ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 15, 2011

အားသစ် အင်သစ် မျှော်လင့်ချက် အသစ်တွေ

>

(၁)
လာမည့်ဂျွန်လ(၁၉)ရက်နေ့ဟာ အမေဒေါ်အောင်ဆန်းစုကြည့်ရဲ့(၆၆)နှစ်ပြည့် မွေးနေ့ပွဲဖြစ်ပါတယ်။

ဒီနှစ် ကျရောက်တဲ့မွေးနေ့ပွဲကတော့ မင်္ဂလာရှိသော၊ပြီးပြည့်စုံသော၊ ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ပွဲ ဧကန်မလွဲဖြစ် မယ်လို့ ယုံကြည်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မွေးနေ့ပွဲကို နှစ်ပေါင်းဆယ်စုနှစ်တချို့ ပိုင်ရှင်မဲ့ပြုလုပ်ခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာထူးထူးခြားခြား မွေးနေ့ရှင် အမေစုကိုယ်တိုင် အပြင်မှာ လွတ်လွတ်လပ်လပ် ကျင်းပရတော့မှာမို့ ဖြစ်ပါတယ်။

ပိုင်ရှင်ကိုယ်တိုင် ဆင်နွှဲခွင့်ရတဲ့မွေးနေ့ပွဲ ဖြစ်တဲ့အတွက် မြန်မာပြည်သားတွေအတွက်သာမက ကမ္ဘာကပါ အထူးဝမ်းသာတဲ့ပွဲဖြစ်မှာပါ။ အမေစုရဲ့ မွေးနေ့ပွဲကို ဒီနှစ်မှာတော့ အနုပညာသည်တွေပါ ပူးပေါင်းပါဝင်ဆင်နွှဲကြမယ်ဆိုတဲ့ သတင်းကြားရတာ အတိုင်းထက် အလွန် ၀မ်းသာလို့မဆုံးပါဘူး။ဒီမိုကရေစီလိုလားသူ အမှန်တရားအတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေအားလုံး ပါဝင်တက်ရောက်ကြလိမ့်မယ်လို့ ယုံကြည့်မျှော်လင့်မိပါတယ်။

(၂)

ပြည်တွင်းမှာ အခုလိုအမေစုရဲ့မွေးနေ့ပွဲပြုလုပ်နေကြချိန် ကျမတို့လိုပြည်ပရောက် မြန်မာအရေးလှုပ်ရှားသူတွေကလည်း ရောက်ရှိရာနိုင်ငံ ရရှိတဲ့အခွင့်ရေးကို အသုံးချလို့ အမေစုရဲ့မွေးနေ့ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

အဆိုတော်တွေ အနုပညာရှင်တွေကလည်း သူတို့အနုပညာအစွမ်းဖြင့် အမေ့မွေးနေ့ပွဲကို ဂုဏ်ပြုကြဖို့ အစီအစဉ်တွေ ပြုလုပ်နေကြပါပြီ။

ကျမတို့အခုလို ဘာကြောင့်အမေဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကို မှတ်မှတ်ရရပြုလုပ်ကြသလဲဆိုရင် မြန်မာပြည်သူ၊ ပြည်သားတွေ အပေါ်ထားရှိတဲ့ အမေ့ရဲ့အနှိုင်းမဲ့ အနစ်နာခံစွန့်လွှတ်ပေးဆပ်မှုတွေနှင့် ဦးဆောင်လမ်းပြမှုတွေကြောင့်လို့ ပြောရမှာပါ။ ကျမတို့နိုင်ငံ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်ဖြစ်အောင်လုပ်ဆောင်ရာမှာ အမေ့ရဲ့ အသက်ကိုတောင် ပဓါန မထားခဲ့ဘူးဆိုတာ လက်တွေ့ပေါင်းများစွာနှင့် ကျမတို့သိရှိခဲ့ရပါပြီ။

ဒီထက်ပိုလို့လည်း အမေ့ရဲ့ စိတ်ဓါတ်နဲ့ခွန်အားတွေကို မြန်မာပြည်ကြီးအတွက် အကောင်းဆုံးဖြစ်အောင် ပေးဝေနေဦးမှာပါ။ ဘယ်တော့မှ ဘာအကြောင်းနှင့်မှ တွေဝေတုန့်ဆိုင်းနေမှာ မဟုတ်ပါဘူး။ အမေစုကတော့ ကျမတို့မြန်မာနိုင်ငံ ဒီမိုကရေစီ ရဖို့ သူ့ဘ၀တခုလုံးကို ပုံအပ်ပြီး အကောင်းဆုံး ပေးဆပ်မြဲ ပေးဆပ်နေဦးမှာဖြစ်တယ်လို့ ကျမယုံကြည်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာကပါ အမေ့ကိုချစ်ခင်လေးစားလျှက်ရှိတာမို့ ဆုတံဆိပ်ပေါင်း များစွာဖြင့် ချီးမြှင့်ဂုဏ်ပြုလိုက်ကြတာ ယနေ့ထိ မစဲနိုင်အောင်ပါပဲ။

အမေ့ရဲ့ဂုဏ်ရည်တွေထဲမှာ လက်နက်နှင့်ရမ်းကားနေသူတွေကို လက်နက်မဲ့ နှလုံးရည်ဖြင့် ခုခံတိုက်ပွဲဝင်နေခြင်းဟာ အံ့အားသင့်လောက်တဲ့ ဂုဏ်ရည်ဖြစ်ပါတယ်။ အမေ့ရဲ့အသက်ကို တခုခုဖြစ်မှာကို ကျမတို့မြန်မာပြည်သားတွေသာမက နိုင်ငံတကာကပါ စိုးရိမ်စိတ်ဖြင့် အမြဲသတိပေးနေကြရတာပါ။

အခုဆို အမေဒေါ်အောင်ဆန်းစုကြည်ဟာ မအားလပ်တဲ့ကြားက နယ်မြို့တွေကို ခရီးစထွက်ဖို့ ပြင်ဆင်နေပါပြီ။ လူငယ် ကွန်ယက်အဖွဲ့တွေနဲ့ ပါတီဝင်တွေကလည်း အမေ့အတွက် အသက်ပေးလို့ ကာကွယ်စောင့်ရှောင့်ကြဖို့ ပြင်ဆင်နေကြပါတယ်။

မနာလိုမရှုစိမ့်နိုင်သူတွေကတော့ ဘယ်လိုအကွက်ဆင်ပြီး လုပ်ကြံသတ်ဖြစ်ရမလဲဆိုတာ စဉ်းစားနေကြလိမ့်မယ်လို့ ကျမ သံသယ ဖြစ်မိပါတယ်။ မြေခွေးလိုကောက်ကျစ်တဲ့စိတ်နဲ့ အချိန်မရွေး ချောင်းမြောင်းတိုက်ခိုက်ချင်နေကြတာပါ။ ဒီပဲယင်း၊ဂွတ္တလစ်၊ဓနုဖြူ စသဖြင့် လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြတာပါ။ သူတော်ကောင်း နတ်ကောင်း ဆောင်မတယ်ဆိုတဲ့ စကားကိုတော့ ကျမလက်ခံယုံကြည်ချင်ပါတယ်။ တရားကိုစောင့်သောသူကို တရားကလည်းပြန် စောင့်ရှောက်တယ်ဆိုတာ ဒါမျိုးပဲလို့ဆိုရင် ရမယ်ထင်ပါတယ်။

အမေစုကို ဘယ်လိုပင် လုပ်ကြံသတ်ဖြစ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အမေဟာအသက်ဘေးမှ အကြိမ်ကြိမ်လွတ်မြောက် လာနိုင်ခဲ့ပါတယ်။ကျမနားလည်သလိုဘာသာပြန်ကြည့်ရရင် လူထုကို အကာအကွယ်ပေးချင်တဲ့၊ ပေးဖို့ကြိုးပမ်းနေတဲ့ အမေစုကို လူထုကပြန်ပြီး အကာအကွယ်ပေးကြတာဖြစ်တယ်လို့ ဆိုချင်ပါတယ်။

(၃)

မွေးနေ့ရှင်ကိုယ်တိုင်ကျင်းပနိုင်လို့ အတိုင်းမသိ ပျော်ရွှင်လိမ့်မယ်ဆိုပေမယ့် အပြည့်အ၀မှ ပျော်နိုင်ပါ့မလား ကျမ စိုးရိမ်မိပြန်တယ်။
ဘာကြောင့်လဲဆိုတော့ နအဖဗိုလ်ချုပ်ကြီးများရဲ့ ကလေးကလားအပြုအမူတွေကြောင့်ပဲဖြစ်ပါတယ်။

သူတို့အခေါ် လွတ်ငြိမ်းချမ်းသာခွင့်(ထောင်ဒါဏ်တနှစ်ပဲ လျှော့ပေါ့ပေးတယ်ဆိုတဲ့ကြေညာချက်) ကြောင့် ယုံကြည်ချက်အ တွက် ပေးဆပ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူပေါင်း (၄၇)ဦးပဲလွတ်မြောက်လာခဲ့ပါတယ်။ အမေဘယ်လိုခံ စားရလေမလဲ။ စိတ်တိုဒေါသထွက်မှုတွေနဲ့ တပြိုက်နက်ထဲမှာလည်း စိတ်မကောင်း ဖြစ်မိမှာအမှန်ပါ။ နိုင်ငံရေး အကျဉ်း သားတွေကို လွတ်မြောက်စေချင်တဲ့သဘောထက် နိုင်ငံတကာနှင့် ပြည်သူလူထုရဲ့ဖိအားကနေ အရပ်ဝတ်အမည်ခံ စစ်အစိုးရ လွတ်မြောက်ချင်တာက အဓိကဖြစ်နေတာက ခလေးလေးတောင်သိနိုင်ပါတယ်။

အမေစု ပြောနေကြ စကားဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေးရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ကျမတို့ ဆက်လက်တောင်းဆို တိုက်ပွဲဝင်ကြရပါလိမ့်မယ်။

(၄)

နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာရောက် မြန်မာပြည်သားတွေသာမက ကမ္ဘာကပါ အမေ့မွေးနေ့ပွဲကို ပုံသဏ္ဍန် အမျိုးမျိုးနဲ့ သရုပ်ဖေါ်လို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနှစ်မှာလဲ ဗြိတိန်နိုင်ငံမှာ ပန်းချီဆရာတွေ အမေစုရဲ့ပုံတူ ပန်းချီကားတွေ ရေးဆွဲပြီး အမေ့ကို ဂုဏ်ပြုတဲ့ပန်းချီးကားပြပွဲ ပြုလုပ်နေပါပြီ။ အလားတူပဲ နိုင်ငံတကာရောက် မြန်မာပြည်သား ဒီမိုကရေစီ လိုလားသူတွေနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း သွေးလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ပြုလုပ်ကြဖို့ လုပ်ဆောင်နေကြပါပြီ။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေက အမေ့ရဲ့မွေးနေ့ပွဲကို ပိုလို့တန်ဖိုးထား လုပ်ကိုင်ကြတယ်လို့ ကျမတော့ မှတ်ချက်ချချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်စဉ်နှစ်တိုင်း အမေ့ရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုသောအားဖြင့် သွေးလှူပွဲ၊ ဆုတောင်းပွဲ၊ ငါးလွှတ်ပွဲ၊ ပန်းချီပြပွဲ၊ စာစီစာကုန်ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ စတဲ့စတဲ့ ပွဲတွေ ပြုလုပ်ကြတဲ့အခါ အလုပ်သမားတွေဟာ အလုပ်ရှင်က အလုပ်ထုတ်သည်ဖြစ်စေ၊ အပြစ်ပေးသည်ဖြစ်စေ၊ ဘယ်လိုမှ ဂရုမစိုက်ပဲ အတက်ကြွဆုံး တက်ရောက်ကြတာ ကျမအကြိမ်ကြိမ်ကြုံခဲ့ရလို့ပါ။ အမေ့ရဲ့မွေးနေ့ပွဲတွေမှာ တက်ရောက်လာတဲ့ အလုပ်သမားဦးရေဟာလည်း တနှစ်ထက်တနှစ် တိုးသည်ထက်တိုးတိုးလာတာကို ကြည့်ယုံနဲ့တင် ခန့်မှန်းနိုင်ပါတယ်။

မွေးနေ့ရှင်အမေစုကို ဂုဏ်ပြုတဲ့ပွဲတွေကို ထိုင်းနိုင်ငံတွင်သာမက မလေးရှားရောက်အလုပ်သမားတွေကလည်း ဘယ် လောက် အခက်အခဲ အဖမ်းအဆီးတွေရှိနေပါစေ အတတ်နိုင်ဆုံး စုပေါင်းကုသိုလ်ပြုတဲ့ပွဲကို မဖြစ်ဖြစ်အောင်ပြုလုပ် တတ်ကြပါတယ်။
နိုင်ငံတကာမှာ အမေစုရဲ့မွေးနေ့ပွဲတွေကို ပြုလုပ်ကြတဲ့ မြန်မာပြည်သားတွေဟာ အခွင့်အလမ်းချင်း တနိုင်ငံနှင့် တနိုင်ငံ မတူကြပါဘူး။ မလေးရှားလို နိုင်ငံလိုမျိုး၊ ထိုင်းလိုနိုင်ငံလိုမျိုးတွေမှာက ဒုက္ခတွေပိုလို့ကြီးပါတယ်။ တနှစ်ကဆို အမေ့ရဲ့မွေးနေ့ပွဲကို တက်ရောက်လာကြတဲ့ မြန်မာပြည်သားတွေဟာ ပွဲပြီးလို့အခန်းထဲကအထွက် အောက်မှာအဆင်သင့် စောင့်ဆိုင်းနေတဲ့ မလေးရှားရဲတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံကြရတာပါ။

အဲဒီလို အဖမ်းခံရနိုင်တယ်လို့ ခန့်မှန်းမိကြပေမဲ့ အမေစုရဲ့မွေးနေ့ပွဲကို မကျင်းပဘဲ မနေနိုင်ကြပါဘူး။ အမေပေးဆပ် နေတာနှင့်စာရင် ကျမတို့ပေးဆပ်ရတယ်ဆိုတာ ဘာဟုတ်တော့လို့လဲဆိုတဲ့ အတွေးတွေနှင့်ပါ။

ဘယ်လိုအခက်အခဲကိုမဆို မြန်မာပြည်သားတွေက ကျော်လွှားဖြတ်သန်းလို့ အမေ့ကို ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။ အမေ့ရဲ့ အနှိုင်းမဲ့ မေတ္တာတွေကြောင့်လို့ဆိုရမှာပါ။

ကျမတို့လို ပြည်ပရောက်ဒုက္ခသည်တွေကတော့ အမေစုရဲ့မွေးနေ့ပွဲကို ပြည်တွင်းမှာ ဂုဏ်ပြုတက်ရောက်ဖို့ အခွင့်အလမ်း မရှိပေမဲ့ အမေ့ရဲ့မွေးနေ့ပွဲမှာ အမေက ရပ်ဝေးရပ်နီးက လူထုတွေကို နှုတ်ဆက်လာမယ့် အမေ့ရဲ့ ပီတိအပြုံးနဲ့ အမေ့ရဲခွန်းချွေစကားတွေကိုတော့ ကြားရမြင်ရမှာပါ။ ပြည်ပရောက် မြန်မာပြည်သားတွေအတွက် အမေ့အပြုံး အမေ့စကားတွေဟာ ခွန်အားတွေဖြစ်လို့နေမှာပါ။

(၅)

မနှစ်ကတော့ အမေစုရဲ့မွေးနေ့ပွဲကို ပြည်တွင်းမှာ NLD ပါတီဝင်တွေဦးဆောင်ပြီး သစ်ပင်စိုက်ပွဲတွေပြုလုပ်ကြပါတယ်။ သစ်တပင်ကောင်း ငှက်တသောင်းနားနေနိုင်တာမို့ အမေ့ရဲ့မေတ္တာ၊ ကရုဏာတွေကြောင့် ပြည်သူအထောင်အသောင်း အေးမြ ချမ်းသာရကြဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတယ်လို့ မှန်းဆမိပါတယ်။

ဒီနှစ်မှာတော့ ပိုင်ရှင်ရှိတဲ့မွေးနေ့ပွဲကို မြန်မာပြည်သားအားလုံး ပါဝင်ဆင်နွှဲခွင့်ရရှိမှာဖြစ်သလို အမေ့ရဲ့ မွေးနေ့ပွဲမှာ မင်္ဂလာ အပေါင်းနှင့် ပြီးပြည့်စုံပြီး နိုင်ငံရေးအဓိပါယ်လည်း တစုံတရာ ကြီးလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။

အမေရဲ့သတ္တိ၊အမေရဲ့ခွန်အားအပြည့်ပါတဲ့ မွေးနေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားဟာ မြန်မာပြည်သူ ပြည်သားတွေ အပါအ၀င် အဝေးရောက် ဒီမိုကရေစီလိုလားသူ ကျမတို့အားလုံးအတွက် ဖြန့်ဝေပေးလိုက်တဲ့ အဆုံးအဆမရှိတဲ့ အားသစ် အင်သစ် မျှော်လင့်ချက်အသစ်တွေ ဖြစ်မှာသေချာပါတယ်။

.....အမေဒေါ်အောင်ဆန်းစုကြည် ဒီထက်မက သက်ရှည်ကျန်းမာပြီး နိုင်ငံအကျိုး ဆထက်တိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သ လျှက် ...

**အင်ကြင်းမေ**
(၃-၆-၁၁)

--
Posted By မောင်ပါလ to မောင်ပါလ at 6/14/2011 05:09:00 PM
/span>

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)