လူတိုင်းကတော့ ယုံကြည်ချက် အပြည့်နဲ့ မွေးဖွားလာတာ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ယုံကြည်ချက်ကို အောက်ပါအတိုင်း တည်ဆောက်ယူလို့ ရပါတယ်။
၁။ အနည်းငယ် ကွဲပြားခြားနားတာ တစ်ခုခုကို ပြုလုပ်ပါတယ်
မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူတွေဟာ အသစ်အဆန်းတွေကို ပုံမှန် ပြုလုပ်တတ်ကြပြီး အောင်မြင်မှုရရှိတဲ့ အခါတိုင်း သူတို့ကိုယ် သူတို့ ယုံကြည်မှု ပိုတိုးပွားလာပါတယ်။ ရှက်တတ်သူတွေဟာ ဒီလူနဲ့ ဒီအကြောင်းအရာတွေကိုသာ ထပ်ကာထပ်ကာ ပြုလုပ်တတ်ကြပြီး သူတို့ကိုသူတို့ မစမ်းသပ်ကြည့်ကြပါဘူး။
၂။ တခြားလူနဲ့ တွေ့ရင် စတင်ပြီး စကား ပြောတတ်ကြပါတယ်
ရှက်တတ်သူတွေဟာ ဘယ်တော့မှ စတင်ပြီး စကားပြောလေ့ မရှိကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ စပြောတဲ့ စကားဟာ ဆွဲဆောင်မှု ရှိမယ်လို့ မထင်တတ်ကြလို့ပါ။ မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူတွေက ရာသီဥတု အကြောင်း ဒါမှမဟုတ် ဒီမိတ်ဆွေကို သူက ဘယ်လိုဆိုပြီး စတင်ပြီး စကားပြောတတ်လေ့ ရှိပါတယ်။
၃။ တခြားသူတွေရဲ့ မိမိအပေါ် ထင်မြင်ချက်ကို ဂရုမစိုက်တတ်ပါဘူး
မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူတွေဟာ တခြားသူတွေနဲ့ ယှဉ်ပြီး မိမိကိုယ်မိမိ မသိမ်ငယ်တတ်ကြပါဘူး။
၎။ စကားတိုတိုပဲ ပြောတတ်ကြပါတယ်
မိမိကိုယ် မိမိ ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေဟာ တစ်ယောက်ယောက်နဲ့ စကားရှည်ရှည် မပြောတတ်ကြပါဘူး။ လူတိုင်းနဲ့ နှုတ်ဆက်စကား ပြောတတ်ပေမယ့် စကားရှည်ရှည် မပြောတတ်တာဟာ ကိုယ်နဲ့ သိပ်မသိသူ တစ်ယောက်နဲ့ စကားကြာကြာ ပြောတာကြောင့် ဖိအားပေး မခံရအောင်လို့ပါ။
**ဒေါက်တာခင်မိုးမိုး**
မေမွန်ကျော်

No comments:
Post a Comment