ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 15, 2011

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)အသစ်ယနေ့ စတင်လုပ်ဆောင်ပြီ

>
(ဇွန်လ ၁၅၊၂၀၁၁)

ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့အနီးရှိ မဟာချိုင်အလုပ်သမားရုံးတွင် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)အသစ် လုပ်ကိုင်ခြင်းကိုစတင်ပြီး၊ထိုင်းအလုပ်သမားဝန်ကြီး နှင့်မြန်မာ
ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့ သတင်းစာရှင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
မဟာချိုင်အလုပ်သမားရုံးတွင် One Stop Service တစ်နေရာတည်းတွင်ဘတ်နှင့်ပါတ်သက်သည့် လုပ်ငန်းအား လုံးစီစဉ်ဆောင်ရွက် သည့်ဝန်ဆောင်မှုကိုပေးနိုင်ရန်စီစဉ်ထားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ချလုံချိုင်းစီရီအွန် က“ မြန်မာ ကမ္ဘောဒီိယားနဲ့ လာအိုနိုင်ငံက
တရားမ၀င်ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီနေ့ ကစပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။
လုပ်ငန်းထိရောက်မြန်ဆန်ဖို့အတွက် တစ်နေရာတည်းမှာ လုပ်ပေးဖို့ အတွက် ထိုင်းတစ်နိုင်ငံလုံးမှာစီစဉ်
ထားတယ်၊တရားဝင်အလုပ်သမားများဖြစ်လာလို့ရှိရင် အားလုံးအတွက်အကျိုးရှိမှာဖြစ်တယ်” ဟုပြောဆို
သွားးသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့  မြန်မာသံရုံးဝန်ထမ်းအချို့ အပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာန စီမံခန့် ခွဲရေးမန်နေဂျာနှင့် နိုင်ငံခြားအလုပ်သမားရေးရာဌာနကတာဝန်ရှိသူများနှင့်မဟာချိုင်က ဌာနဆိုင်ရာ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံခြားရေးဒုဝန်ကြီးဦးမောင်မြင့်က“ ဘန်ကောက်ကသံရုံးမှာ ထားတဲ့ဝန်ထမ်းဟာ ကျနော်တို့ ဆင်း
ရဲတဲ့နိုင်ငံနဲ့ တောင်မတူဘူး။အစိုးရ ကနိုင်ငံတကာမှာထားတဲ့ဝန်ထမ်းတွေထက် အရေတွက်ပိုများပါတယ်။ နိုင်ငံခြားမှာရှိတဲ့အလုပ်သမားတွေအတွက်လိုအပ်လို့ ရှိရင် လူအင်အားငွေအင်အား
သုံးဖို့ အဆင်သင့်ပါ။ ထိုင်းမှာအလုပ်သမားတွေ တစ်ခုခုဖြစ်ရင် သိရှိနိုင်အောင် ကျနော်တို့ မှာ ပြင်ဆင်ထား
တာမရှိပေမယ့် သတင်းမီဒီယာခေတ်မှာ သတင်းတွေမှာတွေ့ လာလို့ရှိရင် ကျနော်တို့ ချက်ခြင်းဆောင်ရွက်မှာပါ။ မြန်မာအလုပ်သမားတွေအနေနဲ့ လည်းကိုယ်တိုင်ဆက်သွယ်အကူအညီ

တောင်းခံနိုင်ပါတယ်” ဟုပြောဆိုသွားသည်။

မြန်မာဒုဝန်ကြီးက ယမန်နှစ်က ဘတ်လုပ်ရာသီတွင် အချိန် တစ်လတိုးပေးရန် ထိုင်းအစိုးရကိုတောင်း
ဆိုခဲ့သကဲ့ သို့  မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းကိုရောက်ရှိလာသဖြင့် ရသင့်ရ
ထိုက်သည့်အခွင့်အရေးများကို အပြည့်အ၀ရရှိကြမည်ဖြစ်ကြောင်း ထပ်ဆောင်းပြောဆိုသွားသည်။

မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက
“ မဲဆောက်နဲ့ တာ့ခ်ရိုင်အတွင်းကအလုပ်သမားတွေက ဒီ(ဘတ်)ကိုလုပ်ချင်ပေမယ့် ရတဲ့ငွေကအလွန်နည်းနေတာ
ကြောင့်မလုပ်နိုင်ကြဘူးဗျ။မဲဆောက်နဲ့ တာ့ခ်ခရိုင်အတွင်းမှာမြန်မာအလုပ်သမား လေးသိန်းလောက်ရှိပေ
မယ့် စက်ရုံအလုပ်သမားက တစ်သိန်းအောက်ပဲရှိပါလိမ့်မယ်။ကျန်အလုပ်သမားတွေက စိုက်ပျိုးရေးနဲ့ ကျ
ဘမ်းအလုပ်သမားတွေဖြစ်တယ်ဒီအလုပ်သမားတွေကို ဘယ်လုပ်ငန်းရှင်ကမှ ဘတ်လုပ်ပေးမှာမဟုတ်ဘူး
ဗျ။” ဟုပြောဆိုသွားသည်။
တရားဝင်မှတ်တင်ထားသည့်စက်ရုံအလုပ်ရုံများအနေဖြင့်လုပ်ပေးနိုင်ခြေရှိသော်လည်း တရားမ၀င်လုပ်ကိုင်
နေကြသည့်အိမ်တွင်းမှုလုပ်ငန်းနှင့်တောင်ယာစိုက်ပျိုးရေးလုပ်ငန်း၊ကျဘမ်းအလုပ်သမားများမှာ ဘတ်လုပ်
လိုပါက အငှါးသူဌေးခ ဘတ် ၁၀၀၀ ပေးရကြောင်း ၄င်းကဆက်ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကုန် လူပမ်းမဖြစ်စေရန်နှင့်စရိတ်စကကုန်ကျသက်သာစေရန်
One Stop Service တစ်နေရာတည်းတွင်လုပ်ကိုင်ပေးရန်စီစဉ်ဖြစ်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးက
ပြောဆိုသွားသော်လည်း မဲဆောက်မြို့တွင် မရှိသေးကြောင်း ဦးမိုးကြိုးကပြောသည်။ ဘန်ကောက်နှင့်ထိုင်းနိုင်ငံတောင်ပိုင်းတို့ တွင်လည်းယနေ့တွင် One Stop Service လုပ်သည့်နေရာမရှိ
သေးကြောင်း အငှါးသူဌေးလုပ်ငန်းလုပ်ကိုင်နေကြသည့် မြန်မာများကပြောသည်။ထိုင်းအစိုးရက(ဘတ်) လုပ်ခ တရားဝင် ၃၈၀၀ ဘတ်သတ်မှတ်ထားသော်လည်းဘန်ကောက်၊မဟာချိုင်၊ခြုံဖွန် ဖူးခက်၊ရနောင်း နှင့်အခြားနေရာများတွင် ဘတ် ၅၅၀၀ မှ ဘတ်၆၀၀၀ အထိ အပြင်ပေါက်ဈေးဖြစ်နေသည်။ထိုင်းအစိုးရ ကဘတ်၂၉၀၀ သတ်မှတ်
ထားသည့် မဲဆောက်မြို့တွင်ဘတ်၄၀၀၀ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေ
သူများကပြောသည်။
မည်သိုပင်ဖြစ်စေယနေ့ ထိုင်းနိုင်ငံအနှံအပြားတွင်တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ငန်းအား
စတင်လုပ်ကိုင်နေပြီးဖြစ်သဖြင့် (ဘတ်)မရှိသည့်အလုပ်သမားပျော်ရွှင်နေကြကြောင်းလည်းသိရှိရသည်။

သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)