ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 3, 2011

နှုတ်ထွက်စကားလေး မွှေးပါစေ

>
တလောက တက္ကသိုလ်ပါမောက္ခတစ်ဦး ဇနီးဖြစ်သူနဲ့ငြင်းခုန်ရန်ဖြစ်ပြီး
ဇနီးရဲ့ဓားသွားလိုထက်တဲ့ စကားတွေကို နားထောင်နိုင်စွမ်းမရှိတာနဲ့
ဇနီးကိုပါးဆွဲရိုက်လိုက်တဲ့သတင်း ကျွန်တော်ကြားလိုက်ရတယ်။

နောက်ဆုံးမှာ ဇနီးက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းမယ်ဆိုတာနဲ့
တကယ်ကွာရှင်းလိုက်ရတယ်။ ဇနီးကိုရိုက်တဲ့ ပါမောက္ခမှာ အပြစ်ရှိတယ်ဆိုပေမဲ့
ဇနီးဖြစ်သူကလည်း အမှားမကင်းဘူး မဟုတ်လား?

"စကားလုံးအကြမ်းဖက်မှု"က "ကိုယ်အပြုအမှု အကြမ်းဖက်မှု"ထက် ပိုခံရဆိုးသတဲ့။
လူတွေကများသောအားဖြင့် ကိုယ်မဟုတ်တာကိုမမြင်ဘဲ တဘက်သား မဟုတ်တာ၊
အကြမ်းဖက်တာကိုပဲ ပိုမြင်တတ်၊ ဝေဖန်တတ်ကြတယ်။

ချစ်သူရည်းစားဖြစ်နေချိန်မှာ ယောက်ျားနဲ့မိန်းမက
"အချစ်ရဲ့ချိုမြိန်ခြင်း"ထဲ မှိန်းမောနေတာကြောင့် ကတောက်ကဆဖြစ်ဖို့၊
ငြင်းခုန်ဖို့ကို သိပ်သတိမရတတ်ကြဘူး။

ဟော်လိဝုဒ်မင်းသား Johnny Depp က မင်းသမီးWinona Ryderနဲ့
ချစ်သူရည်းစားဖြစ်နေတုန်းမှာ သူ့ရဲ့လက်မောင်းပေါ်မှာ "Winona"ဆိုပြီး
ဆေးမင်ကြောင်ထိုးခဲ့တယ်။ ဒါကို မိန်းကလေးတော်တော်များများက အားကျခဲ့ရတယ်။

ဒါပေမဲ့ သိပ်မကြာဘူး... သူတို့နှစ်ယောက်ရဲ့အချစ် လမ်းခွဲပြတ်စဲခဲ့တယ်။
အဲဒီမှာ Johnny Deppက သူ့လက်ပေါ်မှာထိုးခဲ့တဲ့ Winona ဆိုတဲ့နာမည်ကို
အသားအနာခံပြီး အနောက်က "na"ကိုဖျက်လိုက်တယ်။ "Wino" (အမူးအမား)ဆိုတဲ့
စာလုံးကိုပဲ ချန်ခဲ့လိုက်တယ်။

တကယ်တမ်းမှာ လှပတဲ့အချစ်က ထာဝရတည်မြဲချင်မှ တည်မြဲတယ်။ အကောင်းဆုံးအဖော်က
မွေးရာပါအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အချင်းချင်း နားလည်မှု၊
ခွင့်လွှတ်ပေးဆပ်မှုနဲ့မှ တာရှည်တည်မြဲမှာဖြစ်တယ်။

တချို့ချစ်သူရည်းစားတွေက ချစ်ကြိုက်ပြီးသိပ်မကြာခင်မှာ အချင်းချင်းအပေါ်
ခံစားချက်တွေ ပျက်ပြားလာတတ်ကြတယ်။ ဘဝမှာ မတူတဲ့အလေ့အကျင့်၊
ငြီးတွားတာတွေ၊ ငြင်းခုန်တာတွေ ရှိလာပြီးနောက် ခံစားချက်တွေက
"ထက်မြက်တဲ့ဓားသွား"လို ချစ်ကြိုက်ခဲ့၊ ရင်းနှီးခဲ့တဲ့သူကို
ထိခိုက်နာကျင်စေတော့တယ်။

ဒါကြောင့် ....
မင်္ဂလာမဆောင်ခင်မှာ မိန်းမပြောတယ်၊ ယောက်ျား နားထောင်တယ်။
ဟမ်းနီးမွန်းပြီးနောက် ယောက်ျားပြောတယ်။ မိန်းမ နားထောင်တယ်။
အိမ်ထောင်ကျပြီး နှစ်အနည်းငယ်ကြာတော့ ယောက်ျား၊ မိန်းမပြောတယ်၊
ငြင်းခုန်တယ်၊ အိမ်နီးနားချင်းတွေက နားထောင်ကြတယ်တဲ့...
ရယ်ချင်စရာမကောင်းလိုက်ဘူးလား!

တကယ်တော့ ချစ်သူရည်းစားဖြစ်တယ်၊ ခံစားချက်ချင်းဖလှယ်တယ်ဆိုတာ
သင်ယူလို့ရနိုင်တဲ့ သင်ခန်းစာတစ်ခုပါ။ တခြားလူရဲ့ကိုယ်ပေါ်ကနေ
"အရာတချို့"ကို ကျွန်တော်တို့ သင်ယူလို့ရနိုင်ပါတယ်။ တဘက်လူ
လုပ်ခဲ့ဖူးတဲ့အမှားကိုပဲ ထပ်သလဲလဲ ပြောဆိုဝေဖန်တာဟာ ကိုယ်ကိုယ်တိုင်ကိုလဲ
အလိုမကျစေပါဘူး။

နောက်ပြီး ... "အချစ်ရေးမှာ၊ အိမ်ထောင်ရေးမှာ ကံမကောင်းတာဟာ
သူ့အတွက်တင်ခဲ့တဲ့ ရှေးဘဝဝဠ်ကြွေးကြောင့်၊ ဒီဘဝမှာ မဆပ်ရရင် နောင်ဘဝမှာလဲ
ထပ်ဆုံရမှာပဲ..."လို့ မထင်မြင်ပါနဲ့။ " ရှေးဘဝ ဝဠ်ကြွေး"ဆိုတာ မရှိပါဘူး။
ဒီဘဝမှာပဲ အချစ်ကိုသေချာပြုစုပျိုးထောင်ရင် လှပတဲ့အချစ်အသီးအပွင့်ကို
ခံစားရမှာပါပဲ....

ပြင်သစ်စာရေးဆရာ Tyneက "(၃)ပတ်ကြာ အချင်းချင်းအကဲခတ်ပြီး၊ (၃)လကြာ
အချင်းချင်း ချစ်ကြိုက်ကြတယ်။ အဲဒီနောက် (၃)နှစ်ကြာ အချင်းချင်း
ငြင်းခုန်ရန်ဖြစ်ကြပြီး အနှစ်(၃ဝ)ကြာ အချင်းချင်း သည်းခံကြတယ်။
အဲဒီနောက်.... အဲဒီလည်ပတ်ဖြစ်စဉ်အတိုင်း သားသမီးတွေအလှည့် ရောက်လာတယ်။
အဲဒါကို အိမ်ထောင်ရေးလို့ခေါ်တယ်" လို့ဆိုခဲ့တယ်။

မိန်းကလေးတစ်ယောက်အတွက် သူ့ရဲ့ပျံသန်းခြင်း အမြင့်ဆုံးအမှတ်က
"လက်ထပ်ခြင်း"ဖြစ်တယ်။ သူချစ်တဲ့သူနဲ့ လက်ထပ်တာပဲဖြစ်တယ်။ တကယ်လို့
လက်မထပ်ခင်မှာ မျက်စိသေချာဖွင့်ပြီး သေချာမရွေးချယ်ခဲ့ရင်
လက်ထပ်ပြီးနောက် သူ့ရဲ့နာကျင်ကြေကွဲခြင်းတွေက ပျော်ရွှင်ခြင်းထက်
ပိုများလိမ့်မယ်။

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူတို့ရွေးချယ်တဲ့သူဟာ
ပစ္စည်းဥစ္စာကြွယ်ဝနေဖို့ မလိုဘူးလို့ဆိုပေမဲ့ စကားတစ်ခွန်းက
ဒီလိုဆိုထားပါတယ်။ ဆင်းရဲလင်မယားမှာ မပျော်ခြင်းတွေ အခုတစ်ရာရှိတယ်၊
ပိုက်ဆံမရှိတဲ့လင်မယားက မကြာခဏ ပိုက်ဆံကြောင့် ရန်ဖြစ်တယ်။
နေ့စဉ်စားဝတ်နေရေးအတွက် ပိုက်ဆံဆိုတာလိုတယ်။ ဒါကြောင့် မင်္ဂလာမဆောင်ခင်
ငွေကြေးဆိုတာကို မဖြစ်မနေ စဉ်းစားရတဲ့အထဲမှာ ပါတယ်။

အိမ်ထောင်ဖက်ရဲ့ အကျင့်စရိတ္တ၊ ဝါသနာ၊ အရည်အချင်းတွေကလည်း အရေးကြီးတယ်။
တကယ်လို့ သင်ယူမယ့်သူက ပျင်းရိတဲ့သူ၊ သောက်စားမူးရူးသူ၊
ကာမစိတ်ပြင်းပြသူ၊ အကြမ်းဖက်တတ်သူ... စတဲ့အကျင့်ဆိုးတွေရှိနေရင် သူကို
သင်ဘာကြောင့်လက်ထပ်ဦးမလဲ?

George Bernard Shawပြောခဲ့တဲ့အတိုင်း "အိမ်ထောင်ဖက်ရွေးတာဟာ စစ်ပွဲအတွက်
အစီအစဉ်ရေးဆွဲနေတာနဲ့ အတူတူပဲ။ တစ်ချက်မှားတာနဲ့ လုံးဝမှားတော့တာပဲ!"
တဲ့။

ဒါပေမဲ့ အမေရိကန်သမ္မတ Andrew Jackson က "ကောင်းကင်ဘုံမှာနေရလည်း
အဲဒီကောင်းကင်ဘုံမှာ ငါ့ရဲ့ချစ်ဇနီးရှိမနေခဲ့ရင် အဲဒီကောင်းကင်ဘုံဟာ
ငါ့အတွက် ကောင်းကင်ဘုံမဟုတ်ဘူး"လို့ဆိုခဲ့တယ်။ ဒါဟာ လူတိုင်းအားကျ
အတုယူစရာကောင်းတဲ့ ချစ်ဇနီးမောင်နှံတစ်စုံဖြစ်တယ်။

ကျွန်တော်တို့အိုမင်းသွားချိန်မှာ "ကောင်းကင်ဘုံမှာနေရလည်း
အဲဒီကောင်းကင်ဘုံမှာ ငါ့ရဲ့ဇနီး(ယောက်ျား) ရှိနေခဲ့ရင်
အဲဒီကောင်းကင်ဘုံဟာ ငါ့အတွက် ကောင်းကင်ဘုံမဟုတ်ဘူး" လို့ ကျွန်တော်တို့
မပြောမိကြဖို့ လိုပါလိမ့်မယ်။

ဒါကြောင့် သူ့အမှားကိုပဲ မမြင်တတ်ဖို့၊ အချင်းချင်းနားလည်၊ ခွင့်လွှတ်၊
သည်းခံ၊ သင်ယူရင်း အချစ်ရဲ့ချိုမြိန်ခြင်းထဲ ထာဝရ လန်းဆန်းပျော်ရွှင်
သက်ဝင်နေအောင် နှုတ်ထွက်စကားမွှေးဖို့လည်း လိုပါလိမ့်မယ်။

-**Min Thu Aung-**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)