောက်ဖီသွားဖို့တောင် မထွက်ရဲဘူး။

ဗိုလ်ခင်ညွန့်က ဝ ခေါင်းဆောင်တွေကို ဗကပဟောင်းတွေကို လက်မခံဖို့ ဖိအားပေးတော့ သူတို့ အနေမချောင်တော့ ဘူး။ တပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ အလယ်ပိုင်းကို ရောက်လာတော့ အလယ်ပိုင်းဟာ သူထင်သလို မဟုတ်ဘူး။ ပါတီနဲ့ အတူ တစည်းတလုံးတည်း ရပ်တည်နေကြတာ တွေ့ရတော့ သူ တော်တော် ခြောက်ခြားသွားတယ်။ သူအသတ်ခံရ တော့မယ်လို့ ထင်နေတယ်။

သူနဲ့ရင်းနှီးတဲ့ ရဲဘော်တယောက်ကို ကျွန်တော်တို့ချင်း ခုမှသိကြတာ မဟုတ်ဘူးနော်၊ ရင်းနှီးကြတာ ကြာပြီနော်လို့ ခဏခဏ လာလာပြောနေလို့၊ အဲဒီရဲဘော်က အခြေအနေကို ရိပ်မိပြီး “ခင်ဗျား ဘာမှမဖြစ်စေရဘူး၊ စိတ်ချ။ ဟိုမှာ မပျော်ရင် အချိန်မရွေးပြန်လာ” ဖို့ နွေးနွေးထွေးထွေး မှာလိုက်ကြောင်း ကျွန်တော်သိထားတယ်။ (ပါတီရဲ့ အရှေ့ မြောက်ဒေသ ရာဇဝင်မှာ ဘယ်သူ့ကိုမှ ဖြုတ်၊ ထုတ်၊ သတ် လုပ်ခဲ့တာ မရှိဘူး။ ဥက္ကဋ္ဌ သခင်ဗသိန်းတင်က သူ မသိ ဘဲ ဘယ်ရဲဘော်ကိုမှ သတ်ဖြတ်အရေးယူတာ မလုပ်ရဘူးလို့ အမိန့်ထုတ်ထားတာ အရှေ့မြောက် ဖြတ်သန်းဖူးသူ တိုင်း သိပါတယ်)

၁၉၉၁ မိုးအကုန်ဆောင်းအကူးမှာ ကျွန်တော် အလယ်ပိုင်းကို ပြန်ရောက်တယ်။ နောက်အတော်ကြာမှ မာနယ်ပလော မှ ပြန်လာတဲ့ ‘ရလလဖ’ ကိုယ်စားလှယ် ဗိုလ်မှူးနဲ့ လူချင်းတွေ့တော့ ကိုနိုင်ဝင်းက သူ အလယ်ပိုင်းကိုလာရင် လက်ခံမ လားလို့ မေးကြောင်း၊ ရလလဖ (ဗဟို)သို့ တင်ပြပေးပါမယ်လို့ ဖြေလိုက်ကြောင်း၊ ကျွန်တော့်ကိစ္စလောက်နဲ့ ဗဟိုကို တင်ပြမနေပါနဲ့လို့ပြောကြောင်း ပြန်ကြားရတယ်။

ကျွန်တော်ကလည်း ရလလဖ ကိုယ်စားလှယ်ကို ကြိုပြောမထားနိုင်ခဲ့ဘူး။ ကိုနိုင်ဝင်းရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့ ဘူး။

ကိုနိုင်ဝင်းနဲ့အတူ မာနယ်ပလောပါသွားတဲ့ ရဲဘော်ဟောင်းတဦးနဲ့ အလယ်ပိုင်းမှာ ကျွန်တော် ဆုံတယ်။ ကျွန်တော်တို့ ချင်း အခင်မင်မပျက် စကားတွေ ပြောဖြစ်ကြတယ်။ သူက ယခုလိုပြောပြတယ်။

“ပါတီထဲမှာ ကျွန်တော်တို့ ပြောချင်တာပြော လုပ်ချင်တာလုပ် ဘာမှမဖြစ်ဘူး။ ပါတီက နားလည်ခွင့်လွှတ်တယ်။ ဟို မှာက မချောင်ဘူး၊ ကိုယ့်ကိုနားလည်တာ မဟုတ်ဘူး၊ အပြောအဆိုမှားရင် ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော် ပြန်ပြေးလာတာ။ ကျွန်တော်လည်း ပြန်စဉ်းစားကြည့်တယ်၊ ပါတီအပေါ် ကျွန်တော်တို့ လုပ်ပုံကိုင်ပုံတွေက မဟုတ်ဘူး။ ကျွန်တော်လည်း ဘာကောင်မှ မဟုတ်ပါဘူး၊ ခင်ဗျားလည်း သိမှာပါ။ ကိုကျော်ဆိုင်လည်း ဟိုမှာ ပျော်တာ မဟုတ်ဘူး၊ ကျွန်တော် သိပါတယ်”။

(ငါး)

ဒီနောက် ကြားရတဲ့ သတင်းတွေက စိတ်ထိခိုက်စရာပါ။ ကိုနိုင်ဝင်း ဘုန်းကြီး ဝတ်တယ်။ စိတ်တည်ငြိမ်မှုကို ရှာတယ်။ နောက် လူဝတ်ပြန်လဲတယ်။ ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မာနယ်ပလောကျတဲ့ ဗရုတ်ဗရက်ကာလ သောင်းရင်းမြစ်နံဘေးမှာ ဗုံးဆန်ထိမှန် ကျဆုံးသွားခဲ့ပါတယ်။

ကိုနိုင်ဝင်း ဆုံးတော့ မဂျုံ ရလလဖ ကို ရောက်လာတယ်။ ‘ငြိမ်း’ ကာလပါ။ ကျွန်တော်လည်း မရှိတော့ဘူး။ ဘာကြောင့်လည်း မသိဘူး၊ မဂျုံက ဝနယ် မပြန်ချင်ဘူး။ ဝ တပ်မှုးတဦးက ဝအမျိုးသမီး ဝ ဒေသပြန်ရမယ်ဆိုပြီး ပြန်ခေါ်သွားလို့ မဂျုံ ဝနယ် ပြန် ရောက်တယ်။

၂ဝဝ၆ နှစ်လည်ပိုင်း ဝ နယ်မှာ မဂျုံ ဆုံးတဲ့သတင်း ကြားရတယ်။ ဘာ့ကြောင့်ဆုံးသလဲ အတိအကျ မသိရဘူး။ သူ့ရွာမှာလည်း သူ မပျော်ဘူး။ နမ့်ပန်ချောင်းထဲ လိမ့်ကျသလို ပျောက်ဆုံးသွားသလိုလည်း ကြားရပါတယ်။

မိုးသက်မုန်တိုင်းထန်တဲ့ တော်လှန်ရေးကွေ့ကြီးတကွေ့မှာ ကျွန်တော်တို့တတွေဟာ အညှာက ကိုင်ယမ်းခံလိုက်ရတဲ့ သစ်ပင်က သစ်ရွက်တွေလို လှုပ်ခါကုန်ကြပါတယ်။

လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုကို ရှာကြံရင်း အနုပညာမှော်ဝင်စားနေတဲ့ ကိုနိုင်ဝင်းဟာ မိုးသက်မုန်တိုင်းကြားမှာ သစ်ရွက် တရွက်လို လှုပ်ခါလွင့်ပါးသွားခဲ့ပါတယ်။

ငြိမ်းချမ်းမှုကို ရှာ၏၊ ငြိမ်းချမ်းမှုကား မတွေ့။ စိတ်ကူးစံကို အနုပညာဖြင့်ဖော်ဆောင်ဖို့ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကို ဖြတ် သန်းရင်း သူ ရိုးသားစွာ ကြိုးစားခဲ့တယ်လို့ ကျွန်တော် ယုံတယ်။

ဗမာပြည်လူ့အဖွဲ့အစည်းက ရှုပ်ထွေးတယ်။ ဖိနှိပ်မှုက အညှာအတာကင်းတယ်။ တော်လှန်ရေးခရီးက ခက်ခဲ ကြမ်းတမ်းတယ်။ ကိုနိုင်ဝင်းရေးချင်တဲ့ တော်လှန်ရေးဂန္ထဝင်ဝတ္ထုကြီးကို မျိုးဆက်သစ်များက ရေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။

(ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ပါ၊ သက်ရှိထင်ရှား ရှိနေသူများဖြစ်တဲ့အတွက် ဘယ်သူ့ အမည်ကိုမှ မဖော်ပြပါ။)

**အောင်ငြိမ်း **
(၂ဝ နိုဝင်ဘာ ၂ဝ၁ဝ)

အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၃ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

http://oothandar.blogspot.com … မှ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)